Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဗီယက်နမ်နဲ့ ကုန်သွယ်အခွန် ညှိနှိုင်းမှု သဘောတူညီနိုင်ခဲ့ကြောင်း ထရမ့်ကြေညာ

သွင်းကုန်အခွန် စည်းကြပ်ရေးကိစ္စ ဗီယက်နမ်နဲ့ ဆွေးနွေးမှုတွေ သဘောတူညီမှု ရရှိခဲ့ပြီလို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ကြေညာခဲ့ပါတယ်။

Reuters

သွင်းကုန်အခွန် စည်းကြပ်ရေးကိစ္စ ဗီယက်နမ်နဲ့ ဆွေးနွေးမှုတွေ သဘောတူညီမှု ရရှိခဲ့ပြီလို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ကြေညာခဲ့ပါတယ်။

အဲဒီ သဘောတူညီမှုအရ အမေရိကန်ဟာ ဗီယက်နမ်ဆီက တင်သွင်းလာတဲ့ ကုန်စည်တွေကို တန်ဖိုးရဲ့ ၂၀ ရာခိုင်နှုန်း အခွန်စည်းကြပ် ကောက်ယူသွားမယ်လို့ သိရပါတယ်။ ဒါဟာ မူလက အရှေ့တောင်အာရှ ဒေသတွင်း နိုင်ငံအပေါ် သွင်းကုန်အခွန် ၄၆ ရာခိုင်နှုန်း တိုးကောက်ဖို့ ထရမ့်က စီစဉ်ထားတာနဲ့ ယှဉ်ရင် ထက်ဝက်ကျော်လောက် လျှော့ချလိုက်တဲ့ သဘောလည်း ဖြစ်ပါတယ်။

ဗီယက်နမ် အပါအဝင် ကုန်သွယ်ဖက် နိုင်ငံတွေကို မတူညီတဲ့ သွင်းကုန်အခွန် နှုန်းထားတွေ စည်းကြပ်မယ့် အကြောင်းကို ထရမ့်က ဧပြီလမှာ ကြေညာခဲ့ပါတယ်။ နောက်တော့ စတော့စျေးကွက်ထဲမှာ စိုးရိမ်ကြောင့်ကြမှုတွေ ကြီးထွားလာတဲ့အတွက် ထရမ့်က အခွန်စည်းကြပ်မှုတွေကို ၃ လလောက် ဆိုင်းငံ့ထားပြီး အဲဒီ အတောအတွင်း အမေရိကန်နဲ့ ကုန်သွယ်ဖက် နိုင်ငံတွေကြား ဆွေးနွေးမှုတွေကို လမ်းဖွင့်ပေးထားမယ်လို့ ပြောခဲ့ပြန်ပါတယ်။

အပြီးသတ် ရရှိခဲ့တဲ့ သဘောတူညီချက်အရ အမေရိကန်ဆီက ပို့ကုန်တွေအပေါ် ဗီယက်နမ်က အခွန်စည်းကြပ် ကောက်ယူမှာ မဟုတ်ဘဲ အမေရိကန်ကသာ ဗီယက်နမ်ရဲ့ ကုန်စည်တွေကို အခွန်ကောက်ယူသွားမှာဖြစ်ကြောင်း ထရမ့်က လူမှုကွန်ရက် မီဒီယာမှာ ရေးသားထားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

လုပ်ထုံးလုပ်နည်းအရ အဲဒီ သွင်းကုန် အခွန်တွေကို ကုန်စည် ထုတ်လုပ်တဲ့ ကုမ္ပဏီက ပေးချေတာမျိုး မဟုတ်ဘဲ လက်လွှဲဝယ်ယူတဲ့ နိုင်ငံက ပေးချေရလေ့ ရှိပါတယ်။ ထရမ့်က သွင်းကုန်အခွန်တွေ တိုးမြှင့်ပြီး စည်းကြပ်တဲ့ ရည်ရွယ်ချက်ဟာ အမေရိကန်ရဲ့ ကုန်သွယ်ရေး လိုငွေပြမှုကို လျှော့ချဖို့နဲ့ ပြည်တွင်း ထုတ်ကုန် ပမာဏကို အားပေး မြှင့်တင်ဖို့ ဖြစ်တယ်လို့ ကြုံးဝါးထားပါတယ်။

အမေရိကန်က သွင်းကုန် အခွန် စည်းကြပ်မှုတွေကို မြှင့်တင်လိုက်တဲ့အခါ အမေရိကန်ဆီ ပို့ဆောင်လာတဲ့ ကုန်စည်တွေက သုံးစွဲသူတွေ လက်ထဲ ရောက်သွားတဲ့အချိန်မှာ စျေးပိုကြီးသွားပါတယ်။ ဒါကြောင့် အဲဒီ ကုန်စည်တွေကို ထုတ်လုပ်တဲ့ ပြည်ပ ကုမ္ပဏီတွေက အမေရိကန်မှာ သူတို့ရဲ့ ကုန်စည်တွေအပေါ် ဝယ်လိုအား ကျဆင်းသွားမှာ စိုးရိမ်နေကြပါတယ်။ ထရမ့်ကတော့ အဲဒီ လစ်ဟာချက်ကို ကာမိစေဖို့ အမေရိကန်က ပြည်တွင်း ကုန်ထုတ်လုပ်မှုနှုန်းကို မြှင့်တင်ရမှာဖြစ်ပြီး အမေရိကန် စက်မှုလုပ်ငန်းတွေကို အကျိုးကျေးဇူး ဖြစ်ထွန်းစေလိမ့်မယ်လို့ ပြောပါတယ်။

