Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အခွန်တိုးမြှင့် စည်းကြပ်မှုတွေကနေ စားသောက်ကုန် တချို့ကို ထရမ့် ဖယ်ရှားပေး

ပြည်တွင်းကို တင်သွင်းတဲ့ စားသောက်ကုန် အမျိုးအစား တော်တော်များများအတွက် အခွန်စည်းကြပ်မှုတွေ မြှင့်တင်ထားတကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြန်လည် ပယ်ဖျက်ပေးခဲ့ပါတယ်။

ဓာတ်ပုံ - The New York Times

ပြည်တွင်းကို တင်သွင်းတဲ့ စားသောက်ကုန် အမျိုးအစား တော်တော်များများအတွက် အခွန်စည်းကြပ်မှုတွေ မြှင့်တင်ထားတကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြန်လည် ပယ်ဖျက်ပေးခဲ့ပါတယ်။

မဟာမိတ်တွေ အပါအဝင် ကုန်သွယ်ဖက် နိုင်ငံတွေက အမေရိကန်ဆီ တင်သွင်းတဲ့ ကုန်စည်တွေကို ကွဲပြားတဲ့ အခွန်ပမာဏတွေ တိုးမြှင့် ကောက်ခံခြင်းဟာ ထရမ့်ရဲ့ အစိုးရ ကျင့်သုံးနေတဲ့ မဟာဗျူဟာ နိုင်ငံခြားရေးနဲ့ စီးပွားရေး မူဝါဒတစ်ခု ဖြစ်ပါတယ်။

ဒါပေမဲ့ တစ်ဖက်မှာလည်း အခွန်တွေ မြင့်လာတာကြောင့် ကုန်စည်စျေးနှုန်းတွေလည်း တက်လာတဲ့အပေါ် ဝေဖန်သံတွေ ဆူညံလာခဲ့ပါတယ်။ အစောပိုင်းမှာ ထရမ့်က သူ့ရဲ့ အခွန်မူဝါဒတွေကြောင့် အမေရိကန်မှာ လူနေမှုစရိတ်တွေ၊ အကုန်အကျတွေ မြင့်တက်လာနေတယ် ဆိုတာက သိပ်ပြီး ကြီးကြီးမားမား ပြဿနာ မဟုတ်ပါဘူးလို့ ပြောဆိုခဲ့ဖူးပါတယ်။

နိုဝင်ဘာ ၁၄ ရက်နေ့မှာတော့ ထရမ့်ဟာ စားသောက်ကုန် အများအပြားကို သူ့ရဲ့ သိမ်းကြုံးအခွန် တိုးမြှင့်မယ့် အစီအမံထဲက ကင်းလွတ်စေမယ့် အထူးအမိန့်ကို လက်မှတ် ရေးထိုးခဲ့ပါတယ်။ အဲဒီ အခွန်သတ်မှတ်ချက်ကနေ သက်သာရာရမယ့် ကုန်စည်တွေ စာရင်းမှာ ကော်ဖီ၊ ကိုကိုး၊ လက်ဖက်ခြောက်၊ ဗနီလာစေ့တွေ၊ အမဲသားနဲ့ ဆက်စပ် ပစ္စည်းတွေ၊ သစ်သီးဝလံ အမျိုးမျိုး၊ ဟင်းခတ် အမွှေးအကြိုင်တွေ၊ အစေ့အဆန် အမျိုးမျိုး၊ ခရမ်းချဉ်သီး၊ အုန်းသီး စတာတွေ ပါဝင်ပါတယ်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ – Reuters

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ပြုလုပ်ခဲ့တဲ့ ဒေသဆိုင်ရာ ရွေးကောက်ပွဲတွေမှာ ပြိုင်ဘက် ဒီမိုကရက်တစ် ပါတီက အသာရခဲ့တဲ့နောက် ထရမ့်ဟာ လူထုကြားမှာ ဝေဖန်နေတဲ့ စရိတ်စက ကြီးမြင့်မှု ပြဿနာကို ပြန်ပြီး အာရုံစိုက်လာဟန် ရှိတယ်လို့ နိုင်ငံရေး အကဲခတ်တွေက ပြောပါတယ်။

ထရမ့်အစိုးရရဲ့ ထုတ်ပြန်ချက်မှာတော့ အခုလို အခွန်လျှော့ပေါ့ ကင်းလွတ်ခွင့် ပေးခဲ့တဲ့ စားသောက်ကုန်တွေဟာ အမေရိကန်မှာ ပြည်တွင်း အလုံအလောက် ထုတ်လုပ်နိုင်စွမ်း မရှိတဲ့ အမျိုးအစားတွေ ဖြစ်တယ်လို့ ပါရှိပါတယ်။

အမေရိကန်မှာ အလုံးအရင်း မထုတ်လုပ်နိုင်တဲ့ ကုန်စည်တွေကိုပဲ အခွန်ဖြေလျှော့ပေးလိုက်တာ ဖြစ်တာကြောင့် အမေရိကန်ရဲ့ ပြည်တွင်း ကုန်စည် အမျိုးအစားတွေအပေါ် ထိခိုက်စေတာမျိုး ရှိမှာမဟုတ်ကြောင်း ထရမ့်က ဆိုပါတယ်။ နောက်ထပ် အခွန်လျှော့ချပေးမယ့် ကုန်စည်တွေ ရှိလာဦးမလားလို့ သတင်းထောက်တွေက မေးမြန်းတဲ့အခါ သူက ဒါမျိုး ထပ်လိုအပ်တော့မယ် မထင်ကြောင်း တုံ့ပြန်သွားခဲ့ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

သမ္မတ ဒေါ်နယ်လ်ထရမ့် ပိုင်ဆိုင်တဲ့ ဂေါက်ကွင်းနားမှာ လက်နက်ကိုင်ပြီး မသင်္ကာစရာ လှုပ်ရှားနေသူ တစ်ဦးကို ဖမ်းဆီးထားကြောင်း အမေရိကန် အာဏာပိုင်တွေက အတည်ပြုခဲ့ပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြား ပြန်ဖွင့်နိုင်ရေးအတွက် အီရန်နဲ့ သဘောတူညီမှု တစ်ခုကို ရက်ပိုင်းအတွင်း ရယူနိုင်ဖို့ အမေရိကန်က မျှော်လင့်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

အီရန်ဟာ ဦးခေါင်းပိုင်းကို ဖြတ်တောက်ခံရမယ့် အခြေအနေကို ရှောင်လွှဲဖို့ နောက်ဆုံးတစ်ကြိမ်ပဲ အခွင့်အရေး ရတော့မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သတိပေး ပြောကြားလိုက်ပါတယ်။

သတင်း

အီရန်နဲ့ ဆွေးနွေးမှု အသစ်တွေကို ဩဂုတ် ၃ ရက်နေ့မှာ နောက်တစ်ကျော့ ပြန်စနိုင်ဖို့ ရည်ရွယ်ထားကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။