Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဘာလီကျွန်းမှာ ကူးတို့ရေယာဉ် နစ်မြုပ်ပြီး ၄ ဦးသေ၊ ၄၀ နီးပါး ပျောက်ဆုံးနေ

အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းမှာ ကူးတို့ရေယာဉ်တစ်စီး နစ်မြုပ်ရာက အနည်းဆုံး ၄ ဦးသေဆုံးပြီး ၄၀ နီးပါး ပျောက်ဆုံးနေပါတယ်။

Indonesian National Search and Rescue Agency

အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းမှာ ကူးတို့ရေယာဉ်တစ်စီး နစ်မြုပ်ရာက အနည်းဆုံး ၄ ဦးသေဆုံးပြီး ၄၀ နီးပါး ပျောက်ဆုံးနေပါတယ်။

အပန်းဖြေ ကမ်းခြေတွေ ပေါများတဲ့ ဘာလီကျွန်းနားမှာ ဇူလိုင် ၂ ရက် သန်းခေါင်မတိုင်ခင် အချိန်တုန်းက ရေယာဉ်နစ်မြုပ်မှု ဖြစ်ခဲ့တာပါ။ ကယ်ဆယ်ရေး အဖွဲ့တွေကတော့ ကူးတို့ရေယာဉ်ပေါ် ပါသွားသူတွေထဲက ၂၃ ဦးကို အသက်ရှင်လျက် ရှာတွေ့ထားပြီးပြီလို့ ပြောပါတယ်။

ရေယာဉ်ပေါ်မှာ စုစုပေါင်း လူ ၆၅ ဦး လိုက်ပါသွားခဲ့တဲ့အနက် ၄ ဦးရဲ့ အလောင်းကို ရှာတွေ့ထားပြီး ကျန်တဲ့ ၃၈ ယောက်က ပျောက်ဆုံးနေဆဲပါ။ ရေယာဉ်ဟာ အရှေ့ဂျာဗားကနေ ဘာလီကျွန်းဆီ ဦးတည် ခုတ်မောင်းနေရင်း နစ်မြုပ်ခဲ့တာ ဖြစ်ပါတယ်။

၂၃ ယောက်ကို ကယ်ဆယ်ရရှိထားပြီး ၄ ယောက်ကတော့ သေဆုံးသွားပြီလို့ အရှေ့ဂျာဗား ပြည်နယ် ရဲတပ်ဖွဲ့ အကြီးအကဲ ဘန်ယူဝမ်ယီက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဆောဒီအာရေးဘီးယား နိုင်ငံကို ရောက်ရှိနေတဲ့ အင်ဒိုနီးရှား သမ္မတ ပရာဘိုဝို ဆူဘီယန်တိုက အရေးပေါ် ကယ်ဆယ်ရေး လုပ်ငန်းတွေ အပူတပြင်း ဆောင်ရွက်ဖို့ သက်ဆိုင်ရာ အာဏာပိုင်တွေကို ညွှန်ကြားခဲ့ပါတယ်။

ရေယာဉ်ဘာကြောင့် နစ်မြုပ်ခဲ့သလဲ ဆိုတာကို တိတိကျကျ မသိရသေးပါဘူး။ အသက်ရှင် လွတ်မြောက်လာသူတွေထဲက အနည်းဆုံး ၄ ဦးဟာ ကူးတို့ရေယာဉ်ပေါ်မှာ ပါလာတဲ့ အသက်ကယ် လှေထဲမှာ ရှိနေခဲ့တာ ဖြစ်ပါတယ်။

