Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန်က စစ်ရေးအရ ဖိအားပေးနေပေမယ့် ဟိုသီတွေရဲ့ စစ်ဆင်ရေးတွေကို ရပ်တန့်မှာ မဟုတ်ဘူးလို့ဆို

အမေရိကန်ရဲ့ စစ်ဆင်ရေးတွေမှာ ထိခိုက်သေကြေမှုနဲ့ အဆုံးအရှုံးတွေ မြင့်တက်လာတဲ့တိုင် အမေရိကန်ကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေကို လက်လျှော့မှာ မဟုတ်ကြောင်း ယီမင်အခြေစိုက် ဟိုသီ လက်နက်ကိုင် အဖွဲ့က ပြောကြားလိုက်ပါတယ်။

အမေရိကန်ရဲ့ စစ်ဆင်ရေးတွေမှာ ထိခိုက်သေကြေမှုနဲ့ အဆုံးအရှုံးတွေ မြင့်တက်လာတဲ့တိုင် အမေရိကန်ကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေကို လက်လျှော့မှာ မဟုတ်ကြောင်း ယီမင်အခြေစိုက် ဟိုသီ လက်နက်ကိုင် အဖွဲ့က ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ အသိအမှတ်ပြု ယီမင်အစိုးရကို ပုန်ကန်ပြီး ယီမင်နိုင်ငံရဲ့ အစိတ်အပိုင်း အများစုကို ထိန်းချုပ်ထားတဲ့ ဟိုသီတွေဟာ လက်ရှိမှာတော့ အမေရိကန်ရဲ့ ပြင်းထန်တဲ့ လေကြောင်း တိုက်ခိုက်မှုတွေကို ရင်ဆိုင် ကြုံတွေ့နေရပါတယ်။ ယီမင်ကမ်းလွန်မှာ ဖြတ်သန်း ခုတ်မောင်းနေတဲ့ အမေရိကန်နဲ့ မဟာမိတ် နိုင်ငံတွေရဲ့ စစ်ဘက်၊ အရပ်ဖက် သင်္ဘောတွေကို ရန်လို တိုက်ခိုက်မှုတွေ ဟိုသီတွေက မရပ်မချင်း အခုစစ်ဆင်ရေးကို ဆက်ပြီး ဆင်နွှဲနေမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားထားပါတယ်။

အမေရိကန် တိုက်လေယာဉ်တွေနဲ့ စစ်သင်္ဘောတွေဟာ ဟိုသီတွေရဲ့ စစ်ရေးနဲ့ စီးပွားရေး အရင်းအမြစ်တွေကို အဓိကထား တိုက်ခိုက်နေတာဖြစ်ပြီး ဧပြီ ၁၇ ရက်နေ့တုန်းက ယီမင်နိုင်ငံ အနောက်ပိုင်းမှာရှိတဲ့ ရေနံ အတင်အချလုပ်ရာ ဆိပ်ကမ်းတစ်ခုကို ဗုံးကြဲခဲ့ရာမှာတော့ လူပေါင်း ၇၄ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

အမေရိကန် စစ်ရေး ကွပ်ကဲမှု ဌာနကလည်း ရက်စ် အစ်ဆာ ဆိပ်ကမ်းကို ဦးတည် တိုက်ခိုက်ခဲ့ကြောင်း အတည်ပြုခဲ့ပြီး ရည်ရွယ်ချက်က ဟိုသီတွေဆီ စီးဝင်နေတဲ့ ငွေကြေးရင်းမြစ်တွေကို ဖြတ်တောက်ဖို့ ဖြစ်တယ်လို့ ပြောကြားသွားပါတယ်။

Public Service Announcement

Public Service Announcement

ဧပြီ ၁၈ ရက်နေ့မှာတော့ ဟိုသီတွေက သူတို့အနေနဲ့ အခုလို စစ်ရေးအရ ဖိအားပေးမှုတွေ ခံနေရတဲ့တိုင် အမေရိကန်နဲ့ အစ္စရေးတို့ကို ပစ်မှတ်ထားတဲ့ စစ်ဆင်ရေးတွေ ဆက်ပြီး လုပ်ဆောင်နေမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ဂါဇာကမ်းမြှောင် ဒေသမှာ အစ္စရးရဲ့ ကျူးကျော်မှု ပိတ်ဆို့မှုတွေဒဏ် ခံနေရတဲ့ ပါလက်စတိုင်း ပြည်သူတွေနဲ့အတူ ဆက်လက် ရပ်တည်ဖို့ ယီမင်နိုင်ငံနဲ့ ဟိုသီတို့က တွန့်ဆုတ်နေမှာ မဟုတ်ဘူးလို့ အဲဒီ ထုတ်ပြန်ချက်မှာ ဖော်ပြထားခဲ့ပါတယ်။

နောက်ပြီး ယီမင်နိုင်ငံထဲမှာ အမေရိကန်က ရန်လိုတိုက်ခိုက်မှုတွေ လုပ်နေတာဟာ ဟိုသီတွေဆီက ပိုပြီး ပြင်းထန်တဲ့ လက်တုံ့ပြန်မှုတွေကိုသာ ကြုံလာစေမှာ ဖြစ်တယ်လို့လည်း ဟိုသီ ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးက သတိပေးသွားပါတယ်။

ဟိုသီတွေဟာ ဧပြီ ၁၈ ရက်နေ့မှာ အမေရိကန်ရဲ့ MQ-9 Reaper ဒရုန်းတစ်စီးကိုလည်း ပစ်ချခဲ့ပါတယ်။ ဒါဟာ မတ်လ ၃ ရက်နေ့နောက်ပိုင်း ဟိုသီတွေ လက်ချက်ကြောင့် တစ်စီးကို ဒေါ်လာ သန်း ၃၀ လောက် တန်ဖိုးရှိတဲ့ ဒရုန်းတွေ ၆ ခုမြောက် ဆုံးရှုံးမှုလည်း ဖြစ်လာပါတယ်။ အမေရိကန်ရဲ့ လက်နက်တိုက်ထဲမှာ အဲဒီ နည်းပညာမြင့် ဒရုန်း အစီးရေ စုစုပေါင်း အစီး ၂၀၀ ဝန်းကျင်သာ ပိုင်ဆိုင်ထားတယ်လို့လည်း သိရပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ယီမင်နိုင်ငံ ကမ်းလွန်ပင်လယ်ပြင်မှာ အမျိုးအမည်မသိ စစ်လက်နက် တစ်မျိုးနဲ့ ပစ်ခတ်ခံရလို့ အိန္ဒိယအလံ လွှင့်ထူထားတဲ့ သင်္ဘောတစ်စီး နစ်မြုပ်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြား ပြန်ဖွင့်နိုင်ရေးအတွက် အီရန်နဲ့ သဘောတူညီမှု တစ်ခုကို ရက်ပိုင်းအတွင်း ရယူနိုင်ဖို့ အမေရိကန်က မျှော်လင့်နေကြောင်း သိရပါတယ်။

သတင်း

အီရန်နဲ့ ဆွေးနွေးမှု အသစ်တွေကို ဩဂုတ် ၃ ရက်နေ့မှာ နောက်တစ်ကျော့ ပြန်စနိုင်ဖို့ ရည်ရွယ်ထားကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။