Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဖိလစ်ပိုင် မြောက်ပိုင်းမှာ ငလျင်လှုပ်ပြီးတဲ့နောက် ကျောင်းတွေပိတ်ထား

ဖိလစ်ပိုင် မြောက်ပိုင်းမှာ အင်အား အသင့်အတင့် ငလျင်တစ်ခု လှုပ်ခတ်ပြီးတဲ့နောက် အနီးတဝိုက်က ကျောင်းတွေကို အရေးပေါ် ပိတ်ထားလိုက်ပါတယ်။

ဓာတ်ပုံ - AFP/File

ဖိလစ်ပိုင် မြောက်ပိုင်းမှာ အင်အား အသင့်အတင့် ငလျင်တစ်ခု လှုပ်ခတ်ပြီးတဲ့နောက် အနီးတဝိုက်က ကျောင်းတွေကို အရေးပေါ် ပိတ်ထားလိုက်ပါတယ်။

အောက်တိုဘာ ၉ ရက်နေ့ မနက်ပိုင်းက ဖိလစ်ပိုင်ရဲ့ မြောက်ပိုင်းက တောင်ထူထပ်ရာ မြို့တစ်မြို့ဖြစ်တဲ့ ဘာဂူဝိုင်မှာ မဂ္ဂနီကျု ၄.၄ အဆင့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့တာပါ။ ဖိလစ်ပိုင် ငလျင်တိုင်းတာရေး အေဂျင်စီက ငလျင်ရဲ့ ပြင်းအားကို မဂ္ဂနီကျု ၄.၈ လို့ ဖော်ပြခဲ့ပြီး နောက်ပိုင်းမှ ပြန်လည် လျှော့ချ သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။

ငလျင်ဟာ မြေအနက် ၁၀ ကီလိုမီတာလောက်ကို ဗဟိုပြုခဲ့တဲ့ မြေတိမ်ငလျင် အမျိုးအစား ဖြစ်တာကြောင့်လည်း မြေမျက်နှာပြင်ပေါ်မှာ သက်ရောက် ခံစားရမှုတွေ ပိုသိသာခဲ့တယ်လို့ ဆိုပါတယ်။

ငလျင်လှုပ်ခတ်ချိန်မှာ လူဦးရေ ၃၆၆၀၀၀ လောက်ရှိတဲ့ မြို့ထဲက ဒေသခံတွေဟာ အိမ်တွေ၊ အဆောက်အအုံတွေထဲကနေ လမ်းပေါ်ကို ကြောက်လန့်တကြား ပြေးထွက်ခဲ့ကြပါတယ်။ နောက်ပိုင်းမှာတော့ မြို့ထဲနဲ့ အနီးတဝိုက် ကျေးရွာတွေက စာသင်ကျောင်းတွေကို ပိတ်ထားကြဖို့ အာဏာပိုင်တွေက ညွှန်ကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ငလျင်ကြောင့် ထိခိုက်ပျက်စီးမှု ကြီးကြီးမားမား မရှိပေမယ့် သေချာအောင် ဆန်းစစ်မှုတွေတော့ လုပ်ရဦးမယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ အထူးသဖြင့် အထပ်မြင့် အဆောက်အအုံတွေထဲမှာ နေထိုင်သူတွေ၊ အလုပ်လုပ်သူတွေက ပြန်လည်ဝင်ရောက်ဖို့ တွန့်ဆုတ်နေကြပါတယ်။

အခုငလျင်ဟာ ဖိလစ်ပိုင် အလယ်ပိုင်းမှာ လူပေါင်း ၇၃ ဦးထက်မနည်း သေဆုံးစေခဲ့တဲ့ မဂ္ဂနီကျု ၆.၉ အဆင့် ငလျင်ကြီးအပြီး ၁၀ ရက်အကြာမှာ လှုပ်ခတ်ခဲ့တာပါ။

ဖိလစ်ပိုင်ဟာ ပစိဖိတ် မီးကွင်းဒေသလို့ခေါ်တဲ့ ရေအောက် မီးတောင် ရပ်ဝန်းနဲ့ ဆက်စပ် တည်ရှိနေတာကြောင့် ငလျင်လှုပ်ခတ်မှု၊ မီးတောက်ပေါက်ကွဲမှုတွေနဲ့ မစိမ်းလှတဲ့ နိုင်ငံတစ်ခုပါ။

၁၉၉၀ ပြည့်နှစ်၊ ဇူလိုင်လတုန်းက ဘာဂူဝိုင်နဲ့ သိပ်မဝေးတဲ့ ပူဂိုမြို့မှာ မဂ္ဂနီကျု ၇.၈ အဆင့် ငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့တာကြောင့် လူပေါင်း ၁၆၀၀ ကျော် သေဆုံးခဲ့ဖူးပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်ရှိကြသောင်းဆိပ်(ယိုကလား)ရွာကိုအာဏာသိမ်းစစ်တပ်က က်တင်ဘာလ ၁၉ ရက်ညနက်ပိုင်းမှာဗုံးကြဲတာကြောင့်စာသင်ကျောင်းအပါအဝင်နေအိမ်အလုံး ၄၀ နီးပါး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ KNU ဒူးသထူ(သထုံ)ခရိုင်က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

မွန်ပြည်နယ် ဘီးလင်းမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ညအချိန်လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စာသင်ကျောင်းနဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ရကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်မှာရှိတဲ့ကြသောင်းဆိပ်ရွာက စာသင်ကျောင်းကိုမနေ့ (စက်တင်ဘာ ၁၉ ရက်)ညပိုင်းကအာဏာသိမ်းစစ်တပ်ကဗုံးကြဲတာကြောင့်စာသင်ကျောင်းနဲ့ နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

နိုင်ငံတကာ

တောင်တရုတ် ပင်လယ်ထဲက ပိုင်နက် အငြင်းပွားရာ ရေပြင်မှာ ဖိလစ်ပိုင်ရဲ့ ဌာနဆိုင်ရာ ရေယာဉ်ကို တရုတ် ကမ်းခြေစောင့်တပ် ရေယာဉ် က ဝင်တိုက်ခဲ့ကြောင်း သိရပါတယ်။