Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပြည်တွင်း မြေရှားသတ္တု ထုတ်လုပ်ရေး ကဏ္ဍမှာ အမေရိကန် အစိုးရ ရင်းနှီးမြှုပ်နှံ

ပြည်တွင်းက မြေရှားသတ္တု (REM) တူးဖော်ထုတ်လုပ်ရေး ကဏ္ဍမှာ အမေရိကန် အစိုးရက ထဲထဲဝင်ဝင် ရင်းနှီးမြှုပ်နှံလိုက်ကြောင်း သိရပါတယ်။

Getty Images

ပြည်တွင်းက မြေရှားသတ္တု (REM) တူးဖော်ထုတ်လုပ်ရေး ကဏ္ဍမှာ အမေရိကန် အစိုးရက ထဲထဲဝင်ဝင် ရင်းနှီးမြှုပ်နှံလိုက်ကြောင်း သိရပါတယ်။

အခုအခါ အမေရိကန် အစိုးရဟာ နိုင်ငံရဲ့ တစ်ခုတည်းသော အဓိက မြေရှားသတ္တု မိုင်းတွင်းကြီးရဲ့ ရှယ်ယာအများဆုံး ပိုင်ရှင် ဖြစ်လာပါတယ်။ အဲဒီ သတ္တုတွင်းဟာ ကယ်လီဖိုးနီးယား ပြည်နယ်ထဲက မောင်တိန်ပတ်စ် ဧရိယာမှာ တည်ရှိပါတယ်။

သတ္တုအမျိုးအစား ၁၇ ခုကို စုပေါင်းပြီး မြေရှားသတ္တုတွေလို့ ခြုံငုံခေါ်ဝေါ်တာဖြစ်ပြီး တကယ်တမ်းမှာတော့ အရမ်းရှားပါးတာမျိုး မဟုတ်ပါဘူး။ ဒါပေမဲ့ အဲဒီသတ္တုတွေကို ထုတ်လုပ်တဲ့၊ သန့်စင်တဲ့ အဆင့်တွေက အရမ်းရှုပ်ထွေးပြီး သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု ကြီးကြီးမားမား ဖြစ်ပေါ်စေတာကြောင့် ဖွံ့ဖြိုးပြီး နိုင်ငံအများစုဟာ ကိုယ်တိုင်ထုတ်လုပ်ဖို့ကို လက်ရှောင်လေ့ ရှိပါတယ်။

မျက်မှောက်ခေတ်မှာတော့ မြေရှားသတ္တုတွေဟာ လျှပ်စစ်ကားတွေ၊ သန့်စင်စွမ်းအင် နည်းပညာသုံး ထုတ်ကုန်တွေ၊ အဆင့်အမြင့်ဆုံး အီလက်ထရောနစ် ပစ္စည်းတွေ၊ ခေတ်ရှေ့ပြေး တိုက်လေယာဉ်တွေနဲ့ စစ်လက်နက်တွေ ထုတ်လုပ်ဖို့ အခြေခံ အကျဆုံး လိုအပ်တဲ့ ကုန်ကြမ်း ဖြစ်လာပါတယ်။

Public Service Announcement

Public Service Announcement

မြေရှားသတ္တုတွေ တင်ပို့ရောင်းချတဲ့ စျေးကွက်ကြီး တစ်ခုလုံးရဲ့ ၉၀ ရာခိုင်နှုန်းကျော်ကို တရုတ်က လက်ဝါးကြီး အုပ်ထားပြီး အမေရိကန် အစိုးရကလည်း အဲဒီအခြေအနေကို တုံ့ပြန်ဖို့အတွက် နည်းလမ်းတွေ ရှာကြံနေပါတယ်။ သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ပြည်တွင်း တူးဖော်ထုတ်လုပ်မှုကို မြှင့်တင်တာ၊ တခြားနိုင်ငံတွေဆီက အရင်းအမြစ်သစ်တွေကို ရှာဖွေတာမျိုး အခြေအနေတွေကနေ တရုတ်အပေါ် မှီခိုမှုကို လျှော့ချသွားဖို့ ထရမ့်က ကြံစည်ထားပါတယ်။

