Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဂါဇာ အရပ်သားတွေကို တိုက်ခိုက်ဖို့ ဟားမားစ် ကြံစည်နေကြောင်း အမေရိကန်စွပ်စွဲ

အစ္စရေးနဲ့ အပစ်ရပ်ထားတဲ့ ကာလအတွင်း ဂါဇာမှာ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်ဖို့ ဟားမားစ်က ကြံစည်နေကြောင်း အမေရိကန် အစိုးရက စွပ်စွဲ ပြောကြားလိုက်ပါတယ်။

ဓာတ်ပုံ - APAImages/Shutterstock

အစ္စရေးနဲ့ အပစ်ရပ်ထားတဲ့ ကာလအတွင်း ဂါဇာမှာ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်ဖို့ ဟားမားစ်က ကြံစည်နေကြောင်း အမေရိကန် အစိုးရက စွပ်စွဲ ပြောကြားလိုက်ပါတယ်။

ဟားမားစ်ဟာ ဂါဇာရဲ့ ပါလက်စတိုင်း အရပ်သား ပြည်သူတွေကို တိုက်ခိုက်မှုတွေ သိပ်မကြာခင် စတင်လာတော့မယ် ဆိုတာကို ခိုင်မာတဲ့ သတင်း အချက်အလက် အထောက်အထားတွေ ရရှိထားတယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက အောက်တိုဘာ ၁၈ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

တကယ်လို့ ဟားမားစ်ဟာ အဲဒီ လုပ်ရပ်မျိုး ကျူးလွန်လာမယ် ဆိုရင်တော့ အမေရိကန်က ကြားဝင် စေ့စပ် ညှိနှိုင်းပေးထားတဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုအပေါ် တိုက်ရိုက်ကျကျနဲ့ အကြီးအကျယ် ချိုးဖောက်ရာ ရောက်လာမယ်လို့လည်း အမေရိကန်က သတိပေးခဲ့ပါတယ်။

နောက်ပြီး ဂါဇာမှာ စစ်ပွဲ အပြီးတိုင် ရပ်ဆိုင်းရေး အားထုတ်မှုတွေကိုလည်း ဆိုးဆိုးရွားရွား အနှောင့်အယှက်ပေးတဲ့ အဓိပ္ပါယ် ဖြစ်လာလိမ့်မယ်လို့ အမေရိကန်က ပြောပါတယ်။ ဟားမားစ်က အရပ်သားတွေကို တိုက်ခိုက်ဖို့ ကြံစည်နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပတ်သက်ပြီး ဘယ်လို အထောက်အထားတွေကို ကိုးကားခဲ့သလဲ ဆိုတာကိုတော့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက တိတိကျကျ ရှင်းမပြခဲ့ပါဘူး။

Public Service Announcement

Public Service Announcement

ဂါဇာမှာ အစ္စရေးနဲ့ အပစ်အခတ် ရပ်စဲထားချိန် အတောအတွင်း ဟားမားစ်ဟာ ပြိုင်ဘက် ပါလက်စတိုင်း လက်နက်ကိုင် တပ်ဖွဲ့တွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေ စတင်လာတယ်ဆိုတဲ့ သတင်းတွေတော့ ထွက်ပေါ်နေပါတယ်။ နောက်ပြီး ပြိုင်ဘက် အဖွဲ့အစည်းတွေရဲ့ တပ်ဖွဲ့ဝင်တွေကို ဟားမားစ်က လူမြင်ကွင်းမှာ ကွပ်မျက်တာတွေ လုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေလည်း ရှိနေပါတယ်။

အမေရိကန်က အဲဒီလို တိုက်ခိုက်မှုတွေနဲ့လည်း ပတ်သက်ပြီး ဟားမားစ်ကို ရပ်တန်းကရပ်ဖို့ သတိပေးထားပါတယ်။ အမေရိကန်ဟာ အပစ်ရပ် သဘောတူညီမှုရဲ့ ခိုင်မာလေးနက်မှုကို ကာကွယ်ဖို့ လုပ်သင့်တာတွေ အကုန် လုပ်မှာလို့လည်း ကြေညာချက်ထဲမှာ ပါရှိခဲ့ပါတယ်။

ဟားမားစ်ကတော့ အရပ်သားတွေကို တိုက်ခိုက်ဖို့ ပြင်ဆင်နေကြောင်း အမေရိကန်ရဲ့ စွပ်စွဲချက်အပေါ် ဘာမှတ်ချက်မှ မပေးသေးပါဘူး။

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကလည်း ဟားမားစ် အနေနဲ့ အရပ်သားတွေကို တိုက်ခိုက်တာမျိုး ယောင်လို့တောင် မစဉ်းစားဖို့ သတိပေးထားဖူးပါတယ်။ ဟားမားစ်ကသာ ဂါဇာမှာ အရပ်သားတွေကို သတ်ဖြတ်နေဦးမယ် ဆိုရင်တော့ အမေရိကန်မှာ ရွေးချယ်စရာ မရှိတော့ဘဲ ဂါဇာဒေသထဲဝင်ပြီး ဟားမားစ်ကို သုတ်သင်ဖို့သာ ရှိတော့မှာ ဖြစ်တယ်လို့ ထရမ့်က ခြိမ်းခြောက်ခဲ့ပါတယ်။

နောက်ပိုင်းကျတော့ ထရမ့်က သူ့စကားရဲ့ အဓိပ္ပါယ်က ဂါဇာကို အမေရိကန် မြေပြင်တပ်ဖွဲ့တွေ စေလွှတ်မယ်ဆိုတဲ့ သဘောတော့ မဟုတ်ဘူးလို့ ပြန်လည် ဖြေရှင်းသွားခဲ့ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ လက်ရွေးစင် အသင်း ကြုံတွေ့နေတဲ့ ကန့်သတ်ခံရမှုတွေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)ဆီ တရားဝင် အရေးဆိုသွားမယ်လို့ အီရန် ဘောလုံးအဖွဲ့ချုပ်က ပြောပါတယ်။

နိုင်ငံတကာ

ဆွစ်ဇာလန်မှာ အီရန် ကိုယ်စားလှယ်တွေနဲ့ သွားရောက်တွေ့ဆုံပြီး စစ်ပြေငြိမ်းရေး လုပ်ထုံးလုပ်နည်းဆိုင်ရာ သဘောတူညီမှုတွေအတွက် လက်မှတ်ရေးထိုးမယ့် ခရီးစဉ်ကို အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ်က ပယ်ဖျက်လိုက်ပါတယ်။

သတင်း

ပါရှန်း ပင်လယ်ကွေ့မှာ အီရန်ရေယာဉ်တွေကို တားဆီးဖို့ ဖြန့်ကျက်ထားတဲ့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန် စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်မှာ လမ်းပေါ် ပျက်ကျလာတဲ့ လေယာဉ်ထဲက ခရီးသည်တွေကို လမ်းသွားလမ်းလာတွေက ကြိုးကြိုးစားစား ကယ်ထုတ်ပေးခဲ့ကြပါတယ်။