Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အီရန်ကို အမေရိကန်ရဲ့ အင်အားသုံးမှုအပေါ် အထူးစိုးရိမ်ကြောင်း ကုလသမဂ္ဂ အကြီးအကဲပြော

အီရန်ရဲ့ နျူကလီးယားဆိုင်ရာ အဆောက်အအုံတွေကို အမေရိကန်က ဗုံးကြဲခဲ့တဲ့ လုပ်ရပ်နဲ့ ပတ်သက်ပြီး အထူးစိုးရိမ်မိကြောင်း ကုလသမဂ္ဂ အကြီးအကဲက ပြောကြားခဲ့ပါတယ်။

UN

အီရန်ရဲ့ နျူကလီးယားဆိုင်ရာ အဆောက်အအုံတွေကို အမေရိကန်က ဗုံးကြဲခဲ့တဲ့ လုပ်ရပ်နဲ့ ပတ်သက်ပြီး အထူးစိုးရိမ်မိကြောင်း ကုလသမဂ္ဂ အကြီးအကဲက ပြောကြားခဲ့ပါတယ်။

အစ္စရေး-အီရန် ပဋိပက္ခမှာ အမေရိကန်က တိုက်ရိုက် ပါဝင်လာမှုဟာ ရှိရင်းစွဲ တင်းမာမှုတွေကို အန္တရာယ် အရမ်းကြီးတဲ့ အားပေး မြှင့်တင်ပေးမှုမျိုး ဖြစ်သွားစေပြီး ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအတွက် တိုက်ရိုက် ခြိမ်းခြောက်ရာ ရောက်လာနိုင်တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ဝေဖန်သွားပါတယ်။

အီရန်အပေါ် အမေရိကန်က အင်အားသုံးခဲ့တာနဲ့ ပတ်သက်လို့ အကြီးအကျယ် ထိတ်လန့် စိုးရိမ်မှုတယ်လို့ ဂူတာရက်စ်က ကုလသမဂ္ဂရဲ့ တရားဝင် ဝက်ဘ်ဆိုက်ကနေ ပြောကြားခဲ့ပါတယ်။ အရှေ့အလယ်ပိုင်း ဒေသမှာ အခြေအနေတွေက စိုးရိမ်စရာ ကောင်းလောက်အောင် ရှုပ်ထွေး တင်းမာနေခဲ့ရာက အခုလုပ်ရပ်ကြောင့် နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို တိုက်ရိုက် ခြိမ်းခြောက်လာတော့မယ်လို့ ဂူတာရက်စ်က ဆိုပါတယ်။

နောက်ဆက်တွဲအဖြစ် အခြေအနေတွေဟာ ထိန်းသိမ်း ကိုင်တွယ်လို့ မရတော့လောက်အောင် ရှုပ်ထွေးတဲ့ အကျိုးဆက်တွေ ဖြစ်လာနိုင်တယ်လို့လည်း သူက သတိပေးခဲ့ပါတယ်။ အဲဒီ အကျိုးဆက်ကို ဒေသတွင်းနဲ့ တစ်ကမ္ဘာလုံးက ပြည်သူတွေ သက်ရောက် ခံစားရနိုင်ကြောင်းလည်း သူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဂူတာရက်စ်က ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံအားလုံးဟာ ကုလသမဂ္ဂ ကြေညာစာတမ်းနဲ့ နိုင်ငံတကာ ဥပဒေတွေကို လေးစားလိုက်နာပါ့မယ်လို့ ကြေညာထားတဲ့ ကတိကဝတ်နဲ့အညီ ကိုယ့်ရဲ့ လုပ်ဆောင်ချက်တွေကို တာဝန်ခံဖို့ လိုတယ်လို့လည်း သတိပေးခဲ့ပါတယ်။

သူက ကုလသမဂ္ဂရဲ့ ကာလရှည်ကြာ ထိန်းသိမ်းခဲ့တဲ့ အခြေခံမူကို ဆက်လက် ဆုပ်ကိုင်ရင်း ပဋိပက္ခတွေမှာ စစ်ရေးအရ အဖြေရှာလို့ မရကြောင်း၊ အဲဒီအစား သံတမန်ရေးအရ ညှိနှိုင်းမှု လမ်းကြောင်းတွေနဲ့သာ ချဉ်းကပ်သင့်ပြီး ငြိမ်းချမ်းရေး တစ်ခုတည်းကိုသာ ဦးတည် မျှော်လင့်သင့်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က B-2 မဟာဗျူဟာ ဗုံးကြဲလေယာဉ်ကြီးတွေကို အသုံးပြုပြီး အီရန်ရဲ့ နျူကလီးယား သုတေသနစခန်း ၃ ခုကို ဗုံးကြဲဖျက်ဆီးခဲ့ကြောင်း အတည်ပြု ကြေညာပြီး နာရီပိုင်း အကြာမှာ ဂူတာရက်စ်ဆီက အခုလို သဘောထား ထုတ်ပြန်ချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ကိုးကား: UN

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်ကို တရုတ်သမ္မတ ရှီကျင့်ဖျင် လာရောက်လည်ပတ်တဲ့အခါ လေဆိပ်ထိ ဆင်းကြိုဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က စီစဉ်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဒိန်းမတ်ပိုင် ဂရင်းလန်ကျွန်းရဲ့ လုံခြုံရေးနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ ဒိန်းမတ် အစိုးရတို့ကြား ညှိနှိုင်း သဘောတူညီမှု ရရှိခဲ့ပြီလို့ အသီးသီး ကြေညာခဲ့ပါတယ်။

ဆောင်းပါး

စစ်အုပ်စုက နိုင်ငံတကာကအသိအမှတ်ပြုအောင် ကြိုးပမ်းနေချိန်မှာ အမေရိကန်မရိန်းတပ်သားဟောင်းတစ်ဦးကို လွှတ်ပေးဖို့ အမေရိကန်အရာရှိတွေမြန်မာကိုရှားရှားပါးပါး လာရောက်

နိုင်ငံတကာ

အရှေ့အလယ်ပိုင်း ဒေသကို တပ်တွေ စေလွှတ်မှာ မဟုတ်ကြောင်း တောင်ကိုရီးယား သမ္မတ လီဂျေမြောင်က အတည်ပြု ပြောကြားလိုက်ပါတယ်။