Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထရမ့်နဲ့ပူတင် မတွေ့မချင်း ရုရှား-ယူကရိန်း စစ်ရပ်စဲရေးကိစ္စ တိုးတက်ဖို့ ခက်မယ်လို့ အမေရိကန်ပြော

အမေရိကန်နဲ့ ရုရှား အစိုးရတွေကြား နက်နက်ရှိုင်းရှိုင်း ဆွေးနွေးမှုတွေ ရှိမလာသေးသ၍ ရုရှားနဲ့ ယူကရိန်းကြား စစ်ရပ်ဆိုင်းရေး ကိစ္စမှာ အခြေအနေတွေ တိုးတက်လာမယ်လို့ သူမထင်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။

Reuters

အမေရိကန်နဲ့ ရုရှား အစိုးရတွေကြား နက်နက်ရှိုင်းရှိုင်း ဆွေးနွေးမှုတွေ ရှိမလာသေးသ၍ ရုရှားနဲ့ ယူကရိန်းကြား စစ်ရပ်ဆိုင်းရေး ကိစ္စမှာ အခြေအနေတွေ တိုးတက်လာမယ်လို့ သူမထင်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။

ဝန်ကြီး မာကို ရူဘီရိုက တူရကီနိုင်ငံမှာ ရုရှားနဲ့ ယူကရိန်း ကိုယ်စားလှယ် အဖွဲ့နှစ်ခု တွေ့ဆုံကြမယ့် ကိစ္စမှာ ကြီးကြီးမားမား ထင်သာမြင်သာ တိုးတက်မှုမျိုး ရှိလာမယ်လို့ ယူဆမထားကြောင်း ဆိုပါတယ်။ ဒီအကြောင်းအရာအပေါ် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်နဲ့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်တို့ တိုက်ရိုက် တိတိကျကျ မဆွေးနွေးမချင်း ထင်ရှားမြင်သာတဲ့ ဖောက်ထွက်မှုမျိုးတော့ ဖြစ်မလာနိုင်ဘူးလို့ ရူဘီရိုက ဆိုပါတယ်။

သူဟာ တူရကီ တောင်ပိုင်းမှာ NATO စစ်မဟာမိတ် အဖွဲ့ဝင် နိုင်ငံတွေရဲ့ နိုင်ငံခြားရေး ဝန်ကြီးတွေနဲ့ တွေ့ဆုံ ဆွေးနွေးမှု အပြီးမှာ အခုလို မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။

ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက တူရကီမှာ ဆွေးနွေးဖို့အတွက် ကိုယ်စားလှယ်အဖွဲ့ စေလွှတ်မယ် ဆိုတာကို အတည်ပြုခဲ့ပေမယ့် ရုရှားဖက်က အဆင့်နိမ့် သံအဖွဲ့သာ စေလွှတ်တယ်ဆိုပြီး ဝေဖန် ပြစ်တင်ခဲ့ပါတယ်။ ဒါပေမဲ့ ရုရှား ကိုယ်စားလှယ် အဖွဲ့ကို ဦးဆောင်သူ သမ္မတ အကြံပေး အရာရှိ ဗလာဒီမာ မီဒင်စကီးက သူ့ရဲ့အဖွဲ့ဟာ လိုအပ်တဲ့ စံနှုန်း၊ အဆင့်အတန်းအားလုံး ပြည့်ပြည့်ဝဝ ရှိနေတယ်လို့ ပြောပါတယ်။

Public Service Announcement

Public Service Announcement

ရုရှားနဲ့ ယူကရိန်းကြားက ၃ နှစ်ကျော် ကြာမြင့်လာပြီဖြစ်တဲ့ စစ်ပွဲကို ရပ်ဆိုင်းဖို့ ထရမ့်ရဲ့ အစိုးရက နှစ်ဖက်စလုံးကို အပြင်းအထန် ဖိအားပေးနေပါတယ်။ လတ်တလောမှာ အရှေ့အလယ်ပိုင်း ဒေသကို ရောက်ရှိနေတဲ့ ထရမ့် ကိုယ်တိုင်ကလည်း သူနဲ့ ပူတင် လူချင်း မတွေ့မချင်း စစ်ပွဲရပ်ဆိုင်းရေး အားထုတ်မှုတွေရဲ့ အလားအလာက အရမ်း အားမကောင်းနိုင်သေးဘူးလို့ မှတ်ချက်ပေးခဲ့ဖူးပါတယ်။

