Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အခွန်တိုးကောက်လို့ အမေရိကန်ဆီက လက်နက်ဝယ်ဖို့ ဆွေးနွေးနေတာကို အိန္ဒိယ ရပ်ဆိုင်း

အမေရိကန်ဖက်က သွင်းကုန်အခွန်တွေ တိုးကောက်တဲ့နောက် အိန္ဒိယကလည်း အမေရိကန်ဆီက လက်နက် ဝယ်ယူဖို့ ဆွေးနွေးနေတာတွေကို ဆိုင်းငံ့ထားလိုက်ပါတယ်။

Reuters

အမေရိကန်ဖက်က သွင်းကုန်အခွန်တွေ တိုးကောက်တဲ့နောက် အိန္ဒိယကလည်း အမေရိကန်ဆီက လက်နက် ဝယ်ယူဖို့ ဆွေးနွေးနေတာတွေကို ဆိုင်းငံ့ထားလိုက်ပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အိန္ဒိယဟာ ရုရှားရေနံတွေကို ဆက်လက် ဝယ်ယူနေတာကြောင့်ဆိုတဲ့ အကြောင်းပြချက်နဲ့ အိန္ဒိယရဲ့ သွင်းကုန်တွေအပေါ် အခွန် ၂၅ ရာခိုင်နှုန်း မြှင့်တင် သတ်မှတ်မယ်လို့ ကြေညာခဲ့ပါတယ်။

အစောပိုင်းတုန်းက အိန္ဒိယဟာ လက်နက်ဝယ်ယူရေးကိစ္စ ညှိနှိုင်းဖို့အတွက် ကာကွယ်ရေး ဝန်ကြီး ရက်ဂျ်နက်သ် ဆင်းကို ဝါရှင်တန် ဒီစီဆီ စေလွှတ်ဖို့ ရည်ရွယ်ထားခဲ့ပါတယ်။ ဒါပေမဲ့လည်း အခုတော့ အဲဒီ ခရီးစဉ်ကို ပယ်ဖျက်ထားလိုက်ပြီလို့ အိန္ဒိယ အစိုးရ သတင်းရင်းမြစ် ၃ ခုက ဆိုပါတယ်။

ဩဂုတ် ၆ ရက်နေ့မှာ ထရမ့်က အိန္ဒိယရဲ့ သွင်းကုန်တွေကို အခွန် ၂၅ ရာခိုင်နှုန်း ထပ်တိုးမယ်လို့ အတည်ပြုခဲ့တာကြောင့် စုစုပေါင်း အခွန်သတ်မှတ်ချက်ဟာ ၅၀ ရာခိုင်နှုန်းထိ ရောက်ရှိသွားပါတယ်။ ဒါဟာ ကုန်သွယ်ဖက် နိုင်ငံတွေအပေါ် အမေရိကန်က စည်းကြပ်တဲ့ အခွန်တွေထဲမှာ ပမာဏ အများဆုံး စာရင်းထဲ ပါဝင်သွားပါတယ်။

Public Service Announcement

Public Service Announcement

ထရမ့်ဟာ ကိုယ်တိုင် သတ်မှတ်ထားတဲ့ အခွန်နှုန်းထားတွေကို ခပ်မြန်မြန်ပဲ ပြန်ပြင်တဲ့ မှတ်တမ်းဟောင်းတွေလည်း ရှိခဲ့ပြီး အိန္ဒိယကတော့ ထရမ့်နဲ့ ဆွေးနွေးမှုတွေ ဆက်လက် လုပ်ဆောင်နေဆဲလို့ ကြေညာထားပါတယ်။

အိန္ဒိယက ထရမ့်ရဲ့ အခွန်သတ်မှတ်ချက်တွေဟာ မျှတမှု ကင်းမဲ့တယ်လို့ ခံစားရကြောင်း ဝေဖန်ထားပြီး အဲဒါကို တုံ့ပြန်တဲ့ အနေနဲ့ General Dynamics ကုမ္ပဏီဆီကနေ Stryker တိုက်ခိုက်ရေးယာဉ်တွေ၊ Raytheonနဲ့ Lockheed Martinတို့ ပူးပေါင်းထုတ်လုပ်တဲ့ Javelin တင့်ကားဖျက် ပခုံးထမ်း ဒုံးကျည်တွေ ဝယ်ယူမယ့်ကိစ္စ ဆွေးနွေးမှုတွေကို ရပ်တန့်ထားလိုက်တာပါ။

