Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အစွမ်းကုန် ထိန်းထိန်းသိမ်းသိမ်း ကိုင်တွယ်ကြဖို့ အိန္ဒိယနဲ့ ပါကစ္စတန်ကို ကုလသမဂ္ဂ အကြီးအကဲ တိုက်တွန်း

လက်ရှိ တင်းမာမှုတွေနဲ့ ပတ်သက်လို့ နှစ်ဖက်စလုံးက အစွမ်းကုန် ထိန်းထိန်းသိမ်းသိမ်း ကိုင်တွယ် တုံ့ပြန်ပေးကြဖို့ ကုလသမဂ္ဂ အကြီးအကဲက ပါကစ္စတန်နဲ့ အိန္ဒိယတို့ကို တိုက်တွန်း တောင်းဆိုခဲ့ပါတယ်။

Reuters

လက်ရှိ တင်းမာမှုတွေနဲ့ ပတ်သက်လို့ နှစ်ဖက်စလုံးက အစွမ်းကုန် ထိန်းထိန်းသိမ်းသိမ်း ကိုင်တွယ် တုံ့ပြန်ပေးကြဖို့ ကုလသမဂ္ဂ အကြီးအကဲက ပါကစ္စတန်နဲ့ အိန္ဒိယတို့ကို တိုက်တွန်း တောင်းဆိုခဲ့ပါတယ်။

ဧပြီ ၂၂ ရက်နေ့တုန်းက အိန္ဒိယ ထိန်းချုပ်ထားရာ ကက်ရှ်မီးယား ဒေသမှာ လက်နက်ကိုင် အဖွဲ့အစည်း တစ်ခုရဲ့ ပစ်ခတ်မှုကြောင့် အိန္ဒိယ ခရီးသွားဧည့်သည် ၂၅ ဦးနဲ့ နီပေါနိုင်ငံသားတစ်ဦး သေဆုံးခဲ့တဲ့ ဖြစ်စဉ်အပြီး အာရှတောင်ပိုင်းက နျူကလီးယား လက်နက်ပိုင် အိမ်နီးချင်း နှစ်နိုင်ငံကြား ဆက်ဆံရေးဟာ သိသိသာသာ တင်းမာလာခဲ့ပါတယ်။

အဲဒီတိုက်ခိုက်မှုရဲ့ နောက်ကွယ်မှာ ပါကစ္စတန်က ပါဝင်ပတ်သက်နေတယ်လို့ အိန္ဒိယ အစိုးရက စွပ်စွဲထားပြီး ပါကစ္စတန်ဖက်ကတော့ အတိအလင်း ငြင်းဆိုထားပါတယ်။ နောက်ပိုင်းမှာတော့ နှစ်နိုင်ငံကြား သံတမန်ရေးရာ ပွတ်တိုက်မှုတွေ ဖြစ်ခဲ့သလို နယ်စပ်မှာလည်း အပြန်အလှန် ပစ်ခတ်မှု အနည်းအကျဉ်း ရှိခဲ့ပါတယ်။

လက်ရှိ အချိန်ထိ နှစ်နိုင်ငံကြားမှာ ကြီးမားကျယ်ပြန့်တဲ့ စစ်ရေးပဋိပက္ခမျိုး ဖြစ်မလာသေးပေမယ့် အခြေအနေတွေက အရမ်း တင်းမာ ဆူပွက်နေတာကြောင့် ပြဿနာကို ထိန်းထိန်းသိမ်းသိမ်း ကိုင်တွယ်ကြဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီ ဂူတာရက်စ်က တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဂူတာရက်စ်က ဧပြီ ၂၂ ရက်နေ့က ပါဟယ်လ်ဂမ်မြို့မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုကို အကြမ်းဖက် လုပ်ရပ်အဖြစ် ထပ်လောင်း ရှုတ်ချခဲ့ပြီး ကျူးလွန်သူတွေကို ဥပဒေကြောင်းအရ ထိထိရောက်ရောက် အရေးယူ အပြစ်ပေးရမယ်လို့ ပြောပါတယ်။

တစ်ဖက်မှာတော့ သက်ဆိုင်ရာ နိုင်ငံအသီးသီးဟာ ထိန်းချုပ်လို့ မရတော့လောက်အောင် ရှုပ်ထွေးသွားနိုင်တဲ့ စစ်ရေး ပဋိပက္ခတစ်ခု ပေါ်ပေါက်မလာအောင် အစွမ်းကုန် ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ဖို့ လိုနေတယ်လို့ ဂူတာရက်စ်က ဆိုပါတယ်။ သူက ပြန်ပြင်လို့ မရတော့တဲ့ အခြေအနေထိ ရောက်မသွားခင် အိန္ဒိယရော၊ ပါကစ္စတန်ပါ ခြေတစ်လှမ်း ပြန်ဆုတ်ကြဖို့လည်း တိုက်တွန်းသွားပါတယ်။

ကုလသမဂ္ဂအပြင် အမေရိကန် အစိုးရနဲ့ နိုင်ငံတကာ အသိုက်အဝန်းကလည်း အိန္ဒိယနဲ့ ပါကစ္စတန်ကြား နှစ်ဖက် တင်းမာမှုတွေကို လျှော့ချဖို့ သက်ဆိုင်ရာ အစိုးရ အသီးသီးကို တောင်းဆိုနေကြပါတယ်။

အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီက အိန္ဒိယ စစ်တပ်ဟာ အခုလို ရန်လိုတိုက်ခိုက်ခံရမှုမျိုးအတွက် လွတ်လပ်စွာ လက်တုံ့ပြန်ပိုင်ခွင့် ရှိတယ်လို့ ပြောကြားထားပြီး ပါကစ္စတန်ကလည်း နိုင်ငံပိုင်နက်ကို ထိပါးကျူးကျော်မှုတွေ ရှိလာမယ်ဆိုရင် ငြိမ်ခံနေမှာ မဟုတ်ဘူးလို့ သတိပေးထားပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံကနေ ပျံသန်းတဲ့ ခရီးစဉ်အတွင်း အိန္ဒိယ လေကြောင်းပိုင် ခရီးသည်တင် လေယာဉ်တစ်စီးဟာ လေထုဖိအား မတည်ငြိမ်မှုနဲ့ လေစီးကြောင်း ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်တဲ့ လေလှိုင်းထန်မှု (turbulence)နဲ့ ကြုံတွေ့ခဲ့တာကြောင့် လူ ၁၇ ဦးလောက် ထိခိုက် ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ပါကစ္စတန် နိုင်ငံမှာ ဆန္ဒပြနေတဲ့ လူစုလူဝေးကို ပစ်မှတ်ထားတဲ့ အသေခံ ဗုံးခွဲမှုကြောင့် ၁၄ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ပါကစ္စတန် နိုင်ငံမှာ ကျောက်မီးသွေးတွင်း ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားပြီး မိုင်းလုပ်သား ၃၄ ဦးထက်မနည်း သေဆုံးသွားပါတယ်။

သတင်း

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းက အာသံပြည်နယ်မှာ ရေကြီးမှုတွေကြောင့် သေဆုံးသူ ၈၀ နီးပါးထိ ရှိလာကြောင်း သိရပါတယ်။