Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တစ်ခွက်ကို ဒေါ်လာ ၁၀၀၀ နီးပါးတန်တဲ့ ကမ္ဘာ့စျေးအကြီးဆုံး ကော်ဖီကို ဒူဘိုင်းမှာ ရောင်းချ

တစ်ခွက်ကို အမေရိကန်ဒေါ်လာ ၁၀၀၀ နီးပါး ကျသင့်တဲ့ ကမ္ဘာ့စျေးအကြီးဆုံး ကော်ဖီကို အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး)နိုင်ငံ၊ ဒူဘိုင်းမြို့မှာ ရောင်းချနေပါတယ်။

ဓာတ်ပုံ - AFP

တစ်ခွက်ကို အမေရိကန်ဒေါ်လာ ၁၀၀၀ နီးပါး ကျသင့်တဲ့ ကမ္ဘာ့စျေးအကြီးဆုံး ကော်ဖီကို အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး)နိုင်ငံ၊ ဒူဘိုင်းမြို့မှာ ရောင်းချနေပါတယ်။

လူချမ်းသာ အများအပြား စုဝေးနေထိုင်ရာ မြို့ရဲ့ Julith ကဖေးဟာ ပနားမားကနေ အထူးရွေးချယ် မှာယူထားတဲ့ ကော်ဖီစေ့တွေကို အသုံးပြုပြီး အဲဒီ စျေးအကြီးဆုံး ကော်ဖီကို မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။

ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှု အသစ်တစ်ခုအတွက် ဒူဘိုင်းလောက် သင့်လျော်တဲ့နေရာ မရှိဘူးလို့ သူခံစားမိကြောင်း Julithရဲ့ ပူးတွဲထူထောင်သူ ဆာကန် ဆက်ဂ်ဆော့စ်က ပြောကြားခဲ့ပါတယ်။ နိုဝင်ဘာ ၁ ရက်နေ့က စတင်ရောင်းချပြီး သီးစုံမွှေးမြတဲ့ ရနံ့နဲ့ အဆင့်မြင့် ကော်ဖီစေ့ အရည်အသွေးကို ပေါင်းစပ်ထားတဲ့ ကော်ဖီတစ်ခွက်ဟာ ၃၆၀၀ ဒါဟမ်ငွေသား ကျသင့်မှာပါ။ ဒါဟာ အမေရိကန်ဒေါ်လာ ၉၈၀ လောက်နဲ့ ညီမျှပါတယ်။

ကော်ဖီထဲမှာ ပန်းပေါင်းစုံနဲ့ တခြားအမွှေးရနံ့တချို့ကိုလည်း အထူး သုတေသနပြုပြီး ပေါင်းစပ်ပေးထားတယ်လို့ ဇာတိ တူရကီနိုင်ငံမှာလည်း ကော်ဖီဆိုင်တစ်ခု ဖွင့်လှစ်ထားတဲ့ ဆက်ဂ်ဆော့စ်က ဆိုပါတယ်။ ဒေါ်လာ ၁၀၀၀ နီးပါးတန်တဲ့ သူ့ရဲ့ ကော်ဖီဟာ ပျားရည်ရဲ့ ချိုမြိန်မှု၊ ကော်ဖီရဲ့ စွဲလမ်းစေမှုနဲ့ နူးညံ့ထူးကဲတဲ့ အရသာကို ပေးစွမ်းလိမ့်မယ်လို့လည်း ဆက်ဂ်ဆော့စ်က အာမခံခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့လက ဒူဘိုင်းမှာ ရောင်းချနေတဲ့ ကော်ဖီဟာ ကမ္ဘာ့စျေးအကြီးဆုံး ဂင်းနစ်စံချိန် မှတ်တမ်းကို ပိုင်ဆိုင်ခဲ့ပါတယ်။ Roastersက ရောင်းချတဲ့ ကော်ဖီဟာ ၂၅၀၀ ဒါဟမ် တန်ဖိုးသတ်မှတ်ထားပါတယ်။ အခုတော့ အဲဒီထက်ပိုတဲ့ စျေးနဲ့ ကော်ဖီကို Julithက မိတ်ဆက်လာတာ ဖြစ်ပါတယ်။