အဲဒီစစ်လက်နက်တွေကို အိန္ဒိယက ဝယ်ယူဖို့ ဆွေးနွေးနေတယ် ဆိုတာကို ထရမ့်နဲ့ အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီတို့က ဖေဖော်ဝါရီလမှာ ပူးပေါင်း ထုတ်ပြန်ခဲ့ပါတယ်။ ဆင်းရဲ့ ခရီးစဉ် အတောအတွင်း အိန္ဒိယဟာ Boeing ကုမ္ပဏီထုတ် P8I အမျိုးအစား ထောက်လှမ်းရေး လေယာဉ်ငယ် ၆ စီးနဲ့ ရေတပ်အတွက် သယ်ယူပို့ဆောင်ရေး စနစ်တွေ ဝယ်ယူနိုင်ရေး ဖြည့်တင်း ဆွေးနွေးဖို့ပါ စီစဉ်ထားခဲ့တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။ P8Iတွေကို ဒေါ်လာ ၃.၆ ဘီလီယံနဲ့ ဝယ်ယူမယ့် ဆွေးနွေးမှုဟာ အတော်လေး အဆင်ချောတဲ့ အခြေအနေမှာတောင် ရှိနေခဲ့ပေမယ့် အခုတော့ ဆင်းရဲ့ခရီးစဉ် ဖျက်သိမ်းခြင်းနဲ့အတူ မရေရာတော့ပါဘူး။

အိန္ဒိယဟာ အစဉ်အလာအရ ရုရှားစစ်လက်နက်တွေကို အဓိက မှီခိုနေခဲ့ရပေမယ့် လောလောဆယ်တော့ ရုရှားဆီကနေ လက်နက်ဝယ်ယူမှုတွေ မလိုအပ်သေးကြောင်း ထိပ်ပိုင်း ကာကွယ်ရေး အရာရှိ နှစ်ဦးက မှတ်ချက် ပေးထားပါတယ်။ အိန္ဒိယဟာ ကာကွယ်ရေး ကဏ္ဍအတွက် ရုရှားအပေါ် လွန်လွန်ကျွံကျွံ မှီခိုနေရတာကို လျှော့ချဖို့ အမေရိကန် အပါအဝင် မိတ်ဖက်သစ် နိုင်ငံတွေနဲ့ ချိတ်ဆက်နေပေမယ့် ရုရှား-အိန္ဒိယ ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေကတော့ လုံးလုံးလျားလျား ပပျောက်သွားမှာ မဟုတ်ကြောင်း လေ့လာသူတွေက သုံးသပ်ထားပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်မှာ မွေးဖွားသူတွေ နိုင်ငံသား ဖြစ်ပိုင်ခွင့်ကို ကန့်သတ်မယ့် အထူးအမိန့် နှစ်ခုကို သမ္မတ ဒေါ်နယ်လ်ထရမ့်က လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ရဲ့ သွားရောက်တွေ့ဆုံမှုကို အမေရိကန်ပြည်ထောင်စုမှ ကြိုဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဒီကနေ့ထုတ်ပြန်လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းနဲ့ ခြွင်းချက်မရှိ လွှတ်ပေးရန် ဆက်လက်တောင်းဆိုကြောင်း ဖော်ပြပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ ကုန်သွယ်ရေးဆိုင်ရာ ပိတ်ဆို့မှုတွေကို တုံ့ပြန်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ တရုတ်ဟာ အမေရိကန် ကုမ္ပဏီတွေအပေါ် အရေးယူ ကန့်သတ်မှု အသစ်တွေ ပြဋ္ဌာန်း သတ်မှတ်လိုက်ပါတယ်။

သတင်း

ထိုင်းနိုင်ငံကနေ ပျံသန်းတဲ့ ခရီးစဉ်အတွင်း အိန္ဒိယ လေကြောင်းပိုင် ခရီးသည်တင် လေယာဉ်တစ်စီးဟာ လေထုဖိအား မတည်ငြိမ်မှုနဲ့ လေစီးကြောင်း ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်တဲ့ လေလှိုင်းထန်မှု (turbulence)နဲ့ ကြုံတွေ့ခဲ့တာကြောင့် လူ ၁၇ ဦးလောက် ထိခိုက် ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။