Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကျောင်းသားဗီဇာအတွက် အင်တာဗျူးအားလုံး ဆိုင်းငံ့ထားဖို့ သံရုံးတွေကို အမေရိကန် အစိုးရ ညွှန်ကြားထား

ကျောင်းသားဗီဇာ လက်ခံဖို့ အင်တာဗျူးနေတဲ့ အစီအစဉ်တွေကို အမေရိကန် သံရုံးအားလုံး ဆိုင်းငံ့ထားကြဖို့ အစိုးရက ညွှန်ကြားလိုက်ပါတယ်။

Reuters

ကျောင်းသားဗီဇာ လက်ခံဖို့ အင်တာဗျူးနေတဲ့ အစီအစဉ်တွေကို အမေရိကန် သံရုံးအားလုံး ဆိုင်းငံ့ထားကြဖို့ အစိုးရက ညွှန်ကြားလိုက်ပါတယ်။

သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အမေရိကန် အစိုးရက မေလ ၂၇ ရက်နေ့မှာ အမေရိကန် သံရုံး အားလုံးဆီ ပေးပို့လိုက်တဲ့ ညွှန်ကြားချက်ဟာ ချက်ချင်း အသက်ဝင်မယ်လို့ ဆိုပါတယ်။ အစိုးရရဲ့ အမိန့်ကြောင့် သံရုံးတွေဟာ နိုင်ငံခြား ကျောင်းသားတွေကို လက်ခံဖို့ အင်တာဗျူး ခေါ်ယူတွေ့ဆုံမယ့် ကိစ္စတိုင်းကို ရပ်ဆိုင်းထားရမှာ ဖြစ်ပါတယ်။

ကျောင်းသားဗီဇာတွေ၊ နှစ်နိုင်ငံ ပညာရေး ဖလှယ်မှုဆိုင်ရာ သဘောတူညီချက်နဲ့ ခေါ်ယူတဲ့ ဧည့်ကျောင်းသားဗီဇာတွေအတွက် အင်တာဗျူးမယ့် အစီအစဉ်တွေကို နောက်ထပ် ညွှန်ကြားချက်အသစ် ထွက်ပေါ်မလာမချင်း ဆိုင်းငံ့ထားရမယ်လို့ သံရုံးတွေဆီ အမိန့်ရောက်လာခဲ့တာပါ။

အဲဒီ တားမြစ်ချက်ဟာ ဗီဇာ လုပ်ငန်းစဉ်တွေကို အကြီးအကျယ် အနှောင့်အယှက် ဖြစ်စေသလို ဝင်ငွေအတွက် နိုင်ငံတကာ ကျောင်းသားတွေအပေါ် ကြီးကြီးမားမား မှီခိုနေတဲ့ အမေရိကန် တက္ကသိုလ်တွေကိုလည်း အထိနာစေမှာ ဖြစ်ပါတယ်။ ထရမ့်က အမေရိကန် တက္ကသိုလ်ကြီး အများအပြားဟာ လက်ဝဲယိမ်း ဝါဒတွေ ဖြန့်ဝေနေတယ်လို့ စွပ်စွဲထားပါတယ်။

Public Service Announcement

Public Service Announcement

ဒီကိစ္စဟာ ထရမ့်ရဲ့ အစိုးရနဲ့ အမေရိကန်ရဲ့ သက်တမ်းအရင့်ဆုံး၊ ဘဏ္ဍာရေးအင်အား အတောင့်တင်းဆုံး ပညာရေးဌာနဖြစ်တဲ့ ဟားဗက်တက္ကသိုလ်တို့ကြား တင်းမာမှုတွေ မြင့်တက်နေချိန်မှာ ပေါ်ပေါက်လာတာပါ။

နောက်ပြီး အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပေးပို့တဲ့ ညွှန်ကြားချက်ထဲမှာတော့ ကျောင်းသားဗီဇာ လျှောက်ထားမှုတွေကို ပိုပြီး အသေးစိတ် စစ်ဆေးမှုတွေ လုပ်ဆောင်စေမယ် ဆိုတာကို ပါရှိပြီး လျှောက်ထားသူတွေက လူမှုကွန်ရက် မီဒီယာပေါ်မှာ ဘယ်လို အကြောင်းအရာတွေ ဝေမျှထားသလဲ ဆိုတာတွေကိုပါ စောင့်ကြည့် စစ်ဆေးတာတွေ လုပ်ဆောင်သွားစေမယ်လို့ ဖော်ပြထားပါတယ်။

ကျောင်းသားဗီဇာ လျှောက်ထားသူတွေရဲ့ Instagram၊ Xနဲ့ TikTok အကောင့်တွေမှာ မျှဝေထားတဲ့ အကြောင်းအရာတွေကို စောင့်ကြည့် စစ်ဆေးပြီး အမေရိကန်ရဲ့ အမျိုးသား လုံခြုံရေးကို ထိခိုက်စေနိုင်သလား ဆိုတာကို စိစစ်သွားမယ်လို့လည်း ဆိုပါတယ်။ ဒီအစီအစဉ်ဟာ ဂျူးမုန်းတီးရေး ဝါဒကို တိုက်ဖျက်ဖို့ အင်တိုက်အားတိုက် ကြိုးစားမယ်လို့ ကြွေးကြော်ထားတဲ့ ထရမ့်အစိုးရရဲ့ ရည်မှန်းချက် တစ်စိတ်တစ်ပိုင်းလို့လည်း ဆိုနိုင်ပါတယ်။

၂၀၂၃ ကနေ ၂၀၂၄ ခုနှစ်အတွင်း စာရင်းတွေအရ အမေရိကန်မှာ နိုင်ငံခြားကျောင်းသား ၁ သန်းကျော် ရှိနေခဲ့ပြီး နိုင်ငံ စီးပွားရေးအတွက် ဒေါ်လာ ၄၄ ဘီလီယံနီးပါး ဝင်ငွေ ရရှိစေခဲ့သလို အလုပ်နေရာ ၃၇၈၀၀၀ ကျော်အတွက် အထောက်အပံ့ ဖြစ်စေခဲ့ပါတယ်။

ကိုးကား: Guardian

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ် သမ္မတ ရှီကျင့်ဖျင်ကို ကြိုဆိုဖို့ အမေရိကန် စစ်တပ် အရာရှိတွေက ပြာပြာသလဲ ကော်ဇောနီ ခင်းနေတဲ့ ဗီဒီယို တစ်ခုဟာ အမေရိကန်က လူမှုကွန်ရက် သုံးစွဲသူတွေကြားမှာ အတော်လေး ဝေဖန်စရာ ဖြစ်နေပါတယ်။

နိုင်ငံတကာ

ဝါရှင်တန်ဒီစီကို ရောက်ရှိလာတဲ့ တရုတ် သမ္မတ ရှီကျင့်ဖျင်ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က လေဆိပ်ထိ ဆင်းပြီး ကြိုဆိုခဲ့ပါတယ်။

သတင်း

အမေရိကန်နဲ့ဆက်ဆံရေးပြန်လည်တည်ဆောက်ချင်တယ်လို့ အာဏာ သိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ကြိုတင် ကြေညာထားတဲ့အတိုင်း ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ တက်ရောက်ရင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ဒိန်းမတ်၊ ဂရင်းလန် အစိုးရတွေနဲ့အတူ ဂရင်းလန် လုံခြုံရေး သဘောတူညီမှုကို လက်မှတ် ရေးထိုးခဲ့ပါတယ်။

Facebook