Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အီရန်-အမေရိကန် အဖွင့်ဆွေးနွေးမှု အပြုသဘော ဆောင်ခဲ့တယ်လို့ဆို

အီရန် နျူကလီးယား အရေးနဲ့ ပတ်သက်လို့ အမေရိကန်နဲ့ အီရန်အစိုးရကိုယ်စားလှယ်တွေကြားဆွေးနွေးမှု အဖွင့်ရလဒ်တွေကအပြုသဘော​ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ဧပြီ-၁၃၊၂၀၂၅။People’s Spring

အီရန် နျူကလီးယား အရေးနဲ့ ပတ်သက်လို့ အမေရိကန်နဲ့ အီရန်အစိုးရကိုယ်စားလှယ်တွေကြားဆွေးနွေးမှု အဖွင့်ရလဒ်တွေကအပြုသဘော​ဆောင်ခဲ့တယ်လို့ သိရပါတယ်။

အိုမန်နိုင်ငံမှာနှစ်ဖက် ကိုယ်စားလှယ်တွေ တွေ့ဆုံမှုဟာ အခုသီတင်းပတ်ကုန်မှာပြီးစီးခဲ့ပြီးလာမယ့် သီတင်းပတ်ထဲမှာ ဒုတိယအကျော့ ဆွေးနွေးမှုတွေ အစပြုသွားဖို့ သဘောတူခဲ့ကြပါတယ်။ အီရန်နိုင်ငံရဲ့ နျူကလီးယား နည်းပညာပိုင်းနဲ့ ပတ်

သက်လို့ ထိန်းသိမ်းစောင့်ကြည့်ဖို့ ရည်ရွယ်ထားတဲ့ အဲဒီ ဆွေးနွေးပွဲရဲ့ အဖွင့်ရလဒ်တွေဟာ အပြုသဘော ဆောင်ခဲ့တယ်လို့ နှစ်ဖက်စလုံးက ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန်ကအခုလိုတိုက်ရိုက်ကျတဲ့ ဆွေးနွေးမှုမျိုးဟာ နောက်ဆက်တွဲ ထိရောက်ကျယ်ပြန့်တဲ့ သဘောတူညီမှု တစ်ခု တည်ဆောက်ရေးအတွက် အရေးပါတဲ့ ခြေလှမ်းတစ်ခုလို့ ချီးကျူးခဲ့ပါတယ်။

အီရန် နျူကလီးယားထိန်းချုပ်ရေးသဘောတူညီချက်ကို အမေရိကန် သမ္မတဟောင်း ဘာရတ်အိုဘားမား လက်ထက်မှာ ညှိနှိုင်းသဘောတူညီမှု ရခဲ့ပြီးတခြားကမ္ဘာ့အင်အားကြီးနိုင်ငံတွေကလည်းဝိုင်းဝန်း အသိအမှတ်ပြု လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ဒါပေမဲ့ ထရမ့်ရဲ့ ပထမ သမ္မတသက်တမ်း အတောအတွင်းမှာတော့အမေရိကန်ဟာအဲဒီ သဘောတူညီမှုကနေ နုတ်ထွက်ခဲ့ပါတယ်။

နှစ်ဖက်အစိုးရ ကိုယ်စားလှယ်တွေရဲ့ပထမအကြိမ် တွေ့ဆုံမှုဟာ နှစ်နာရီခွဲလောက်သာ ကြာခဲ့ပြီး အနှစ်ချုပ် အကြောင်းအရာတွေကိုသာ ညှိနှိုင်းခဲ့ကြောင်း၊ နှစ်ဖက်ကြားမှာ လေးစားမှုအပြည့် ရှိခဲ့ကြောင်းအီရန်ရော၊အမေရိကန်ကပါပြောပါတယ်။

အစည်းအဝေးမတိုင်ခင်မှာထရမ့်ဟာတကယ်လို့ ဆွေးနွေးမှုတွေ အဆင်မချောခဲ့ဘူးဆိုရင် အီရန်ဟာ အမေရိကန်ရဲ့ ကြမ်းတမ်းတဲ့ အရေးယူမှုတွေ ကြုံလာနိုင်တယ် ဆိုတာမျိုး ခြိမ်းခြောက်ခဲ့ဖူးပေမယ့် အီရန် ကိုယ်စားလှယ် အဖွဲ့ကို ဦးဆောင်သူ နိုင်ငံခြားရေး ဝန်ကြီး အဘက်စ် အာရက်ဂ်ချီကတော့ အဖွင့်တွေ့ဆုံမှုဟာ အပေါင်းလက္ခဏာ ဆန်တယ်လို့ မှတ်ချက် ပေးသွားခဲ့ပါတယ်။

