Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန် ကျန်းမာရေး ဝန်ကြီးဌာနရဲ့ ဝန်ထမ်းအများအပြား အလုပ်ထုတ်ခံရ

အမေရိကန် အစိုးရရဲ့ ကျန်းမာရေး ဝန်ကြီးဌာနမှာ ဝန်ထမ်းတွေ အများအပြားကို အလုပ်ထုတ်ပယ်မှု အစီအစဉ် စတင်နေပြီ ဖြစ်ပါတယ်။

အမေရိကန် အစိုးရရဲ့ ကျန်းမာရေး ဝန်ကြီးဌာနမှာ ဝန်ထမ်းတွေ အများအပြားကို အလုပ်ထုတ်ပယ်မှု အစီအစဉ် စတင်နေပြီ ဖြစ်ပါတယ်။

ရာပေါင်းများစွာသော ဝန်ထမ်းတွေဟာ ဧပြီ ၁ ရက်နေ့မှာ သူတို့ရဲ့ အလုပ်အကိုင်နေရာ ဆုံးရှုံးသွားပြီဆိုတဲ့ အသိပေး အကြောင်းကြားမှုတွေကို လက်ခံ ရရှိခဲ့ပါတယ်။ အလုပ်ထုတ်ခံရတဲ့ ဝန်ထမ်းတွေဟာ သူတို့ရဲ့ အလုပ်ဌာန နေရာတွေဆီ ဝင်ရောက်ခွင့်ကနေလည်း တားမြစ် ခံခဲ့ရပါတယ်။

ကျန်းမာရေး ဝန်ကြီး ရောဘတ် အက်ဖ် ကနေဒီက ဝန်ကြီးဌာနရဲ့ ဝန်ထမ်း ၁၀၀၀၀ ကို လျှော့ချမှာဖြစ်ကြောင်း၊ ကိုယ်ပိုင် သဘောဆန္ဒနဲ့ ထွက်စာတင်ကြသူတွေပါ ပါမယ်ဆိုရင် လက်ရှိ ဝန်ထမ်းအင်အား ၈၀၀၀၀ ကျော်ကနေ ၆၀၀၀၀ လောက်သာ ကျန်တဲ့ထိ လျှော့ချနိုင်မှာ ဖြစ်တယ်လို့ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ပြောကြားထားပါတယ်။

ဧပြီ ၁ ရက်နေ့က အလုပ်ထုတ်ပယ် ခံရသူတွေထဲမှာ အစားအသောက်နဲ့ ဆေးဝါး လုံခြုံမှု စီမံကွပ်ကဲရေး ပညာရှင်တွေ၊ ရောဂါ တားဆီးတိုက်ဖျက်ရေးဆိုင်ရာ ကျွမ်းကျင်သူတွေပါ ပါဝင်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန်မှာ ဒေါ်နယ်လ်ထရမ့် သမ္မတ ဖြစ်လာကတည်းက အစိုးရ အသုံးစရိတ်ကို ထိထိရောက်ရောက် လျှော့ချမယ်လို့ ကြွေးကြော်ပြီး ဝန်ကြီးဌာန အများအပြားမှာ ဝန်ထမ်းအင်အား အလုံးအရင်း ဖြတ်တောက် လျှော့ချမှုကို အကောင်အထည် ဖော်စေခဲ့ပါတယ်။ အဲဒီ ရည်ရွယ်ချက်ကို ဦးဆောင်ဖို့ ထရမ့်ရဲ့ နိုင်ငံရေး မဟာမိတ် ဘီလီယံနာ သူဌေးကြီး အီလွန်မတ်စ်ခ်ကို အဓိက တာဝန်ပေးထားပါတယ်။

ကျန်းမာရေး ဝန်ကြီးဌာနက အလုပ်ထုတ်ပယ်တဲ့ ဝန်ထမ်းတွေထဲမှာ အစားအသောက်နဲ့ ဆေးဝါး ကွပ်ကဲမှုဌာန (FDA)ရဲ့ အချိန်ပြည့် ဝန်ထမ်း ၃၅၀၀၊ ရောဂါတားဆီး တိုက်ဖျက်ရေးဌာန (CDC)ရဲ့ ဝန်ထမ်း ၂၄၀၀ တို့ ပါဝင်ခဲ့ပြီး အမျိုးသား ကျန်းမာရေး အင်တီကျုရဲ့ ဝန်ထမ်း ၁၂၀၀ လည်း လျှော့ချခံ စာရင်းထဲ ပါသွားခဲ့ကြောင်း သိရပါတယ်။

