Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရုရှားမှာ နှစ် ၅၀၀ လောက် ငြိမ်သက်နေခဲ့တဲ့ မီးတောင်တစ်လုံး ပေါက်ကွဲ

ဇူလိုင်လကုန်မှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြီးနဲ့ ဆက်နွှယ်တယ်လို့ ယူဆရ

AP

ရုရှားနိုင်ငံက မီးတောင်တစ်လုံးဟာ နှစ်ပေါင်း ၅၀၀ နီးပါးလောက် ငြိမ်သက်နေခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ပြန်လည် ပေါက်ကွဲခဲ့ပါတယ်။

ရုရှားနိုင်ငံ အရှေ့ဖက်ဖျားမှာ တည်ရှိတဲ့ ခရက်ရှန်နင်နီကော့ဗ် မီးတောင် ရုတ်တရက် ပေါက်ကွဲခဲ့မှုဟာ ဇူလိုင် ၃၀ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၈.၈ အဆင့် ကမ်းလွန်ငလျင်ကြီးနဲ့ ဆက်စပ်မှု ရှိနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက ယုံကြည်နေပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က မီးတောင်ပေါက်ကွဲမှုအတွင်း မီးတောင်ဝကနေ ၆ ကီလိုမီတာလောက် အမြင့်ထိ ချော်ပြာတွေကို ညလုံးပေါက် မှုတ်ထုတ်နေခဲ့တယ်လို့ သိရပါတယ်။ မီးတောင်တဝိုက်က ချော်ကျောက်တွေကို လေ့လာမှုအရ အဲဒီမီးတောင်ဟာ ၁၅၅၀ ပြည့်နှစ်လောက်တုန်းက နောက်ဆုံးအကြိမ် ပေါက်ကွဲခဲ့တယ်လို့ သုတေသီတွေက ယူဆထားပါတယ်။

ရာစုနှစ်တွေနဲ့ချီ ငြိမ်သက်နေတဲ့ မီးတောင်က ရုတ်တရက် ပြန်လည် ပေါက်ကွဲခဲ့ပေမယ့် လူနေဧရိယာတွေကို ထိခိုက် သက်ရောက်တဲ့ အခြေအနေတော့ မရှိပါဘူး။ ရုရှား အရှေ့ဖက် ကမ်းလွန် ပင်လယ်ပြင်မှာ ဧရာမ ငလျင်ကြီး လှုပ်ခတ်ပြီး ပစိဖိတ် သမုဒ္ဒရာနဲ့ ဆက်စပ်နေတဲ့ နိုင်ငံတချို့ဆီ ဆူနာမီ ရေလှိုင်းတွေ ရိုက်ခတ်ခဲ့တဲ့ ဖြစ်စဉ်အပြီး ရက်အနည်းငယ် အကြာမှာ မီးတောင် ပေါက်ကွဲခဲ့တာလည်း ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ရုရှား ငလျင်ပညာရှင်တွေက အဲဒီ မဂ္ဂနီကျု ၈.၈ အဆင့် ငလျင်ကြီးအပြီး နောက်ထပ် သီတင်းပတ်တွေနဲ့ချီ ကြာမြင့်တဲ့ထိ နောက်ဆက်တွဲ ငလျင်တွေ ဆက်ပြီး လှုပ်ခတ်နိုင်ကြောင်း သတိပေးထားပါတယ်။

ဩဂုတ် ၃ ရက်နေ့ကလည်း ငလျင်ကြီးရဲ့ နောက်ဆက်တွဲလို့ ယုံကြည်ရတဲ့ မဂ္ဂနီကျု ၇.၀ အဆင့် ငလျင်တစ်ခုက ရုရှားအရှေ့ဖက်ကမ်းလွန် ကူရဲလ်ကျွန်းစုနားမှာ လှုပ်ခတ်ခဲ့ပြီး ၇ လက်မလောက်မြင့်တဲ့ ဆူနာမီ ရေလှိုင်းငယ်တွေ ဖြစ်ပေါ်ခဲ့ပါသေးတယ်။

မဂ္ဂနီကျု ၈.၈ ငလျင်ကြီးရဲ့ ဗဟိုချက် အနီးမှာရှိတဲ့ ရုရှား အရှေ့ဖျား၊ ကမ်ချတ်ကာ ကျွန်းဆွယ်ဟာ ပစိဖိတ် မီးကွင်းဒေသလို့ ခေါ်ဝေါ်တဲ့ ရေအောက်မီးတောင် ရပ်ဝန်းနဲ့ ဆက်စပ်နေပြီး ငလျင်လှုပ်တာတွေ၊ မီးတောင်ပေါက်ကွဲတာတွေနဲ့ မစိမ်းလှတဲ့ နယ်မြေတစ်ခုလည်း ဖြစ်ပါတယ်။

ကိုးကား: PBS

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တစ်ညတည်းမှာတင် ဒရုန်းပေါင်း ၁၀၀၀ ကျော်ကို ယူကရိန်းက ရုရှားရဲ့ မြို့ကြီးတွေဆီ ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ရုရှားရဲ့ ဒရုန်းတွေ ထုတ်လုပ်တဲ့ စက်မှုလုပ်ငန်းတွေမှာ ပါဝင်အလုပ်လုပ်နေတဲ့ မြောက်ကိုရီးယား အလုပ်သမား ၂၅၀၀၀ လောက်ထိ ရှိနိုင်ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန် အနေနဲ့ အာကာသကို စစ်မြေပြင် တစ်ခုအဖြစ် ပြောင်းလဲတာမျိုး မလုပ်သင့်သလို အာကာသ လက်နက်ပြိုင်ပွဲကိုလည်း အစမပြုသင့်ကြောင်း တရုတ်က သတိပေး ပြောကြားလိုက်ပါတယ်။ အလားတူ ရုရှားကလည်း အာကာသထဲမှာ အမေရိကန်ရဲ့ လက်နက်ဖြန့်ကျက်မှုတွေကို ကန့်ကွက်ခဲ့ပါတယ်။

နိုင်ငံတကာ

စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို အပြန်အလှန် ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ဆက်မလုပ်ဖို့ ရုရှားရော၊ ယူကရိန်းကပါ သဘောတူခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

Facebook