အရှေ့တောင်အာရှ ဒေသတွင်းက ကျွန်းစုအများအပြားနဲ့ ဖွဲ့စည်းထားရာ အင်ဒိုနီးရှားမှာ ကူးသန်းသွားလာရေးအတွက် သင်္ဘောတွေကို အဓိက အားကိုးနေရပေမယ့် ရေကြောင်း မတော်တဆမှုတွေလည်း မကြာခဏ ဖြစ်ပွားနေဆဲပါ။ အဓိက အကြောင်းရင်းတွေအဖြစ် လုံခြုံရေးဆိုင်ရာ စည်းမျဉ်းတွေကို မလိုက်နာတာ၊ ရေယာဉ်တွေရဲ့ ကြံ့ခိုင်မှုကို ထိန်းသိမ်းမှု အားနည်းတာ၊ ရာသီဥတု ဆိုးရွားတာတွေကြောင့် ဖြစ်ပါတယ်။

မတ်လတုန်းကလည်း လူ ၁၆ ဦးပါသွားတဲ့ လှေတစ်စီး ဘာလီမှာ နစ်မြုပ်ရာက ၁ ဦးသေပြီး ၁ ဦး ဒဏ်ရာရခဲ့ပါတယ်။ ၂၀၂၂ တုန်းက လူ ၈၀၀ ကျော်ပါတဲ့ ရေယာဉ်ဟာ အရှေ့ နျူဆာ တန်ဂါရာ ဒေသမှာ ၂ ရက်ကြာ သောင်တင်နေခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတော့ မရှိခဲ့ပါဘူး။ ၂၀၁၈ တုန်းက အင်ဒိုနီးရှားရဲ့ ဆူမာတြား ကျွန်းပေါ်က ကမ္ဘာ့ အနက်ရှိုင်းဆုံး စာရင်းဝင် ရေအိုင်တစ်ခုမှာ ကူးတို့ရေယာဉ် နစ်မြုပ်ရာက လူပေါင်း ၁၅၀ ကျော် သေဆုံးခဲ့ပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံမှာ ခရီးသည်တင် ကူးတို့ရေယာဉ်တစ်စီး မီးလောင်မှု ဖြစ်ပွားပြီး အနည်းဆုံး ၅ ဦးသေ၊ ၄၀ ကျော် ပျောက်ဆုံးနေပါတယ်။

သတင်း

ဂိုင်ယာနာနိုင်ငံ ကမ်းလွန်ပင်လယ်ပြင်မှာ ကူးတို့ရေယာဉ်တစ်စီး နစ်မြုပ်ပြီး လူပေါင်း ၆၀ ကျော် ပျောက်ဆုံးနေကြောင်း သိရပါတယ်။

အတွေးအမြင်

ကုန်ခဲ့တဲ့ ရွေရောင်တောက်ပခဲ့တဲ့ကာလတစ်ခုမှာ ကျွန်တော်တို့တတွေ ခရီးဝေးတစ်ခု သွားတော့မယ်ဆိုရင် ဖြစ်ဖြစ်၊ ညဘက် စာကျက်ရင်း ဗိုက်ဆာရင်ဖြစ်ဖြစ် အရင်ဆုံး ပြေးမြင်မိတာကတော့ ဝေဖာချိုချိဆိမ့်ဆိမ့်လေးတွေဖြစ်တဲ့ Nabati မုန့်ထုပ်လေးတွေပါပဲ။ အဝါရောင်အထုပ်ကလေးကတော့ လူကြိုက်အများဆုံးဖြစ်ပြီး ပန်းရောင်၊ အပြာ၊ ချောကလက်စတဲ့အထုပ်တွေလည်း ကြိုက်ကြတာပဲ။

နိုင်ငံတကာ

အမေရိကန် လေယာဉ်မှူး တစ်ဦးကို ပစ်သတ်ပြီး ခရီးသည်တင် လေယာဉ်ငယ်ကို မီးရှို့ ဖျက်ဆီးပစ်ခဲ့ကြောင်း အင်ဒိုနီးရှားနိုင်ငံ၊ ပါပူအာဒေသမှာ အခြေစိုက်တဲ့ ခွဲထွက်ရေး လက်နက်ကိုင် အင်အားစု တစ်ခုက ကြေညာခဲ့ပါတယ်။