Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန် လေယာဉ်တင် သင်္ဘောပေါ်က တိုက်လေယာဉ် ပင်လယ်ထဲ ပြုတ်ကျပြီး ဆုံးရှုံး

ဟိုသီတွေရဲ့ တိုက်ခိုက်မှုကို တိမ်းရှောင်ချိန်မှာ အမေရိကန် လေယာဉ်တင် သင်္ဘောပေါ်က တိုက်လေယာဉ်တစ်စီး ပင်လယ်ထဲ ပြုတ်ကျပြီး ဆုံးရှုံးသွားခဲ့ကြောင်း သိရပါတယ်။

ဟိုသီတွေရဲ့ တိုက်ခိုက်မှုကို တိမ်းရှောင်ချိန်မှာ အမေရိကန် လေယာဉ်တင် သင်္ဘောပေါ်က တိုက်လေယာဉ်တစ်စီး ပင်လယ်ထဲ ပြုတ်ကျပြီး ဆုံးရှုံးသွားခဲ့ကြောင်း သိရပါတယ်။

ဧပြီ ၂၈ ရက်က ဖြစ်စဉ်မှာ အမေရိကန် ရေတပ်သား တစ်စီးလည်း ဒဏ်ရာရခဲ့ပါတယ်။ ယီမင်နိုင်ငံ အခြေစိုက် ဟိုသီ တပ်ဖွဲ့တွေကို တိုက်ခိုက်နေတဲ့ စစ်ဆင်ရေးမှာ ပါဝင်နေတဲ့ အမေရိကန် လေယာဉ်တင် သင်္ဘောကြီး USS Harry S. Trumanမှာ ကြုံတွေ့ခဲ့တဲ့ ဖြစ်စဉ်အတွင်း F/A-18 Super Hornet တိုက်လေယာဉ်တွေကို ဆွဲယူရာမှာ အသုံးပြုတဲ့ ကရိန်းကားငယ်ပါ ပင်လယ်ထဲ ကျသွားခဲ့ပါတယ်။

F/A-18တွေဟာ တစ်စီးကို ဒေါ်လာ ၆၇ သန်းလောက် တန်ဖိုးရှိပြီး အမေရိကန် ရေတပ်ရဲ့ အဓိက အားအထားဆုံး တိုက်လေယာဉ် အမျိုးအစား တစ်ခုဖြစ်ပါတယ်။

F/A-18ဟာ လေယာဉ်တင် သင်္ဘော ကုန်းပတ်ပေါ်မှာပဲ ကရိန်းကားနဲ့ တွဲလျက် ရှိနေတဲ့အချိန် လေယာဉ်တင် သင်္ဘောရဲ့ ရုတ်တရက် ကွေ့ပတ် လမ်းကြောင်းပြောင်း ခုတ်မောင်းမှုကြောင့် လေယာဉ်ရော၊ ကရိန်းကားပါ ရေထဲ တွဲလျက် ပြုတ်ကျသွားခဲ့တာလို့ အမည်မဖော်လိုတဲ့ ရေတပ် အရာရှိ တစ်ယောက်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

လေယာဉ်တင် သင်္ဘောရော၊ တခြားလေယာဉ်တွေပါ အဲဒီနောက်ပိုင်းမှာ ပုံမှန် အခြေအနေ ရှိနေပြီး ဖြစ်စဉ်ကို စုံစမ်း စစ်ဆေးနေကြောင်း နောက်ပိုင်းမှာ ရေတပ်က ထုတ်ပြန်ခဲ့ပါတယ်။

USS Harry S. Truman အတွက်တော့ ၆ လအတွင်း ဒုတိယမြောက် F/A-18 တစ်စီးကို ဆုံးရှုံးရခြင်းလည်း ဖြစ်လာပါတယ်။ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းတုန်းကလည်း အခြံအရံ ခရူဇာ စစ်သင်္ဘောဖြစ်တဲ့ USS Gettysburgက မှားယွင်း ပစ်ချမှုကြောင့် F/A-18 တစ်စီး ပျက်ကျပြီး လေယာဉ်မှူး နှစ်ယောက်ကတော့ အသက်ရှင်ခဲ့ပါတယ်။