ထရမ့်က အမေရိကန်ဟာ ဗီယက်နမ်က ထုတ်ကုန်တွေကို တန်ဖိုးရဲ့ အခွန် ၂၀ ရာခိုင်နှုန်းသာ စည်းကြပ်မှာ ဖြစ်ပေမယ့် ဗီယက်နမ်ကို ဖြတ်သန်းပြီး အမေရိကန်ဆီ ရောက်ရှိလာတဲ့ တခြားနိုင်ငံတွေရဲ့ ကုန်စည်တွေကိုတော့ ပိုမိုများပြားတဲ့ အခွန် ၄၀ ရာခိုင်နှုန်း စည်းကြပ်မယ်လို့လည်း ဆိုပါတယ်။ ထရမ့်ရဲ့ ကုန်သွယ်ရေးနဲ့ ကုန်ထုတ်မှု မူဝါဒဆိုင်ရာ အကြီးတန်း အကြံပေး အရာရှိ ပက်ထရို နာဗာရိုက အမေရိကန်ဆီ ဆိုက်ရောက်လာတဲ့ ဗီယက်နမ် ကုန်စည်အားလုံးရဲ့ သုံးပုံတစ်ပုံဟာ တကယ်တမ်းကျတော့ တရုတ်မှာ ထုတ်လုပ်တာတွေလို့ ပြောကြားခဲ့ပါတယ်။

ထရမ့်က ဗီယက်နမ်ဟာ ဘယ်တုန်းကမှ မလုပ်ဖူးတဲ့ အခြေအနေ တစ်ခုအဖြစ် သူတို့ရဲ့ စျေးကွက်ကို အမေရိကန်ဆီ အပြည့်အဝ ဖွင့်လှစ်ပေးလိုက်ကြောင်း၊ အဓိပ္ပါယ်က အမေရိကန်ရဲ့ ကုန်စည်တွေကို ဗီယက်နမ်မှာ သွင်းကုန်အခွန် တစ်ပြားမှ မကောက်ဘဲ တင်ပို့ ရောင်းချခွင့် ပြုလိုက်တာဖြစ်ကြောင်း လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

ဗီယက်နမ်ဟာ ကုန်ထုတ်လုပ်ရေးနဲ့ အဓိက စီးပွားတက်နေတဲ့ နိုင်ငံတစ်ခုဖြစ်ပြီး Nike၊ Apple၊ Gap၊ Lululemonစတဲ့ ကမ္ဘာကျော် အမှတ်တံဆိပ်ကြီး အများအပြားရဲ့ လုပ်ငန်းခွဲတွေလည်း အခြေစိုက်ပါတယ်။ အမေရိကန်နဲ့ ကုန်သွယ်ခွန်ကိစ္စ သဘောတူညီမှု ရရှိသွားတဲ့ သတင်းကြောင့် ဗီယက်နမ်ရဲ့ ကုန်ထုတ်လုပ်ငန်းတွေရဲ့ ရှယ်ယာတန်ဖိုးက မြင့်တက်သွားခဲ့ပေမယ့် အခွန် ၂၀ ရာခိုင်နှုန်း စည်းကြပ်မယ့်အကြောင်း ထွက်ပေါ်လာချိန်မှာ အဲဒီတန်ဖိုးတွေက နည်းနည်းပြန်ပြီး ကျရိပ်ပြခဲ့တယ်လို့ သိရပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြား ပြန်ဖွင့်နိုင်ရေးအတွက် အီရန်နဲ့ သဘောတူညီမှု တစ်ခုကို ရက်ပိုင်းအတွင်း ရယူနိုင်ဖို့ အမေရိကန်က မျှော်လင့်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

အီရန်ဟာ ဦးခေါင်းပိုင်းကို ဖြတ်တောက်ခံရမယ့် အခြေအနေကို ရှောင်လွှဲဖို့ နောက်ဆုံးတစ်ကြိမ်ပဲ အခွင့်အရေး ရတော့မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သတိပေး ပြောကြားလိုက်ပါတယ်။

သတင်း

အီရန်နဲ့ ဆွေးနွေးမှု အသစ်တွေကို ဩဂုတ် ၃ ရက်နေ့မှာ နောက်တစ်ကျော့ ပြန်စနိုင်ဖို့ ရည်ရွယ်ထားကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။