Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကက်ရှ်မီးယား တိုက်ခိုက်မှု ကျူးလွန်သူတွေ သေချာပေါက် တရားစီရင် ခံရမယ်လို့ အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးပြော

ကက်ရှ်မီးယား တိုက်ခိုက်မှု ကျူးလွန်ခဲ့သူတွေ၊ နောက်ကွယ်က ကြိုးကိုင်သူတွေ အားလုံးဟာ တရားစီရင်ခြင်း ခံရစေမယ်လို့ အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးက ပြောကြားလိုက်ပါတယ်။

Reuters

ကက်ရှ်မီးယား တိုက်ခိုက်မှု ကျူးလွန်ခဲ့သူတွေ၊ နောက်ကွယ်က ကြိုးကိုင်သူတွေ အားလုံးဟာ တရားစီရင်ခြင်း ခံရစေမယ်လို့ အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးက ပြောကြားလိုက်ပါတယ်။

ဧပြီ ၂၂ ရက်နေ့တုန်းက အိန္ဒိယ ထိန်းချုပ်ထားရာ ကက်ရှ်မီးယား ဒေသဖက်ခြမ်း တစ်နေရာမှာ သေနတ်သမားတွေရဲ့ တိုက်ခိုက်မှုကြောင့် အိန္ဒိယ ခရီးသွား ဧည့်သည် အများစု အပါအဝင် လူ ၂၆ ဦး သေဆုံးခဲ့တဲ့ ဖြစ်စဉ်ကို ဝန်ကြီး ဆူဘရာမန်ယမ် ဂျိုင်ရှန်ကာက ရည်ညွှန်းခဲ့တာ ဖြစ်ပါတယ်။

သဘာဝ ရှုမျှော်ခင်းတွေ သာယာလှပတဲ့ ပါဟယ်လ်ဂမ်မြို့နားက တိုက်ခိုက်မှုမှာ ကျယ်ပြောသာယာတဲ့ မြက်ခင်းပြင်ကြီးထဲ လူတွေ ရာနဲ့ချီ စုဝေးနေတဲ့အချိန် သေနတ်သမားတွေ ရောက်လာပြီး စတင် ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ အိန္ဒိယ အစိုးရက အဲဒီတိုက်ခိုက်မှုကို အကြမ်းဖက် လုပ်ရပ်လို့ ရှုတ်ချပြီး နောက်ကွယ်မှာ ပါကစ္စတန် အစိုးရ ပါဝင် ပတ်သက်နေတယ်လို့ စွပ်စွဲထားပေမယ့် ပါကစ္စတန်ကတော့ အတိအလင်း ငြင်းဆိုထားပါတယ်။

AFP

အဲဒီကိစ္စနောက်ပိုင်း အာရှတောင်ပိုင်းက နျူကလီးယား လက်နက်ပိုင် ပြိုင်ဘက် နှစ်နိုင်ငံကြားမှာ တင်းမာမှုတွေ သိသိသာသာ မြင့်တက်နေပါတယ်။ ပါကစ္စတန် အစိုးရ ဝန်ကြီးနှစ်ဦးက အိန္ဒိယဟာ ရက်ပိုင်းအတွင်း ပါကစ္စတန် နယ်စပ်ကို ဖြတ်ကျော် တိုက်ခိုက်မှုတွေ ရှိလာနိုင်တယ်လို့တောင် သတိပေးထားပါတယ်။

Public Service Announcement

Public Service Announcement

ဂျိုင်ရှန်ကာဟာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မာကို ရူဘီရိုနဲ့ ဆွေးနွေး ပြောဆိုခဲ့ပြီးတဲ့နောက် မေလ ၁ ရက်နေ့မှာတော့ အဲဒီတိုက်ခိုက်မှု ကျူးလွန်သူတွေကို အိန္ဒိယက သေချာပေါက် တရားမျှတမှု တောင်းဆိုမယ်လို့ ပြောကြားခဲ့ပါတယ်။ ကိုယ်ထိလက်ရောက် ကျူးလွန်သူတွေ၊ ထောက်ခံအားပေးသူတွေ၊ စီစဉ်သူတွေ အားလုံးဟာ တရားမျှတမှုအတွက် စီရင်ခံရစေမယ်လို့ သူက ဆိုပါတယ်။

