Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အိန္ဒိယက တိုက်ခိုက်တော့မယ်ဆိုတဲ့ ထောက်လှမ်းရေး သတင်းတွေ ရထားကြောင်း ပါကစ္စတန် ဝန်ကြီးပြော

အိန္ဒိယက စစ်ရေးအရ စတင် တိုက်ခိုက်ဖို့ ပြင်ဆင်နေပြီဆိုတဲ့ ယုံကြည်ရလောက်တဲ့ ထောက်လှမ်းရေး သတင်းတွေ ရထားကြောင်း ပါကစ္စတန် ပြန်ကြားရေး ဝန်ကြီးက ပြောကြားခဲ့ပါတယ်။

Getty Images

အိန္ဒိယက စစ်ရေးအရ စတင် တိုက်ခိုက်ဖို့ ပြင်ဆင်နေပြီဆိုတဲ့ ယုံကြည်ရလောက်တဲ့ ထောက်လှမ်းရေး သတင်းတွေ ရထားကြောင်း ပါကစ္စတန် ပြန်ကြားရေး ဝန်ကြီးက ပြောကြားခဲ့ပါတယ်။

အိန္ဒိယဟာ ပါကစ္စတန် နယ်စပ်ကို အစောဆုံး ၂၄ နာရီကနေ ၃၆ နာရီအတွင်း တိုက်ခိုက်လာနိုင်ခြေ ရှိတယ်လို့ ပြန်ကြားရေးဝန်ကြီး အတ်တူလာ တာရားက ဧပြီ ၃၀ ရက်နေ့မှာ မှတ်ချက် ပေးခဲ့ပါတယ်။ အဲဒီ မတိုင်ခင်မှာ ပါကစ္စတန် ကာကွယ်ရေး ဝန်ကြီး ခါဝါဂျာ မူဟာမက် အာဆစ်ဖ်ကလည်း အိန္ဒိယဖက်က တိုက်ခိုက်ဖို့ ပြင်ဆင်နေပြီလို့ ယုံကြည်ရကြောင်း Reuters သတင်းဌာနဆီ ပြောခဲ့ဖူးပါတယ်။

ဒီအခြေအနေတွေဟာ အိန္ဒိယ ထိန်းချုပ်ထားရာ ကက်ရှ်မီးယား ဒေသမှာ ဧပြီ ၂၂ ရက်နေ့က ဖြစ်ပွားတဲ့ ပစ်ခတ်မှုအတွင်း အိန္ဒိယ ခရီးသွား ဧည့်သည် အများစု အပါအဝင် လူ ၂၆ ဦး သေဆုံးခဲ့မှုရဲ့ နောက်ဆက်တွဲအဖြစ် ကြုံတွေ့လာနေတာပါ။ ကက်ရှ်မီးယားရဲ့ အစိတ်အပိုင်း အများစုကို အိန္ဒိယက ထိန်းချုပ်ထားပြီး အဲဒီဒေသ တစ်ခုလုံး ပိုင်ဆိုင်ခွင့်အပေါ် အာရှတောင်ပိုင်း အိမ်နီးချင်း နှစ်နိုင်ငံကြား ကာလရှည်ကြာ အငြင်းပွားနေခဲ့ပါတယ်။

ပါဟယ်လ်ဂမ်မြို့နားမှာ ခရီးသွား ဧည့်သည်တွေကို သေနတ်သမား တစ်စုက ပစ်ခတ် သတ်ဖြတ်ခဲ့တဲ့ ဖြစ်စဉ်ရဲ့ နောက်ကွယ်မှာ ပါကစ္စတန် ပါဝင် ပတ်သက်နေတယ်လို့ အိန္ဒိယက စွပ်စွဲထားပြီး ပါကစ္စတန်ဖက်ကတော့ အတိအလင်း ငြင်းဆိုထားပါတယ်။

Public Service Announcement

Public Service Announcement

လောလောဆယ်မှာတော့ အိန္ဒိယဟာ အဲဒီကိစ္စကို အကြောင်းပြုပြီး ပါကစ္စတန်အပေါ် သံတမန်ရေးအရ အရေးယူမှုတွေ လုပ်ဆောင်ထားသလို စစ်ရေးအရပါ တိုက်ခိုက်လာနိုင်ခြေတွေကို စိုးရိမ်နေရတာ ဖြစ်ပါတယ်။

