Connect with us

Hi, what are you looking for?

နိုင်ငံတကာ

စစ်ဖြစ်နေတဲ့ ကာလမျိုးအတွက် ပြင်ဆင်မှုတွေ လုပ်ထားဖို့ ပြင်သစ်ဆေးရုံတွေ ညွှန်ကြားခံထားရ

စစ်ပွဲကြီးတစ်ခု ဖြစ်ပွားလာနိုင်ခြေမျိုးကို ကြိုတင် စဉ်းစားပြီး လိုအပ်မယ့် ပြင်ဆင်မှုတွေကို နှစ်ဝက်လောက်အတွင်း လုပ်ဆောင်ထားကြဖို့ ပြင်သစ်အစိုးရက ဆေးရုံတွေကို ညွှန်ကြားထားကြောင်း သိရပါတယ်။

စစ်ပွဲကြီးတစ်ခု ဖြစ်ပွားလာနိုင်ခြေမျိုးကို ကြိုတင် စဉ်းစားပြီး လိုအပ်မယ့် ပြင်ဆင်မှုတွေကို နှစ်ဝက်လောက်အတွင်း လုပ်ဆောင်ထားကြဖို့ ပြင်သစ်အစိုးရက ဆေးရုံတွေကို ညွှန်ကြားထားကြောင်း သိရပါတယ်။

ကျန်းမာရေး ဝန်ကြီးဌာနက ဒေသဆိုင်ရာ ဆေးရုံတွေဆီ ဇူလိုင် ၁၈ ရက် နေ့စွဲနဲ့ ပေးပို့ထားတဲ့ ညွှန်ကြားချက်ဟာ အခုသီတင်းပတ်မှာ လူသိရှင်ကြား ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ညွှန်ကြားချက်ရဲ့ အနှစ်ချုပ် ဆိုလိုရင်းကတော့ စစ်ပွဲဖြစ်ပြီး စစ်သား အများအပြား ဒဏ်ရာရလာချိန်မှာ လက်ခံ ကုသပေးနိုင်မယ့် ပြင်ဆင်မှုမျိုးကို ၂၀၂၆ ခုနှစ်၊ မတ်လမတိုင်ခင် ပြီးပြည့်စုံအောင် လုပ်ဆောင်ထားကြစေဖို့ပါ။

တကယ်လို့သာ နိုင်ငံက စစ်မက်ကာလမျိုး ကြုံလာရင် ပြင်သစ်နဲ့ နိုင်ငံခြားသား စစ်သည်တွေကို လက်ခံ ကုသပေးနိုင်စွမ်းနဲ့ ပတ်သက်ရင် ဆေးရုံတွေမှာ ကန့်သတ်ချက်တွေ အများကြီး ရှိနေဆဲလို့ ကျန်းမာရေး ဝန်ကြီးဌာနက ထောက်ပြထားခဲ့ပါတယ်။

ဒါကြောင့် စစ်ရေး ၁၀ ရက်ကနေ ရက်ပေါင်း ၁၈၀ လောက်ထိ ကြာမြင့်နိုင်တဲ့ စစ်ရေးပဋိပက္ခ တစ်ခု စတင်လာတဲ့အခါ ထောင်နဲ့ချီတဲ့ စစ်သားတွေကို ထိထိရောက်ရောက် စောင့်ရှောက် ကုသပေးနိုင်မယ့် အခြေအနေမျိုး ဆေးရုံတွေက ကြိုပြင်ဆင်ထားဖို့ ဝန်ကြီးဌာနက ညွှန်ကြားထားတာပါ။

Public Service Announcement

Public Service Announcement

ပြင်သစ် အစိုးရကတော့ ဒီညွှန်ကြားချက်ဟာ ၂၀၂၆ မှာ သေချာပေါက် စစ်ပွဲကြီးတစ်ခုခု ဖြစ်လိမ့်မယ်ဆိုတဲ့ အဓိပ္ပါယ် မဟုတ်ဘူးလို့ ငြင်းဆိုခဲ့ပါတယ်။ ကျန်းမာရေး ဝန်ကြီးဌာနရဲ့ တာဝန်ကိုက ကြုံလာနိုင်တဲ့ အမျိုးမျိုးသော ခြိမ်းခြောက်မှုတွေ၊ ကျန်းမာရေး အကျပ်အတည်းတွေအတွက် ရှုထောင့်ပေါင်းစုံကနေ တွေးတော ပြင်ဆင်ထားဖို့ လိုအပ်တာ ဖြစ်တယ်လို့ အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးက Euronews သတင်းဌာနဆီ မှတ်ချက်ပေးခဲ့ပါတယ်။