CDC လက်အောက်ခံ သဘာဝ ပတ်ဝန်းကျင် ကျန်းမာရေး သိပ္ပံ ဌာနခွဲရဲ့ ပညာရှင် တစ်ဦးဖြစ်သူ ပရက်စ်တန် ဘတ်ထ်က သူရော၊ သူ့ဌာန တစ်ခုလုံးပါ လူလျှော့ခံရတဲ့ စာရင်းထဲ အကျုံးဝင်ခဲ့ကြောင်း ပြောပါတယ်။ အဲဒီ ဌာနခွဲဟာ ပြည်နယ် ၃၃ ခုမှာ ယူနစ်တွေ ဖြန့်ကျက်ထားပြီး ဝန်ထမ်းအင်အား ရာနဲ့ချီ ရှိပါတယ်။ ဌာနရဲ့ အဓိက တာဝန်က မာကျူရီနဲ့ ရေဒီယို သတ္တိကြွ အဆိပ်သင့်မှုလို ဖြစ်စဉ်တွေ ပေါ်ပေါက်လာရင် သဘာဝ ပတ်ဝန်းကျင်နဲ့ ဆက်စပ်တဲ့ ကျန်းမာရေး အချက်အလက်တွေ စုဆောင်း ကောက်ယူဖို့၊ ပြည်သူလူထုကို သတင်းအချက်အလက်တွေ ထောက်ပံ့ဖို့ ဖြစ်ပါတယ်။

အခုနေ မတော်တဆ ရေဒီယို သတ္တိကြွ ယိုစိမ့်မှု နျူကလီးယား ကပ်ဘေးတစ်ခု ပေါ်လာမယ်ဆိုရင် အမေရိကန် အစိုးရက ဘယ်လို ပညာရှင်တွေကို ခေါ်ယူမလဲဆိုတာ သိချင်မိတယ်လို့ ဘတ်ထ်က ပြောပါတယ်။

ကျန်းမာရေး ဝန်ကြီးဌာနဟာ ပြီးခဲ့တဲ့နှစ်က အသုံးစရိတ် ဒေါ်လာ ၁.၈ ထရီလီယံနဲ့ လည်ပတ်ခဲ့ပြီး CDC၊ FDAတို့ အပါအဝင် လက်အောက်ခံ ဌာန ၁၃ ခု ရှိနေတယ်လို့လည်း သိရပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်ကို တရုတ်သမ္မတ ရှီကျင့်ဖျင် လာရောက်လည်ပတ်တဲ့အခါ လေဆိပ်ထိ ဆင်းကြိုဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က စီစဉ်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဒိန်းမတ်ပိုင် ဂရင်းလန်ကျွန်းရဲ့ လုံခြုံရေးနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ ဒိန်းမတ် အစိုးရတို့ကြား ညှိနှိုင်း သဘောတူညီမှု ရရှိခဲ့ပြီလို့ အသီးသီး ကြေညာခဲ့ပါတယ်။

ဆောင်းပါး

စစ်အုပ်စုက နိုင်ငံတကာကအသိအမှတ်ပြုအောင် ကြိုးပမ်းနေချိန်မှာ အမေရိကန်မရိန်းတပ်သားဟောင်းတစ်ဦးကို လွှတ်ပေးဖို့ အမေရိကန်အရာရှိတွေမြန်မာကိုရှားရှားပါးပါး လာရောက်

နိုင်ငံတကာ

အရှေ့အလယ်ပိုင်း ဒေသကို တပ်တွေ စေလွှတ်မှာ မဟုတ်ကြောင်း တောင်ကိုရီးယား သမ္မတ လီဂျေမြောင်က အတည်ပြု ပြောကြားလိုက်ပါတယ်။