သူ့ရဲ့ စကားတွေအရ အမေရိကန် အစိုးရရဲ့ အရှေ့အလယ်ပိုင်း ဒေသဆိုင်ရာ အထူးကိုယ်စားလှယ် စတိဗ် ဝစ်ကော့ဖ် ဦးဆောင်တဲ့အမေရိကန် ကိုယ်စားလှယ် အဖွဲ့ဟာ ထရမ့်ပြောဆို ခြိမ်းခြောက်ထားတာတွေကို အခုဆွေးနွေးပွဲဆီ ယူဆောင်မလာခဲ့ဘူးလို့ ယူဆရပါတယ်။ ထရမ့်က ဆွေးနွေးပွဲသာ မအောင်မြင်ရင် အီရန်ဟာ သိပ်ကို အန္တရာယ် ကြီးသွားလိမ့်မယ်လို့ ပြောထားခဲ့ပါတယ်။

ဆွေးနွေးမှုမှာ နှစ်နိုင်ငံ ကိုယ်စားလှယ် အဖွဲ့တွေဟာ သီးခြားအခန်းတွေမှာ နေရာယူခဲ့ပြီး အိုမန် နိုင်ငံခြားရေး ဝန်ကြီး ဘာဒါဘင် ဟာမက် အယ်လ် ဘူဆိုင်ဒီက နှစ်ဖက်ကြားမှာ စကားအသွားအလာအတွက် တာဝန်ယူပေးခဲ့တာပါ။ဒါပေမဲ့အဲဒီနောက်မှာတော့ ဝစ်ကော့ဖ်နဲ့ အာရက်ဂ်ချီတို့ဟာ ဘူဆိုင်ဒီရဲ့ရှေ့မှာမိနစ်ပိုင်းလောက်လူချင်းတွေ့ပြီးစကားပြောဖြစ်ခဲ့ပါတယ်။

အဲဒီအကြောင်းအရာအသေးစိတ်ကိုမကြေညာပေမယ့် အမေရိကန်ကိုယ်စားလှယ်အဖွဲ့ကတော့သေးငယ်ပေမယ့် ထိရောက်ထင်ရှားတဲ့ အဖွင့်ခြေလှမ်းမျိုးလို့ ညွှန်းဆိုခဲ့ပါတယ်။ ပြီးတော့ အစည်းအဝေးမှာဓာတ်ပုံတွေလည်းမရိုက်ခဲ့ဘူးလို့သိရှိရပါတယ်။

အာဂါချီကတော့ အရေးအကြီးဆုံးအပြီးသတ် ရလဒ်ဟာ အားလုံး လက်ခံနိုင်မယ့် သဘောတူညီမှု တစ်ခုခု ထွက်ပေါ်လာစေဖို့ ဖြစ်တယ်လို့ မှတ်ချက်ပေးသွားခဲ့ပါတယ်။

ကိုးကား-The Guardian

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မူးယစ်မှောင်ခိုသမားတွေ အသုံးပြုနေတာလို့ စွပ်စွဲပြီး ရေယာဉ်တွေကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့ အမေရိကန်ရဲ့ လုပ်ရပ်ဟာ နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်ပြီး လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု မြောက်နိုင်ခြေရှိကြောင်း ကုလသမဂ္ဂ (UN) အစီရင်ခံစာ တစ်စောင်က သုံးသပ်ထားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ဟာ ဂရင်းလန်ကျွန်းမှာ နောက်ထပ် စစ်စခန်းနှစ်ခု ထပ်မံဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။

နိုင်ငံတကာ

နှစ်ပေါင်း ၇၀ လောက် အသုံးပြုခဲ့ပြီးဖြစ်တဲ့ B-52 Stratofortress ဗုံးကြဲလေယာဉ်ကြီးတွေကို အနည်းဆုံး ၂၀၅၀ ပြည့်လွန် နှစ်တွေထိ ဆက်လက် သုံးစွဲနေနိုင်မယ့် မွမ်းမံ အဆင့်မြှင့်တင်ရေး အစီအမံကို အမေရိကန် လေတပ်က စတင် အကောင်အထည် ဖော်နေပါတယ်။

နိုင်ငံတကာ

အိမ်ဖြူတော်နားမှာ ဆောက်လုပ်မယ့် အောင်ပွဲ အထိမ်းအမှတ် မုခ်ဦးကြီးဟာ စစ်အခြေစိုက် စခန်းတစ်ခု အဖြစ်ပါ အသုံးချနိုင်ဖို့ ရည်ရွယ်ပြီး မူလစီမံကိန်းကို နှစ်ဆချဲ့ထွင်လာနိုင်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

Facebook