Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန် လေယာဉ်တင် သင်္ဘောပေါ်က တိုက်လေယာဉ် ပင်လယ်ထဲ ပြုတ်ကျပြီး ဆုံးရှုံး

ဟိုသီတွေရဲ့ တိုက်ခိုက်မှုကို တိမ်းရှောင်ချိန်မှာ အမေရိကန် လေယာဉ်တင် သင်္ဘောပေါ်က တိုက်လေယာဉ်တစ်စီး ပင်လယ်ထဲ ပြုတ်ကျပြီး ဆုံးရှုံးသွားခဲ့ကြောင်း သိရပါတယ်။

ဟိုသီတွေရဲ့ တိုက်ခိုက်မှုကို တိမ်းရှောင်ချိန်မှာ အမေရိကန် လေယာဉ်တင် သင်္ဘောပေါ်က တိုက်လေယာဉ်တစ်စီး ပင်လယ်ထဲ ပြုတ်ကျပြီး ဆုံးရှုံးသွားခဲ့ကြောင်း သိရပါတယ်။

ဧပြီ ၂၈ ရက်က ဖြစ်စဉ်မှာ အမေရိကန် ရေတပ်သား တစ်စီးလည်း ဒဏ်ရာရခဲ့ပါတယ်။ ယီမင်နိုင်ငံ အခြေစိုက် ဟိုသီ တပ်ဖွဲ့တွေကို တိုက်ခိုက်နေတဲ့ စစ်ဆင်ရေးမှာ ပါဝင်နေတဲ့ အမေရိကန် လေယာဉ်တင် သင်္ဘောကြီး USS Harry S. Trumanမှာ ကြုံတွေ့ခဲ့တဲ့ ဖြစ်စဉ်အတွင်း F/A-18 Super Hornet တိုက်လေယာဉ်တွေကို ဆွဲယူရာမှာ အသုံးပြုတဲ့ ကရိန်းကားငယ်ပါ ပင်လယ်ထဲ ကျသွားခဲ့ပါတယ်။

F/A-18တွေဟာ တစ်စီးကို ဒေါ်လာ ၆၇ သန်းလောက် တန်ဖိုးရှိပြီး အမေရိကန် ရေတပ်ရဲ့ အဓိက အားအထားဆုံး တိုက်လေယာဉ် အမျိုးအစား တစ်ခုဖြစ်ပါတယ်။

F/A-18ဟာ လေယာဉ်တင် သင်္ဘော ကုန်းပတ်ပေါ်မှာပဲ ကရိန်းကားနဲ့ တွဲလျက် ရှိနေတဲ့အချိန် လေယာဉ်တင် သင်္ဘောရဲ့ ရုတ်တရက် ကွေ့ပတ် လမ်းကြောင်းပြောင်း ခုတ်မောင်းမှုကြောင့် လေယာဉ်ရော၊ ကရိန်းကားပါ ရေထဲ တွဲလျက် ပြုတ်ကျသွားခဲ့တာလို့ အမည်မဖော်လိုတဲ့ ရေတပ် အရာရှိ တစ်ယောက်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

လေယာဉ်တင် သင်္ဘောရော၊ တခြားလေယာဉ်တွေပါ အဲဒီနောက်ပိုင်းမှာ ပုံမှန် အခြေအနေ ရှိနေပြီး ဖြစ်စဉ်ကို စုံစမ်း စစ်ဆေးနေကြောင်း နောက်ပိုင်းမှာ ရေတပ်က ထုတ်ပြန်ခဲ့ပါတယ်။

USS Harry S. Truman အတွက်တော့ ၆ လအတွင်း ဒုတိယမြောက် F/A-18 တစ်စီးကို ဆုံးရှုံးရခြင်းလည်း ဖြစ်လာပါတယ်။ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းတုန်းကလည်း အခြံအရံ ခရူဇာ စစ်သင်္ဘောဖြစ်တဲ့ USS Gettysburgက မှားယွင်း ပစ်ချမှုကြောင့် F/A-18 တစ်စီး ပျက်ကျပြီး လေယာဉ်မှူး နှစ်ယောက်ကတော့ အသက်ရှင်ခဲ့ပါတယ်။

