Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယူနက်စကိုကနေ အမေရိကန် နောက်တစ်ကြိမ် နုတ်ထွက်စေမယ်လို့ ထရမ့်အစိုးရ ကြေညာ

သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အစိုးရဟာ အမေရိကန်ကို ကုလသမဂ္ဂ ပညာရေး၊ ယဉ်ကျေးမှု၊ သိပ္ပံ အဖွဲ့ကြီး (ယူနက်စကို)ကနေ နောက်တစ်ကြိမ် နုတ်ထွက်စေမယ်လို့ ကြေညာခဲ့ပါတယ်။

Reuters

သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အစိုးရဟာ အမေရိကန်ကို ကုလသမဂ္ဂ ပညာရေး၊ ယဉ်ကျေးမှု၊ သိပ္ပံ အဖွဲ့ကြီး (ယူနက်စကို)ကနေ နောက်တစ်ကြိမ် နုတ်ထွက်စေမယ်လို့ ကြေညာခဲ့ပါတယ်။

အမေရိကန် အစိုးရက ယူနက်စကိုရဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့ ပတ်သက်လို့ ဝေဖန်ခဲ့ပြီး အဖွဲ့ဝင် အဖြစ်ကနေ နုတ်ထွက်မယ်လို့ ဇူလိုင် ၂၂ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ ယူနက်စကို ညွှန်ကြားရေးမှူးချုပ် အော်ဒရီ အက်ဇူလေက အမေရိကန်ရဲ့ ဆုံးဖြတ်ချက်အတွက် စိတ်မကောင်း ဖြစ်မိပေမယ့် ကြိုတင် မျှော်လင့်ပြီးသား ကိစ္စမျိုးလို့ ဆိုပါတယ်။

အမေရိကန်မှာ ထရမ့် ဒုတိယအကြိမ် သမ္မတ ဖြစ်လာကတည်းက နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်မှုကို တစ်ခုချင်းစီ ဖြတ်တောက်နေပြီး ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO) ပါရီ ရာသီဥတု ထိန်းသိမ်းရေး သဘောတူ စာချုပ်တွေကနေ နုတ်ထွက်မယ့်အကြောင်း ကြေညာပြီး ဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံတကာကို အမေရိကန်က ပေးပို့ကူညီနေတဲ့ ထောက်ပံ့ရေး ရန်ပုံငွေ အများစုကိုလည်း ထရမ့်က ဖြတ်တောက်ခဲ့ပြီးပါပြီ။

ယူနက်စကိုမှာ အဖွဲ့ဝင် ၁၉၄ နိုင်ငံရှိပြီး ကမ္ဘာ့အမွေအနှစ် နေရာတွေကို စာရင်းသွင်း သတ်မှတ်ပေးမှုမှာ အထူးလူသိများတဲ့ အဖွဲ့အစည်းကြီး ဖြစ်ပါတယ်။ ယူနက်စကိုကနေ အမေရိကန် နုတ်ထွက်မယ့် အစီအစဉ်ဟာ ၂၀၂၆ ခုနှစ်၊ ဒီဇင်ဘာလမှာ စတင် အသက်ဝင်မယ်လို့ အမေရိကန်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

ယူနက်စကိုရဲ့ ကမ္ဘာလုံးဆိုင်ရာ ဖြန့်ကျက် လွှမ်းခြုံပေးတဲ့ အတွေးအမြင်တွေ၊ နိုင်ငံတကာ ဖွံ့ဖြိုးရေး သဘောထားတွေဟာ အမေရိကန် အစိုးရ ကိုင်ဆွဲထားတဲ့ အမေရိကန်သာ ပဓာနဆိုတဲ့ မူနဲ့ အရမ်း ကွာဟနေတယ်လို့ အစိုးရက ပြောပါတယ်။ နောက်ပြီး ၂၀၁၁ ခုနှစ်တုန်းက ပါလက်စတိုင်းကို ယူနက်စကိုက အဖွဲ့ဝင်အဖြစ် လက်ခံခဲ့တဲ့ ကိစ္စကိုလည်း ပြန်လည် တူးဆွ ဝေဖန်ထားပြီး ပြဿနာရှာတဲ့၊ အမေရိကန်ရဲ့ မူဝါဒတွေနဲ့ ဆန့်ကျင်တဲ့ လုပ်ရပ်လို့ စွပ်စွဲခဲ့ပါတယ်။ ဒီကိစ္စမျိုးဟာ အဖွဲ့အတွင်းမှာ ဂျူးနိုင်ငံဖြစ်တဲ့ အစ္စရေးကို ဆန့်ကျင်ဖို့ ဝါဒကို ဖြန့်ဝေတာနဲ့ အတူတူပဲလို့လည်း အစ္စရေးရဲ့ အမာခံ မဟာမိတ်ဖြစ်တဲ့ ထရမ့်အစိုးရက ပြောပါတယ်။