အဲဒီ ကော်ဖီတွေဟာ တကယ်ပဲ တန်ဖိုးအားဖြင့် အဲဒီလောက် များပြားသင့်သလား ဆိုတာကတော့ အငြင်းအခုံတွေ ရှိနေကြဆဲပါ။ တချို့ကတော့ အရမ်းချမ်းသာတဲ့ သူဌေးသူကြွယ်တွေလောက်သာ မြည်းစမ်းကြည့်နိုင်မယ့် ကော်ဖီတွေ ဒူဘိုင်းမှာ အပြိုင်ရောင်းချတာက ဖက်ရှင်တစ်ခုလို အဆန်းထွင်နေတာလို့ ဝေဖန်ကြပါတယ်။ Julithကတော့ သူတို့ရဲ့ ကော်ဖီဟာ ပနားမားမှာ အကြာကြီး လေလံဆွဲပြီး စျေးကြီးပေး ဝယ်ခဲ့ရတဲ့ အဆင့်အမြင့်ဆုံး ကော်ဖီစေ့တွေကို အသုံးပြုထားပြီး ပေးရတဲ့ တန်ဖိုးနဲ့ တစ်ပြားမကျန် ထိုက်တန်စေရမယ်လို့ ကြွေးကြော်ထားပါတယ်။

အဲဒီကော်ဖီမှာ သုံးထားတဲ့ ကော်ဖီစေ့တွေအတွက် စုစုပေါင်း ၂၀ ကီလိုဂရမ်သာရှိတဲ့ ပမာဏကို ဒါဟမ်ငွေ ၂.၂ သန်း၊ တစ်နည်းအားဖြင့် ဒေါ်လာ ၆ သိန်းကျော်နဲ့ ဝယ်ယူခဲ့ရတာ ဖြစ်တယ်လို့ Julithရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

အဲဒီ ကော်ဖီစေ့တွေကို Nido 7 Geishaလို့ ခေါ်ပြီး ပနားမားရဲ့ ဘာရူမီးတောင်နားက သဘာဝ ချော်မြေတွေပေါ်မှာ စိုက်ပျိုးထားတာလို့ သိရပါတယ်။ လေလံ အောင်ပြီးတဲ့နောက် တချို့ ကော်ဖီဆိုင်တွေကလည်း Julithဆီက ကော်ဖီစေ့တွေကို ခွဲဝယ်ဖို့ ကမ်းလှမ်းခဲ့ပေမယ့် ဆိုင်ဖက်က ငြင်းဆန်ခဲ့ပြီး ဒူဘိုင်းရဲ့ တော်ဝင်မိသားစုကိုသာ အနည်းအကျဉ်း လက်ဆောင်ပေးခဲ့ကြောင်း သိရပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝတ်ထ်ဟာ ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမြို့ဆီ ထွက်ပြေး တိမ်းရှောင်သွားတယ်လို့ ယုံကြည်ရကြောင်း ထိုင်းမီဒီယာတွေက ဖော်ပြ​နေကြပါတယ်။

နိုင်ငံတကာ

အခုလို ရာသီဥတု ဖောက်ပြန် ပြောင်းလဲမှုတွေဟာ အာရေဘီးယား ကျွန်းဆွယ်တဝိုက်မှာ ဖြစ်ပွားနေတဲ့ မုန်တိုင်းစနစ် တစ်ခုနဲ့ ဆက်နွှယ်နေပါတယ်။

ဆောင်းပါး

မင်း​အောင်လှိုင်ရဲ့ မတရားတဲ့ဥပ​ဒေကို ​တော်လှန်ဖို့ နိုင်ငံတစ်ဝန်းမှာရဲရင့်တဲ့ လူငယ်​ထောင်​ပေါင်းများစွာဟာ​တော်လှန်​​ရေးအဖွဲ့​တွေဆီ သွား​ရောက်ပူး​ပေါင်းပြီးစစ်ပညာသင်ယူ​နေကြပါတယ်။

News

ကုသရေးစင်တာမှာ စောင့်ကြပ်ပြီး သတ်မှတ်ရက်ပြည့်တဲ့နောက် ကျန်းမာရေးကောင်းမွန်ကြလို့ ဆင်းခွင့်ပြုလိုက်ပြီး ၄ ဦးလုံး ကျန်းမာရေးကောင်းကြတယ်လို့လည်း စစ်ကောင်စီရဲ့ကျန်းမာရေးဝန်ကြီးဌာန က ဆိုထားပါတယ်။