နျူကလီးယား လက်နက်ပိုင် အိမ်နီးချင်း ပြိုင်ဘက် နိုင်ငံတွေကြား တင်းမာမှုတွေ အမြင့်ဆုံးအဆင့် ရောက်နေချိန်မှာ တာရားက အိန္ဒိယဟာ မှားယွင်းတဲ့ အကြောင်းပြ စွပ်စွဲချက်တွေကို သုံးပြီး ပါကစ္စတန်ကို ရန်လိုနေတာ ဖြစ်ကြောင်း၊ တကယ်လို့ အိန္ဒိယက ပါကစ္စတန်ကို ထိပါး တိုက်ခိုက်လာမယ်ဆိုရင် သေချာပေါက် ထိရောက် သင့်တော်တဲ့ တုံ့ပြန်မှုတွေကို ကြုံရစေမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

အိန္ဒိယနဲ့ ပါကစ္စတန်တို့ဟာ သမိုင်းတလျှောက် စစ်ပွဲ ၄ ကြိမ်ဖြစ်ပွားပြီး ၃ ခုက ကက်ရှ်မီးယားဒေသနဲ့ တိုက်ရိုက် ဆက်နွှယ် ပတ်သက်နေပါတယ်။ ၂၀၁၉ ခုနှစ်တုန်းကလည်း အိန္ဒိယပိုင် ကက်ရှ်မီးယား ဒေသမှာ အရန်တပ်ဖွဲ့ဝင် ၄၀ လောက် သေဆုံးခဲ့တဲ့ ဖြစ်ရပ်အပြီး အိန္ဒိယက ပါကစ္စတန် ပိုင်နက်ထဲထိ နယ်စပ်ဖြတ်ကျော် ဗုံးကြဲမှုတွေ လုပ်ဆောင်ခဲ့ပြီး ပါကစ္စတန်ဖက်ကလည်း တုံ့ပြန်ခဲ့တာကြောင့် စစ်ပွဲကြီး အဆင့်ထိ မရောက်ပေမယ့် သွေးထွက်သံယို ပဋိပက္ခတွေ ပေါ်ပေါက်ခဲ့ပါတယ်။ အဲဒီ တိုက်ခိုက်မှုတွေအတွင်း ပါကစ္စတန် လေတပ်က ပစ်ချလို့ အိန္ဒိယရဲ့ တိုက်လေယာဉ် တစ်စီး ပျက်ကျခဲ့သလို မြေပြင်တပ်တွေကြားမှာလည်း ထိတွေ့ တိုက်ပွဲငယ်တွေ ဖြစ်ပွားခဲ့ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံကနေ ပျံသန်းတဲ့ ခရီးစဉ်အတွင်း အိန္ဒိယ လေကြောင်းပိုင် ခရီးသည်တင် လေယာဉ်တစ်စီးဟာ လေထုဖိအား မတည်ငြိမ်မှုနဲ့ လေစီးကြောင်း ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်တဲ့ လေလှိုင်းထန်မှု (turbulence)နဲ့ ကြုံတွေ့ခဲ့တာကြောင့် လူ ၁၇ ဦးလောက် ထိခိုက် ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ပါကစ္စတန် နိုင်ငံမှာ ဆန္ဒပြနေတဲ့ လူစုလူဝေးကို ပစ်မှတ်ထားတဲ့ အသေခံ ဗုံးခွဲမှုကြောင့် ၁၄ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ပါကစ္စတန် နိုင်ငံမှာ ကျောက်မီးသွေးတွင်း ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားပြီး မိုင်းလုပ်သား ၃၄ ဦးထက်မနည်း သေဆုံးသွားပါတယ်။

သတင်း

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းက အာသံပြည်နယ်မှာ ရေကြီးမှုတွေကြောင့် သေဆုံးသူ ၈၀ နီးပါးထိ ရှိလာကြောင်း သိရပါတယ်။