USS Harry S. Trumanဟာ ဟိုသီတွေကို တိုက်ခိုက်တဲ့ စစ်ဆင်ရေးတွေအတွက် အရှေ့အလယ်ပိုင်း ဒေသကို ရောက်ရှိနေတဲ့ အမေရိကန် လေယာဉ်တင် သင်္ဘောကြီး နှစ်စီးထဲက တစ်စီး ဖြစ်ပါတယ်။ ယီမင်ကမ်းလွန်မှာ ဖြတ်သန်းခုတ်မောင်းတဲ့ အရပ်ဖက် ရေယာဉ်တွေကို ဟိုသီတွေက လတွေနဲ့ချီ တိုက်ခိုက်နေတာကို အပြီးတိုင် ရပ်တန့်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ဟိုသီတွေကို လေကြောင်းကနေ ဗုံးကြဲဖို့ မတ်လ ၁၅ ရက်နေ့မှာ ညွှန်ကြားခဲ့ပါတယ်။

ပြီးတော့ ဟိုသီတွေရဲ့ တုံ့ပြန်မှုတွေကြောင့် အမေရိကန်ရဲ့ ခေတ်မီ စစ်လက်နက်တွေ ဆုံးရှုံးရတဲ့ အခြေအနေတွေလည်း ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်တွေထဲမှာတင် အီရန်ရဲ့ မဟာမိတ်ဖြစ်တဲ့ ဟိုသီတွေရဲ့ ပစ်ချမှုကြောင့် အမေရိကန်ရဲ့ ခေတ်မီ MQ-9 စစ်ဆင်ရေး ဒရုန်း ၇ စီးထိ ဆုံးရှုံးခဲ့ရပြီးပါပြီ။ နောက်ပြီး အောက်တိုဘာ နှစ်ကုန်ပိုင်းကစလို့ ပင်လယ်နီ ရေပြင်မှာ အရပ်ဖက် သင်္ဘောတွေကို တိုက်ခိုက်မှုတွေ စတင်လာတဲ့နောက်ပိုင်း ဟိုသီတွေဟာ အမေရိကန်ရဲ့ ထောက်လှမ်းရေး ဒရုန်း တစ်ဒါဇင်ကျော်ကိုလည်း ပစ်ချပြီးဖြစ်ကြောင်း သိရပါတယ်။

ကိုးကား: NDTV

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်နဲ့ ရုရှား အစိုးရတွေကြား နက်နက်ရှိုင်းရှိုင်း ဆွေးနွေးမှုတွေ ရှိမလာသေးသ၍ ရုရှားနဲ့ ယူကရိန်းကြား စစ်ရပ်ဆိုင်းရေး ကိစ္စမှာ အခြေအနေတွေ တိုးတက်လာမယ်လို့ သူမထင်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။

နိုင်ငံတကာ

အီရန် နျူကလီးယား ထိန်းချုပ်ရေး သဘောတူညီချက် ရရှိဖို့ အရမ်း နီးနီးစပ်စပ် ဖြစ်လာပြီလို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီအနေနဲ့ အကြမ်းဖက်မှုတွေ ရပ်တန့်ပြီး ပဋိပက္ခအဆုံးသတ်ဖို့ အတိုက်အခံအဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ တမ်မီဘရုစ်က တိုက်တွန်းလိုက်ပါတယ်။

နိုင်ငံတကာ

အရှေ့အလယ်ပိုင်း ခရီးစဉ်အတွင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ဆော်ဒီအာရေးဘီးယားကို ဒေါ်လာ ၁၄၂ ဘီလီယံဖိုး စစ်လက်နက်တွေ ရောင်းချဖို့ သဘောတူ စာချုပ် ချုပ်ဆိုနိုင်ခဲ့ကြောင်း သိရပါတယ်။