အိန္ဒိယနဲ့ ပါကစ္စတန် တင်းမာမှုတွေ မြင့်တက်နေတဲ့ အခြေအနေမှာ ရူဘီရိုဟာ ပါကစ္စတန် ဝန်ကြီးချုပ် ရှာဘက်ဇ် ရှရစ်ဖ်နဲ့လည်း ဆက်သွယ် ဆွေးနွေးခဲ့ပါတယ်။ အမေရိကန် အစိုးရဟာ ကက်ရှ်မီးယား တိုက်ခိုက်မှုကို အကြမ်းဖက်မှုအဖြစ် ရှုတ်ချပြီး အိန္ဒိယနဲ့ ထပ်တူ ရပ်တည်ကြောင်း ကြေညာထားပေမယ့် ပါကစ္စတန်ကိုတော့ အခုကိစ္စအတွက် စွပ်စွဲတာမျိုး မလုပ်ခဲ့ပါဘူး။ ပြီးတော့ ရှိရင်းစွဲ ပြဿနာတွေကို အိန္ဒိယနဲ့ ပါကစ္စတန်တို့ကြား တာဝန်ယူမှုအပြည့်နဲ့ ဆွေးနွေး အဖြေရှာကြဖို့ အမေရိကန်က တိုက်တွန်းထားပါတယ်။

ဒီအတောအတွင်း အိန္ဒိယနဲ့ ပါကစ္စတန် စစ်သားတွေဟာ ကက်ရှ်မီးယားမှာရှိတဲ့ နယ်စပ်စည်းတလျှောက် အပြန်အလှန် ပစ်ခတ်မှုတွေ ၇ ညဆက်တိုက် ဖြစ်ပွားနေခဲ့တယ်လို့ သိရပါတယ်။ အဲဒီ ဖြစ်စဉ်တွေအတွင်း ထိခိုက်သေကြေမှု သတင်းမျိုးတော့ မကြားရပါဘူး။

ကက်ရှ်မီးယား ဒေသ ထိန်းချုပ်ပိုင်ခွင့်နဲ့ ပတ်သက်ပြီး အိန္ဒိယနဲ့ ပါကစ္စတန်တို့ကြား ဆယ်စုနှစ်တွေနဲ့ချီ အငြင်းပွားနေပြီး နှစ်ဖက်စလုံးက ကက်ရှ်မီးယားကို ပိုင်ဆိုင်ခွင့် ရှိတယ်လို့ အပြိုင်အဆိုင် အရေးဆိုထားပါတယ်။ နှစ်နိုင်ငံကြား စစ်ပွဲ ၄ ကြိမ် ဖြစ်ပွားခဲ့ရာမှာ ၃ ကြိမ်က ကက်ရှ်မီးယားနဲ့ တိုက်ရိုက် ဆက်စပ်နေပြီး လက်ရှိ အခြေအနေမှာတော့ ဒေသရဲ့ အစိတ်အပိုင်း အများစုကို အိန္ဒိယက ထိန်းချုပ်ထားပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံကနေ ပျံသန်းတဲ့ ခရီးစဉ်အတွင်း အိန္ဒိယ လေကြောင်းပိုင် ခရီးသည်တင် လေယာဉ်တစ်စီးဟာ လေထုဖိအား မတည်ငြိမ်မှုနဲ့ လေစီးကြောင်း ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်တဲ့ လေလှိုင်းထန်မှု (turbulence)နဲ့ ကြုံတွေ့ခဲ့တာကြောင့် လူ ၁၇ ဦးလောက် ထိခိုက် ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ပါကစ္စတန် နိုင်ငံမှာ ဆန္ဒပြနေတဲ့ လူစုလူဝေးကို ပစ်မှတ်ထားတဲ့ အသေခံ ဗုံးခွဲမှုကြောင့် ၁၄ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ပါကစ္စတန် နိုင်ငံမှာ ကျောက်မီးသွေးတွင်း ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားပြီး မိုင်းလုပ်သား ၃၄ ဦးထက်မနည်း သေဆုံးသွားပါတယ်။

သတင်း

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းက အာသံပြည်နယ်မှာ ရေကြီးမှုတွေကြောင့် သေဆုံးသူ ၈၀ နီးပါးထိ ရှိလာကြောင်း သိရပါတယ်။