Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မြောက်ကိုရီးယားကို ရုရှားက ရေငုပ်သင်္ဘော နည်းပညာတွေ ထောက်ပံ့ပေးနေတယ်လို့ ယုံကြည်ရ

တိုက်ခိုက်ရေး ရေငုပ်သင်္ဘော နည်းပညာ တိုးတက်ရေးအတွက် ရုရှားဆီကနေ မြောက်ကိုရီးယားက အကူအညီတွေ ရရှိနေတယ်လို့ ယုံကြည်ရကြောင်း တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးက ပြောပါတယ်။

ဓာတ်ပုံ - Getty Images

တိုက်ခိုက်ရေး ရေငုပ်သင်္ဘော နည်းပညာ တိုးတက်ရေးအတွက် ရုရှားဆီကနေ မြောက်ကိုရီးယားက အကူအညီတွေ ရရှိနေတယ်လို့ ယုံကြည်ရကြောင်း တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးက ပြောပါတယ်။

မြောက်ကိုရီးယားဟာ တိုက်ချင်းပစ် ဒုံးကျည်တွေ ပစ်လွှတ်နိုင်တဲ့ အဆင့်မြင့် ရေငုပ်သင်္ဘောတွေ တည်ဆောက်နိုင်ရေးမှာ ရုရှားဆီကနေ နည်းပညာ အကူအညီ ထဲထဲဝင်ဝင် ရရှိနေတယ်လို့ ယူဆရကြောင်း အန်းဂျူဘဲ့က ပြောပါတယ်။ သူက မြောက်ပိုင်း အိမ်နီးချင်း ကွန်မြူနစ် နိုင်ငံဟာ နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘောတွေ ပိုင်ဆိုင်နိုင်ရေး အတွက်လည်း ကြိုးပမ်းနေတယ်လို့ ယုံကြည်ရကြောင်း မှတ်ချက်ပေးသွားပါတယ်။

မြောက်ကိုရီးယား စစ်တပ်ဟာ တိုက်ချင်းပစ် ဒုံးကျည်တွေ ပစ်လွှတ်နိုင်တဲ့ ရေငုပ်သင်္ဘောတွေ ကိုယ်တိုင် တည်ဆောက် ထုတ်လုပ်နိုင်ဖို့ ကြိုးစားမယ်လို့ ကြေညာထားပါတယ်။ အရင်ကလည်း မြောက်ကိုရီးယားဟာ ရေငုပ်သင်္ဘော အခြေစိုက် တိုက်ချင်းပစ် ဒုံးကျည်တွေ စမ်းသပ် ပစ်ခတ်ခဲ့ဖူးပေမယ့် အောင်မြင်မှု ရှိမရှိ ဆိုတာကိုတော့ အတိအကျ အတည်မပြုနိုင်ပါဘူး။

မြောက်ကိုရီးယားဟာ ရေငုပ်သင်္ဘော အခြေစိုက် တိုက်ချင်းပစ် ဒုံးကျည်တွေ၊ နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘောတွေ ထုတ်လုပ်ရေးအတွက် ဆက်စပ် နည်းပညာ တော်တော်များများကို ရုရှားဆီက လက်ခံရရှိနေတယ်ဆိုဟာ ကောလာဟလ အဆင့်ထက် အများကြီး ပိုတယ်လို့ ယုံကြည်ရကြောင်း တောင်ကိုရီးယား လွှတ်တော်ဆီ အောက်တိုဘာ ၁၃ ရက်နေ့မှာ အစီရင်ခံချိန်မှာ အန်းက ပြောကြားသွားပါတယ်။

Public Service Announcement

Public Service Announcement

ရုရှားနဲ့ မြောက်ကိုရီးယားတို့ဟာ ပြီးခဲ့တဲ့ ၂ နှစ်တာအတွင်း စစ်ရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုတွေကို သိသိသာသာ မြှင့်တင်လာခဲ့ပါတယ်။ မြောက်ကိုရီးယားဟာ ယူကရိန်းနဲ့ စစ်ပွဲမှာ ရုရှားကို ကူညီပေးဖို့အတွက်လည်း စစ်သည် ၁၀၀၀၀ ကျော်ကို စေလွှတ်ပေးထားခဲ့ပါတယ်။

အပြန်အလှန် အနေနဲ့ ရုရှားကလည်း မြောက်ကိုရီးယားအတွက် စစ်ဘက်နည်းပညာနဲ့ စီးပွားရေး အကူအညီတွေ ထောက်ပံ့ပေးနေခဲ့တယ်လို့ တောင်ကိုရီးယား ထောက်လှမ်းရေးက သုံးသပ် ပြောကြားထားပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရုရှားနိုင်ငံ၊ မော်စကို မြို့တော်မှာ လက်လုပ်ဗုံးတစ်လုံး ပေါက်ကွဲမှုကြောင့် လူ ၃ ဦး သေဆုံးပြီး ၂၁ ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

သတင်း

နိုင်ငံပိုင်နက်ထဲ ဒုံးကျည် ကျရောက်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ ပိုလန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ရုရှား သံအမတ်ကို ဆင့်ခေါ်ပြီး ကန့်ကွက်ခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းတစ်နိုင်ငံလုံး အာရုံစိုက်ရတဲ့ သတင်းတစ်ပုဒ်ဖြစ်တဲ့ ရုရှားမောင်နှမ ပျောက်ဆုံးမှုဟာ လူသတ်မှုအဖြစ် အတည်ပြု ထွက်ပေါ်လာပါတယ်။

နိုင်ငံတကာ

ပိုလန်နိုင်ငံ ပိုင်နက်ထဲ ကျရောက်ခဲ့တဲ့ စစ်လက်နက်ဟာ ရုရှားရဲ့ ခရုစ်ဒုံးကျည် တစ်စင်း ဖြစ်ဖွယ်ရှိကြောင်း ပိုလန် အစိုးရက ပြောပါတယ်။