Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အိန္ဒိယရဲ့ တိုက်ခိုက်မှုကို စစ်ကြေညာတဲ့ လုပ်ရပ်လို ယူဆကြောင်း ပါကစ္စတန် ဝန်ကြီးချုပ်ပြော

အိန္ဒိယနဲ့ နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုတွေဟာ စစ်ကြေညာလိုက်တဲ့ လုပ်ရပ်အဖြစ် ယူဆကြောင်း ပါကစ္စတန် ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။

AP

အိန္ဒိယနဲ့ နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုတွေဟာ စစ်ကြေညာလိုက်တဲ့ လုပ်ရပ်အဖြစ် ယူဆကြောင်း ပါကစ္စတန် ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။

ကက်ရှ်မီးယား ဒေသရဲ့ အိန္ဒိယ ထိန်းချုပ်ထားရာ ဒေသမှာ ဧပြီလ ၂၂ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုကြောင့် လူ ၂၆ ဦး သေဆုံးခဲ့တဲ့ ဖြစ်ရပ်နောက်ပိုင်း ဆက်ဆံရေး အတင်းမာဆုံး ဖြစ်နေတဲ့ နှစ်နိုင်ငံကြားက လက်နက်ကိုင် ပဋိပက္ခကြီးဟာ မေလ ၇ ရက် မနက်ပိုင်းမှာ အစပြုလာခဲ့ပါတယ်။ အိန္ဒိယဟာ ပါကစ္စတန် ထိန်းချုပ်ရာ ကက်ရှ်မီးယား အစိတ်အပိုင်းတွေနဲ့ ပါကစ္စတန်ရဲ့ ပန်ဂျပ်ပြည်နယ်တွေမှာ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပြီး ပါကစ္စတန်ကလည်း အိန္ဒိယဖက်ခြမ်းကို လက်နက်ကြီးတွေနဲ့ တုံပြန် ပစ်ခတ်ခဲ့ပါတယ်။

ပါကစ္စတန် ဝန်ကြီးချုပ် ရှာဘက်ဇ် ရှရစ်ဖ်က အိန္ဒိယရဲ့ စတင် တိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း ကြေညာခဲ့ပါတယ်။ ပါကစ္စတန်ရဲ့ မြိုတွေနဲ့ ကက်ရှ်မီးယား ဒေသကို သူရဲဘောကြောင်စွာ တိုက်ခိုက်ခဲ့တဲ့ အိန္ဒိယရဲ့ လုပ်ရပ်ဟာ စစ်ကြေညာမှုလို ယူဆနိုင်ပြီး ပါကစ္စတန်ဖက်ကလည်း သင့်လျော်သလို စီမံတုံပြန်သွားမယ်လို ရှရစ်ဖ်က ပြောကြားသွားပါတယ်။

ရန်လိုတိုက်ခိုက်လာမှုတွေကို ဘယ်လို လက်စားချေရမလဲ ဆိုတာကို ပါကစ္စတန် နိုင်ငံနဲ့ ပါကစ္စတန် ပြည်သူတွေက ကောင်းကောင်း သဘောပေါက်ထားကြောင်း၊ ရန်သူရဲ့ ဆိုးယုတ်တဲ့ ရည်ရွယ်ချက်တွေကို ဘယ်တော့မှ အထမြောက်စေခွင့် ပြုမှာမဟုတ်ကြောင်း ရှရစ်ဖ်က သူ့ရဲ့ ကြေညာချက်ထဲမှာ ထည့်သွင်း ဖော်ပြထားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အစောပိုင်းမှာ အိန္ဒိယ စစ်တပ်က ပါကစ္စတန် ပိုင်နက်နဲ့ ပါကစ္စတန် ထိန်းချုပ်ရာ ကက်ရှ်မီးယား ဒေသထဲက စစ်ရေးပစ်မှတ် ၉ ခုကို ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

ပါကစ္စတန် စစ်တပ်က အိန္ဒိယ လေပိုင်နက်ဖက်က ပစ်ခတ်ခဲ့တဲ့ ဒုံးကျည်တွေဟာ ဘာဟာပေါ်လ်ပူရ၊ မူရစ်ဒ်ခီ၊ ဘားဂ်၊ မူဇက်ဖာဘတ်နဲ့ ကော့တ်လီမြိုတွေကို ထိမှန်ခဲ့တယ်လို ကြေညာထားပါတယ်။

အိန္ဒိယနဲ့ နယ်စပ်ထိစပ်ရာ ပါကစ္စတန်ပိုင် ပန်ဂျပ်ပြည်နယ်ထဲမှာတော့ လေကြောင်း တိုက်ခိုက်မှုတွေ ကြုံအပြီး အရေးပေါ် အခြေအနေ ထုတ်ပြန်ထားလိုက်ပြီး ကျောင်းတွေအားလုံးကို ပိတ်ထားဖိုလည်း ညွှန်ကြားထားကြောင်း သိရပါတယ်။

ကိုးကား: Anadolu Agency

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ် တိုက်လေယာဉ်တွေ ဝယ်ယူဖို့ ဘင်္ဂလားဒေ့ရှ်က ကမ်းလှမ်းထားတဲ့အပေါ် အိန္ဒိယက စိုးရိမ်တကြီး စောင့်ကြည့် လေ့လာနေကြောင်း သိရပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

နိုင်ငံတကာ

အိန္ဒိယ နိုင်ငံမှာ ဉာဏ်ရည်တု နည်းပညာ (AI)ကို လေ့ကျင့်ပေးတဲ့ အလုပ်က ပိုမိုကျယ်ပြန့်လာနေပါတယ်။ နောင်တစ်ချိန်မှာ AIဟာ သူတို့ရဲ့ အလုပ်နေရာတွေကို အစားထိုး ယူသွားမလား ဆိုတာကို စိုးရိမ်မှုတွေ ရှိနေပေမယ့်လည်း AI လေ့ကျင့်ရေး ဝန်ထမ်းတွေကတော့ အဲဒီ နည်းပညာသစ်ကို နည်းလမ်းမျိုးစုံနဲ့ လေ့ကျင့်...

နိုင်ငံတကာ

အိန္ဒိယ နိုင်ငံသားတွေပါတဲ့ ရေနံတင် သင်္ဘောကို အမေရိကန်က တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးဌာနဟာ အမေရိကန် သံအရာရှိကို ဆင့်ခေါ်ပြီး ကန့်ကွက်ခဲ့ပါတယ်။