အမေရိကန်ရဲ့ စွပ်စွဲ ပြောဆိုချက်တွေဟာ ယူနက်စကိုက အမှန်တကယ် အားထုတ်ကြိုးပမ်းနေမှုတွေနဲ့ ဖြောင့်ဖြောင့်ကြီး လွဲချော်နေကြောင်း၊ ဒုတိယ ကမ္ဘာစစ်တုန်းက ဂျူးတွေ လူမျိုးသုဉ်း သတ်ဖြတ်ခံရမှုနဲ့ ဆက်စပ်တဲ့ ဟိုလိုကော့စ် ဖြစ်စဉ်ကို အကြောင်းပြုတဲ့ အသိပညာ ဖြန့်ဝေမှုတွေ၊ ဂျူးမုန်းတီးရေး စေ့ဆော်မှုတွေကို တိုက်ဖျက်တဲ့ အားထုတ်မှုတွေကို ယူနက်စကိုက လုပ်ဆောင်နေခဲ့ကြောင်း အက်ဇူလေက ဆိုပါတယ်။

အက်ဇူလေက သူ့အဖွဲ့အစည်းဟာ အမေရိကန်က အခုလို လှုပ်ရှားလာမယ့် ကိစ္စကို ကြိုတင် ခန့်မှန်းပြီး ပြင်ဆင်မှုတွေလည်း လုပ်ထားတယ်လို့ ပြောပါတယ်။ ဥပမာ ရန်ပုံငွေတွေ ရရှိမှုကို အမေရိကန်ဆီကနေ အဓိက မှီခိုနေရတဲ့ အခြေအနေမျိုးကနေ တခြားရင်းမြစ်တွေဆီက ပိုမိုရရှိအောင် ညှိနှိုင်းတာတွေ ယူနက်စကိုက စီစဉ်ထားခဲ့ပါတယ်။ အခုအခါမှာတော့ ယူနက်စကိုရဲ့ ဘတ်ဂျတ် ၈ ရာခိုင်နှုန်းလောက်ကိုသာ အမေရိကန်ဆီက ရရှိနေတယ်လို့လည်း သူက အတည်ပြုသွားပါတယ်။

ထရမ့်ရဲ့ ပထမအကြိမ် အမေရိကန် သမ္မတသက်တမ်းတုန်းကလည်း ၂၀၁၇ မှာ ယူနက်စကိုကနေ အမေရိကန် နုတ်ထွက်ခဲ့ဖူးပါတယ်။ နောက်တော့ အမေရိကန်မှာ ဂျိုးဘိုင်ဒန် သမ္မတ ဖြစ်လာတဲ့အခါ အဲဒီ ဆုံးဖြတ်ချက်ကို ပြန်လည်ပြင်ဆင် ပြောင်းလဲခဲ့ပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ယူကရိန်းမှာရှိတဲ့ ကမ္ဘာ့အမွေအနှစ် သာသနိက အဆောက်အအုံ တစ်ခုကို တိုက်ခိုက်ခဲ့တဲ့ ရုရှားရဲ့ လုပ်ရပ်အပေါ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့ကြီး (ယူနက်စကို)က ရှုတ်ချသွားခဲ့ပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားကို သောကြာနေ့၊ ဇွန်လ ၁၉ ရက်မှာ အလုံးစုံ ပြန်ဖွင့်နိုင်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

အတွေးအမြင်

အမေရိကန်နိုင်ငံရေးအခင်းအကျင်းမှာ ၂၀၂၆ ခုနှစ်အလယ်သက်တမ်းရွေးကောက်ပွဲကို မျက်စိကျလာနေချိန်မှာ သမ္မတဒေါ်နယ်ထရမ့်အတွက် စိုးရိမ်စရာအချက်တစ်ခု ထင်ထင်ရှားရှားပေါ်လာနေပါတယ်။ အဲဒါကတော့ နှစ်ပေါင်းများစွာ သူ့ရဲ့ နိုင်ငံရေးအင်အား အခြေခံအဖြစ် ရပ်တည်ခဲ့တဲ့ အလုပ်သမားတန်းစား လူဖြူ မဲဆန္ဒရှင်တွေကြားမှာ စီးပွားရေးအပေါ် ယုံကြည်မှု လျော့နည်းလာခြင်းပါ။

နိုင်ငံတကာ

အမေရိကန် နိုင်ငံမှာ လေတပ်ရဲ့ B-52 ဗုံးကြဲလေယာဉ်ကြီးတစ်စီး ပျက်ကျခဲ့ပြီး လူ ၈ ဦး သေဆုံးသွားကြောင်း သိရပါတယ်။