သူက တူရကီမှာ ယူကရိန်းနဲ့ တွေ့ဆုံဖို့ ရုရှားအစိုးရက စေလွှတ်တဲ့ ကိုယ်စားလှယ် အဖွဲ့မှာ ရာထူးကြီး အရာရှိတွေ ပါဝင်မလာတာကို စိတ်ပျက်ကြောင်း ဆိုပါတယ်။ အခုအတိုင်းဆိုရင် သူနဲ့ ပူတင် မတွေ့ဖြစ်မချင်း ဘာမှ လောက်လောက်လားလား ဖြစ်မြောက်လာမယ် မထင်ကြောင်း ထရမ့်က သမ္မတ စီးတော်လေယာဉ် Air Force Oneပေါ်မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

ရုရှားနဲ့ ယူကရိန်း ကိုယ်စားလှယ် အဖွဲ့ဟာ မေလ ၁၆ ရက်နေ့မှာ တူရကီနိုင်ငံရဲ့ အကြီးဆုံးမြို့ဖြစ်တဲ့ အစ္စတန်ဘူလ်မှာ ဆွေးနွေးမှုတွေ စတင်ဖွယ် ရှိပါတယ်။ လက်ရှိ အချိန်ထိတော့ ဆွေးနွေးပွဲ အချိန်ဇယားကို အတိအကျ မထုတ်ပြန်သေးပါဘူး။ ၂၀၂၂ ခုနှစ်နောက်ပိုင်း ရုရှားနဲ့ ယူကရိန်း ကိုယ်စားလှယ် အဖွဲ့တွေ ပထမဆုံးအကြိမ် တွေ့ဆုံမယ့် အစီအစဉ်ကို အမေရိကန်နဲ့ တူရကီ အစိုးရ ကိုယ်စားလှယ်တွေလည်း တက်ရောက်ကြမှာပါ။

ဇီလန်စကီးကတော့ ဆွေးနွေးပွဲကို အဆင့်နိမ့် ကိုယ်စားလှယ် အဖွဲ့သာ စေလွှတ်တဲ့ ပူတင်ရဲ့ လုပ်ရပ်ဟာ အိမ်ရှင် တူရကီနိုင်ငံ သမ္မတ ရာဂျစ်တာယစ် အာဒိုဝမ်ကိုရော၊ ထရမ့်ကိုပါ လေးစားမှု ကင်းမဲ့ခြင်း ဖြစ်တယ်လို့ စွပ်စွဲထားပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

သမ္မတ ဒေါ်နယ်လ်ထရမ့် ပိုင်ဆိုင်တဲ့ ဂေါက်ကွင်းနားမှာ လက်နက်ကိုင်ပြီး မသင်္ကာစရာ လှုပ်ရှားနေသူ တစ်ဦးကို ဖမ်းဆီးထားကြောင်း အမေရိကန် အာဏာပိုင်တွေက အတည်ပြုခဲ့ပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြား ပြန်ဖွင့်နိုင်ရေးအတွက် အီရန်နဲ့ သဘောတူညီမှု တစ်ခုကို ရက်ပိုင်းအတွင်း ရယူနိုင်ဖို့ အမေရိကန်က မျှော်လင့်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ယူကရိန်းက ဟင်းသီးဟင်းရွက်ရောင်းတဲ့ အရပ်သား စျေးသည်တစ်ယောက်ကို ရုရှား ထောက်လှမ်းရေး ဒရုန်းက အပျော်တမ်း အမဲလိုက်သလို ပုံစံမျိုးနဲ့ တိုက်ခိုက်ခဲ့တဲ့အပေါ် ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အပြင်းအထန် ရှုတ်ချခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်ဟာ ဦးခေါင်းပိုင်းကို ဖြတ်တောက်ခံရမယ့် အခြေအနေကို ရှောင်လွှဲဖို့ နောက်ဆုံးတစ်ကြိမ်ပဲ အခွင့်အရေး ရတော့မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သတိပေး ပြောကြားလိုက်ပါတယ်။