ထရမ့်ရဲ့ ကုန်သွယ်ခွန် မြှင့်တင် သတ်မှတ်မှုတွေကြောင့် တရုတ်နဲ့ အမေရိကန် ကုန်သွယ်ရေးစစ်ပွဲဆန်ဆန် အားပြိုင်မှုတွေ ပေါ်ပေါက်လာတဲ့ အခါမှာ မြေရှားသတ္တုတွေဟာ တရုတ်ဖက်က အကျပ်ကိုင်နိုင်တဲ့ အဓိက အားသာချက်တစ်ခု ဖြစ်ခဲ့ပါတယ်။

အခုအခါမှာတော့ ကယ်လီဖိုးနီးယားက မိုင်းတွင်းကို အဓိက တာဝန်ယူ လည်ပတ်နေတဲ့ MP Materials ကုမ္ပဏီဟာ အစိုးရရဲ့ ရင်းနှီးမြှုပ်နှံမှု အစီအမံကို အတည်ပြုခဲ့ပြီး ကာကွယ်ရေး ဝန်ကြီးဌာန တောင်းဆိုချက်အတိုင်း ပြည်ပက တင်သွင်းမှုတွေအပေါ် အမေရိကန်က မှီခိုနေရမှုကို လျှော့ချနိုင်ရေးအတွက် လုပ်ငန်း အစီအမံတွေ ပြောင်းလဲသွားမယ်လို့ ကြေညာခဲ့ပါတယ်။ တစ်နည်းအားဖြင့် မိုင်းတွင်းမှာ မြေရှားသတ္တု ထုတ်လုပ်မှုကို ပိုမို မြှင့်တင်လာမယ့် သဘောပါ။

သဘောတူညီမှုတွေအရ အမေရိကန် အစိုးရဟာ MP Materialsက ထုတ်လုပ်မယ့် မြေရှားသတ္တု အနွယ်ဝင် နီယိုဒိုင်မီယမ်နဲ့ ပရက်ဆီယို ဒိုင်မီယန် သတ္တုတွေကို အနည်းဆုံး တစ်ကီလိုဂရမ်ကို ဒေါ်လာ ၁၁၀ နှုန်းထား သတ်မှတ် ဝယ်ယူသွားမယ်လို့လည်း သိရပါတယ်။ အဲဒီ သတ္တုတွေဟာ မြေရှားသတ္တု ၁၇ မျိုးထဲမှာ တောင်းဆိုမှု အမြင့်ဆုံး အမျိုးအစားတွေလည်း ဖြစ်ပါတယ်။

တရုတ်ဟာ တစ်ကမ္ဘာလုံးက မြေရှားသတ္တု သန့်စင်ထုတ်လုပ်မှု စုစုပေါင်း ပမာဏရဲ့ ၉၀ ရာခိုင်နှုန်းကို ထိန်းချုပ်ထားရုံသာ မကဘဲ တစ်ကမ္ဘာလုံးမှာ လည်ပတ်နေတဲ့ မြေရှားသတ္တုတွင်း အားလုံးရဲ့ ၇၀ ရာခိုင်နှုန်းကိုလည်း ပိုင်ဆိုင်ထားကြောင်း သိရပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြား ပြန်ဖွင့်နိုင်ရေးအတွက် အီရန်နဲ့ သဘောတူညီမှု တစ်ခုကို ရက်ပိုင်းအတွင်း ရယူနိုင်ဖို့ အမေရိကန်က မျှော်လင့်နေကြောင်း သိရပါတယ်။

သတင်း

အီရန်နဲ့ ဆွေးနွေးမှု အသစ်တွေကို ဩဂုတ် ၃ ရက်နေ့မှာ နောက်တစ်ကျော့ ပြန်စနိုင်ဖို့ ရည်ရွယ်ထားကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။

နိုင်ငံတကာ

အခြေအနေတွေ ပိုမိုတင်းမာလာရင် အမြန်ဆုံး ထွက်ခွာကြဖို့၊ ဒါမှမဟုတ် ထွက်ခွာနိုင်အောင် အသင့်ပြင်ထားဖို့ အရှေ့အလယ်ပိုင်း ဒေသတွင်း နိုင်ငံတွေမှာ ရှိနေတဲ့ အမေရိကန် နိုင်ငံသားတွေကို အမေရိကန် အစိုးရက တိုက်တွန်းခဲ့ပါတယ်။