USS Harry S. Trumanဟာ ဟိုသီတွေကို တိုက်ခိုက်တဲ့ စစ်ဆင်ရေးတွေအတွက် အရှေ့အလယ်ပိုင်း ဒေသကို ရောက်ရှိနေတဲ့ အမေရိကန် လေယာဉ်တင် သင်္ဘောကြီး နှစ်စီးထဲက တစ်စီး ဖြစ်ပါတယ်။ ယီမင်ကမ်းလွန်မှာ ဖြတ်သန်းခုတ်မောင်းတဲ့ အရပ်ဖက် ရေယာဉ်တွေကို ဟိုသီတွေက လတွေနဲ့ချီ တိုက်ခိုက်နေတာကို အပြီးတိုင် ရပ်တန့်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ဟိုသီတွေကို လေကြောင်းကနေ ဗုံးကြဲဖို့ မတ်လ ၁၅ ရက်နေ့မှာ ညွှန်ကြားခဲ့ပါတယ်။

ပြီးတော့ ဟိုသီတွေရဲ့ တုံ့ပြန်မှုတွေကြောင့် အမေရိကန်ရဲ့ ခေတ်မီ စစ်လက်နက်တွေ ဆုံးရှုံးရတဲ့ အခြေအနေတွေလည်း ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်တွေထဲမှာတင် အီရန်ရဲ့ မဟာမိတ်ဖြစ်တဲ့ ဟိုသီတွေရဲ့ ပစ်ချမှုကြောင့် အမေရိကန်ရဲ့ ခေတ်မီ MQ-9 စစ်ဆင်ရေး ဒရုန်း ၇ စီးထိ ဆုံးရှုံးခဲ့ရပြီးပါပြီ။ နောက်ပြီး အောက်တိုဘာ နှစ်ကုန်ပိုင်းကစလို့ ပင်လယ်နီ ရေပြင်မှာ အရပ်ဖက် သင်္ဘောတွေကို တိုက်ခိုက်မှုတွေ စတင်လာတဲ့နောက်ပိုင်း ဟိုသီတွေဟာ အမေရိကန်ရဲ့ ထောက်လှမ်းရေး ဒရုန်း တစ်ဒါဇင်ကျော်ကိုလည်း ပစ်ချပြီးဖြစ်ကြောင်း သိရပါတယ်။

ကိုးကား: NDTV

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြား ပြန်ဖွင့်နိုင်ရေးအတွက် အီရန်နဲ့ သဘောတူညီမှု တစ်ခုကို ရက်ပိုင်းအတွင်း ရယူနိုင်ဖို့ အမေရိကန်က မျှော်လင့်နေကြောင်း သိရပါတယ်။

သတင်း

​နွေဦး​တော်လှန်​ရေးအတွက် စစ်​ရေးမှာ အ​ရေးကြီးဆုံးကာလကို​ရောက်​နေပြီဖြစ်ပြီး စစ်တပ်တိုက်​လေယာဥ်ပျက်ကျသတင်းမှာ​အောင်စိတ်အစစ်ဖြစ်ကာစစ်တပ်က လူထုအားတက်မှာကို မလိုလာ​ကြောင်း ၈၈ မျိုးဆက်​ခေါင်း​ဆောင် ဦးမင်းကိုနိုင်က​ပြောကြားပါတယ် ။

သတင်း

မှော်ဘီမြို့နယ်မှာစစ်တပ်ရဲ့ တိုက်လေယာဉ်တစ်စီး ပျက်ကျခဲ့တာဟာ ​လေ့ကျင့်​ရေးပျံသန်းစဥ် ပျက်ကျတာမဟုတ်ဘဲဗုံးကြဲဖို့ ပျံသန်းစဥ် ပျက်ကျခဲ့တာဖြစ်ပြီး​လေယာဥ်​​​ပေါ်ပါတဲ့ စစ်သား၂ ဦးထဲမှတစ်ဦး​သေဆုံးခဲ့တယ်လို့ စစ်တပ်နဲ့နီးစပ်တဲ့သတင်းရင်းမြစ်အချို့က​ပြောပါတယ်။

နိုင်ငံတကာ

ရုရှား ဒရုန်းတစ်စီး နယ်ကျော် ဝင်ရောက်လာလို့ ရိုမေးနီးယားက တိုက်လေယာဉ်တွေ စေလွှတ်ပြီး ပစ်ချခဲ့ကြောင်း သိရပါတယ်။