Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန်မှာ ပစ်ခတ်မှု ဖြစ်ပွားပြီး ရဲ ၃ ဦးသေ၊ ၂ ဦးဒဏ်ရာရ

အမေရိကန်နိုင်ငံ ပင်ဆယ်လ်ဗေးနီးယား ပြည်နယ်ထဲမှာ ပစ်ခတ်မှု ဖြစ်ပွားရာက ရဲအရာရှိ ၃ ဦးသေဆုံးခဲ့ပြီး ၂ ဦး အပြင်းအထန် ဒဏ်ရာရသွားခဲ့ပါတယ်။

ဓာတ်ပုံ - Reuters

အမေရိကန်နိုင်ငံ ပင်ဆယ်လ်ဗေးနီးယား ပြည်နယ်ထဲမှာ ပစ်ခတ်မှု ဖြစ်ပွားရာက ရဲအရာရှိ ၃ ဦးသေဆုံးခဲ့ပြီး ၂ ဦး အပြင်းအထန် ဒဏ်ရာရသွားခဲ့ပါတယ်။

ယော့ခ်ခရိုင်မှာ စက်တင်ဘာ ၁၇ ရက် မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုအတွင်း ဒဏ်ရာရခဲ့တဲ့ အရာရှိ ၂ ဦးရဲ့ အခြေအနေက ပြင်းထန်ပေမယ့် တည်တည်ငြိမ်ငြိမ် ရှိနေတယ်လို့ ရဲမှူးကြီး ခရစ္စတိုဖာ ပဲရစ်က ပြောကြားခဲ့ပါတယ်။

သေနတ်သမားကတော့ ရဲတွေရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသွားခဲ့ပါတယ်။ ဖြစ်စဉ်နဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်နေပေမယ့် ဒေသခံ လူ့အဖွဲ့အစည်းအတွက် ခြိမ်းခြောက်မှုတစ်ခုခု မရှိနိုင်ဘူးလို့လည်း ပဲရစ်က ဆိုပါတယ်။

ပစ်ခတ်မှု ဖြစ်ပွားတဲ့ရက် မတိုင်ခင် တစ်နေ့ကတည်းက အဲဒီ နေရာတဝိုက်မှာ အိမ်တွင်းရေး ကိစ္စနဲ့ ပတ်သက်တဲ့ တိုင်ကြားမှု တစ်ခုကြောင့် ရဲတွေက စုံစမ်းမှုတွေ လုပ်နေခဲ့တယ်လို့ သိရပါတယ်။ ဖြစ်စဉ်ကို လောလောဆယ် စုံစမ်းနေဆဲဖြစ်ပြီး အချက်အလက် အသေးစိတ်တွေကိုတော့ မထုတ်ပြန်သေးပါဘူး။

Public Service Announcement

Public Service Announcement

ပင်ဆယ်လ်ဗေးနီးယား အုပ်ချုပ်ရေးမှူး ဂျော့ရှ် ရှာပီရိုက ဒေသခံ ပြည်သူတွေ အတွက်ရော၊ ရဲတပ်ဖွဲ့အတွက်ပါ ဆိုးရွားပြီး ကြေကွဲစရာ နေ့တစ်နေ့လို့ ပြောပါတယ်။ ပြီးတော့ သေဆုံးသူတွေအတွက် ဝမ်းနည်းမှု သင်္ကေတအဖြစ် ပြည်နယ်ထဲက အစိုးရ အဆောက်အအုံတွေမှာ အလံတွေကို တိုင်တစ်ဝက် နှိမ့်ချပြီး လွှင့်ထူပေးဖို့ သူက ညွှန်ကြားထားပါတယ်။

ပင်ဆယ်လ်ဗေးနီးယားမှာ ရဲတွေ သေဆုံးခဲ့တဲ့ ဖြစ်ရပ်နဲ့ ပတ်သက်လို့ အမေရိကန် ပြည်တွင်း လုံခြုံရေး ဝန်ကြီးဌာနကလည်း အလေးထား စောင့်ကြည့်နေကြောင်း ဌာနရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ခရစ္စတီ နိုယမ်က အတည်ပြုခဲ့ပါတယ်။

လောလောဆယ်တော့ စုံစမ်းစစ်ဆေးမှုတွေကို ပယ်ဆယ်လ်ဗေးနီးယား ပြည်နယ် ရဲတပ်ဖွဲ့နဲ့ ခရိုင် အစိုးရရှေ့နေ ရုံးတို့က အဓိက ကြီးမှူး တာဝန်ယူထားပါတယ်။

ကိုးကား: CBS

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နှစ်ပေါင်း ၇၀ လောက် အသုံးပြုခဲ့ပြီးဖြစ်တဲ့ B-52 Stratofortress ဗုံးကြဲလေယာဉ်ကြီးတွေကို အနည်းဆုံး ၂၀၅၀ ပြည့်လွန် နှစ်တွေထိ ဆက်လက် သုံးစွဲနေနိုင်မယ့် မွမ်းမံ အဆင့်မြှင့်တင်ရေး အစီအမံကို အမေရိကန် လေတပ်က စတင် အကောင်အထည် ဖော်နေပါတယ်။

နိုင်ငံတကာ

အိမ်ဖြူတော်နားမှာ ဆောက်လုပ်မယ့် အောင်ပွဲ အထိမ်းအမှတ် မုခ်ဦးကြီးဟာ စစ်အခြေစိုက် စခန်းတစ်ခု အဖြစ်ပါ အသုံးချနိုင်ဖို့ ရည်ရွယ်ပြီး မူလစီမံကိန်းကို နှစ်ဆချဲ့ထွင်လာနိုင်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ကို တရုတ်သမ္မတ ရှီကျင့်ဖျင် လာရောက်လည်ပတ်တဲ့အခါ လေဆိပ်ထိ ဆင်းကြိုဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က စီစဉ်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဒိန်းမတ်ပိုင် ဂရင်းလန်ကျွန်းရဲ့ လုံခြုံရေးနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ ဒိန်းမတ် အစိုးရတို့ကြား ညှိနှိုင်း သဘောတူညီမှု ရရှိခဲ့ပြီလို့ အသီးသီး ကြေညာခဲ့ပါတယ်။