ညွှန်ကြားချက်ထဲမှာတော့ ပြင်သစ်ရဲ့ ကျန်းမာရေး ဝန်ထမ်းတွေဟာ အရပ်ဖက် ဆေးရုံဆေးခန်းတွေမှာတင် စစ်မှုထမ်းတွေကို အရေးပေါ် ကုသပေးဖို့ ပြင်ဆင် လေ့ကျင့်ထားသင့်ကြောင်းလည်း ထည့်သွင်း ဖော်ပြထားပါတယ်။ အတည်ပြု ဆုံးဖြတ်တဲ့ အဆင့်ထိ မရောက်သေးပေမယ့် ပြင်သစ် အစိုးရဟာ လေဆိပ်၊ ဘတ်စ်ကားဂိတ်၊ ရထားဘူတာနဲ့ ဆိပ်ကမ်းတို့လို သယ်ယူပို့ဆောင်ရေး အခြေခံ အဆောက်အအုံတွေ အနီးမှာ ဆေးရုံဆေးခန်းတွေ ဖွင့်လှစ်ဖို့လည်း စဉ်းစားနေပါတယ်။ ရည်ရွယ်ချက်ကတော့ စစ်ပွဲတစ်ခုခု ဖြစ်လာရင် မဟာမိတ် စစ်သားတွေကို အဆောတလျင် ကုသပေးပြီး ဇာတိနိုင်ငံဆီ လွှဲပြောင်းပေးဖို့ ဖြစ်တယ်လို့ ညွှန်ကြားစာထဲမှာ ပါရှိပါတယ်။

ရုရှားက ယူကရိန်းကို ကျူးကျော်စစ်ပြု တိုက်ခိုက်ခဲ့ခြင်းဟာ ဥရောပ နိုင်ငံတွေအတွက် လုံခြုံရေးဆိုင်ရာ တပ်လှန့်မှုကြီးတစ်ခု ဖြစ်လာစေခဲ့ပါတယ်။ အမေရိကန်မှာ ဒေါ်နယ်လ်ထရမ့် သမ္မတ ဖြစ်လာပြီးတဲ့နောက် ဥရောပရဲ့ လုံခြုံရေးအပေါ် အမေရိကန်ရဲ့ အာမခံပေးမှုတွေကို လျှော့ချလိုက်တဲ့နောက် ပြင်သစ်၊ ဂျာမနီ၊ ဗြိတိန်တို့လို ဥရောပ အင်အားကြီး နိုင်ငံတွေဟာ ကိုယ်ပိုင် လုံခြုံရေး အစီအမံတွေကို အပူတပြင်း မြှင့်တင်လာနေကြပါတယ်။

ကိုးကား: Euronews

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပြည်တွင်း ဘောလုံးကလပ်ရဲ့ ဥရောပ ချန်ပီယံဆု ဆွတ်ခူးမှုကို လွန်လွန်ကဲကဲ အောင်ပွဲခံကြရာက ပြင်သစ်နိုင်ငံမှာ လူပေါင်း ၄၀၀ ကျော် အဖမ်းခံခဲ့ရပါတယ်။

သတင်း

မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ဥရောပသမဂ္ဂရဲ့ပိတ်ဆို့မှုကို ချိုးဖောက်ခဲ့တယ်လို့ သံသယရှိတဲ့ Thales ကုမ္ပဏီကို စုံစမ်းစစ်ဆေး အရေးယူဖို့ ပြင်သစ်အာဏာပိုင်တွေကို Justice For Myanmarက တောင်းဆိုလိုက်ပါတယ်။

သတင်း

ပြင်သစ်နိုင်ငံမှာ အရက်မူးနေတဲ့ သမင်တစ်ကောင်ကြောင့် ယာဉ်အန္တရာယ် သတိပေး ကြေညာချက်တွေကို ရဲတွေက ထုတ်ပြန်ထားပါတယ်။

သတင်း

ဟောမုဇ် ရေလက်ကြားဆီကို စစ်သင်္ဘောတွေ စေလွှတ်မယ်ဆိုရင် အကျိုးဆက်တွေက လှပမှာ မဟုတ်ဘူးလို့ အီရန်က ဗြိတိန်နဲ့ ပြင်သစ်တို့ကို သတိပေးခဲ့ပါတယ်။