Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဒူဘိုင်းမှာ အိန္ဒိယ တိုက်လေယာဉ် ပျက်ကျမှု စတင် စုံစမ်းစစ်ဆေးနေ

ဒူဘိုင်း လေကြောင်းပြပွဲမှာ အိန္ဒိယ တိုက်လေယာဉ် ပျက်ကျခဲ့တဲ့ ဖြစ်စဉ်အတွက် စုံစမ်းစစ်ဆေးမှုတွေ စတင်နေပြီလို့ သိရပါတယ်။

ဓာတ်ပုံ - Reuters

ဒူဘိုင်း လေကြောင်းပြပွဲမှာ အိန္ဒိယ တိုက်လေယာဉ် ပျက်ကျခဲ့တဲ့ ဖြစ်စဉ်အတွက် စုံစမ်းစစ်ဆေးမှုတွေ စတင်နေပြီလို့ သိရပါတယ်။

နိုဝင်ဘာ ၂၁ ရက်နေ့က အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) နိုင်ငံရဲ့ ဒူဘိုင်းမြို့က လေကြောင်းပြပွဲမှာ ပါဝင် ပျံသန်းရင်း အိန္ဒိယ ပြည်တွင်းဖြစ် တိုက်လေယာဉ် HAL Tejas တစ်စီး ပျက်ကျခဲ့တာပါ။ အဲဒီဖြစ်စဉ်မှာ လေယာဉ်မှူး သေဆုံးခဲ့ပါတယ်။

လေယာဉ်ပျက်ကျတဲ့ နေရာမှာ ပြင်းထန်တဲ့ ပေါက်ကွဲမှုဖြစ်ပြီး မည်းနက်တဲ့ မီးခိုးလုံးတွေ ထိုးတက်လာတာကို အဝေးကနေ မြင်ခဲ့ရပါတယ်။ လေကြောင်းပြပွဲကို ရောက်ရှိနေတဲ့ ဧည့်ပရိသတ်တွေဟာ အဲဒီ ထိတ်လန့်စရာ မြင်ကွင်းကြောင့် အကြီးအကျယ် တုန်လှုပ်ခဲ့ကြပါတယ်။

အိန္ဒိယ လေတပ်က Tejas တိုက်လေယာဉ် ပျက်ကျမှုအတွင်း လေယာဉ်မှူး သေဆုံးခဲ့တယ် ဆိုတာကို အတည်ပြုခဲ့ပါတယ်။ သေဆုံးသူရဲ့ မိသားစုနဲ့ထပ်တူ ကြေကွဲဝမ်းနည်းကြောင်း လေတပ်က ထုတ်ပြန်ပြီး လေယာဉ် ပျက်ကျရတဲ့ အကြောင်းရင်းကို ယူအေအီးရဲ့ စုံစမ်းစစ်ဆေးရေး အရာရှိတွေနဲ့အတူ ဆန်းစစ် ရှာဖွေနေတယ်လို့ လေတပ်က ကြေညာခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

လေယာဉ် မပျက်ကျခင် ရက်ပိုင်းတုန်းက ဒူဘိုင်းကို ရောက်နေတဲ့ Tejas တိုက်လေယာဉ် ၃ စီးထဲက ၁ စီးမှာ ဆီယိုနေတယ်ဆိုတဲ့ ဓာတ်ပုံတွေ ထွက်ပေါ်ခဲ့ပါသေးတယ်။ ဒါပေမဲ့ လေတပ်ကတော့ ပျက်ကျခဲ့တာက ဆီယိုခဲ့တဲ့ လေယာဉ် မဟုတ်ဘူးလို့ ပြောပါတယ်။

လေယာဉ်ပျက်ကျရတဲ့ အကြောင်းရင်းကို အတိအကျ မသိရသေးပေမယ့် လေယာဉ်မှူးဟာ အနိမ့်ပိုင်းမှာ လေယာဉ်ကို ရုတ်တရက် လမ်းကြောင်းပြောင်း ပျံသန်းတဲ့အချိန် ရုတ်တရက် အင်ဂျင်ရပ်တဲ့ stallဖြစ်စဉ်နဲ့ ကြုံသွားခဲ့တာဆိုတဲ့ ယူဆမှုတွေ ရှိနေပါတယ်။

လေယာဉ်ပျက်ကျမှုအပြီး တစ်နာရီခွဲလောက် အကြာမှာတော့ လေကြောင်းပြပွဲကို ပုံမှန်အတိုင်း ဆက်ပြီး ကျင်းပခဲ့ပါတယ်။

Tejasဟာ အိန္ဒိယရဲ့ ပြည်တွင်းဖြစ် တိုက်လေယာဉ်ဖြစ်ပြီး Hindustan Aeronautics Limited (HAL)က တာဝန်ယူ ထုတ်လုပ်ပါတယ်။ အဲဒီ အင်ဂျင်တစ်လုံးတပ် အပေါ့စား တိုက်လေယာဉ်တွေကို အိန္ဒိယ ကာကွယ်ရေး ဝန်ကြီးဌာနက နောက်ထပ် ၉၇ စီး မှာယူထားပြီး ၂၀၂၇ စလို့ တစ်သုတ်ချင်းစီ လက်ခံရရှိမှာပါ။ အိန္ဒိယဟာ ၂၀၂၁ တုန်းကလည်း Tejas တိုက်လေယာဉ် ၈၁ စီးကို မှာယူထားပေမယ့် လက်တွေ့ တင်ပို့မှု အပိုင်းမှာ နှောင့်နှေးမှုတွေ ကြုံနေဆဲပါ။ အကြောင်းရင်းကတော့ လေယာဉ်ရဲ့ အင်ဂျင်တွေကို အမေရိကန်ကနေ မှာယူတင်သွင်းရပေမယ့် ပစ္စည်းပြတ်လပ်မှုတွေ ဖြစ်ပေါ်နေတာကြောင့်လို့ သိရပါတယ်။

ကိုးကား: Sky

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရေနံအပြည့် သယ်ဆောင်ထားတဲ့ ရေနံတင် သင်္ဘောတစ်စီးကို အီရန်က တိုက်ခိုက်ခဲ့တာကြောင့် သင်္ဘောကိုယ်ထည် ပျက်စီးပြီး မီးလောင်မှုတွေ ဖြစ်ခဲ့ကြောင်း ကူဝိတ် အစိုးရပိုင် KUNA သတင်းဌာနက ပြောပါတယ်။

မေးမြန်းခန်း

အ​မေရီကန်နဲ့ အစ္စ​က အီရန် နဲ့စစ်ဖြစ်​နေတာမှာ အ​ရှေ့အလယ်ပိုင်း​ရောက်မြန်မာ​တွေအ​ပေါ် ဘယ်လိုသက်​ရောက်​နေလဲသိနိုင်ဖို့ ယူ​အေအီးနိုင်ငံ ၊ဒူဘိုင်းမြို့မှာအလုပ်လုပ်​နေတဲ့ ကိုမိုက်ကယ်ကို မတ်လ ၂ ရက်နဲ့ မတ်လ ၃ ရက်မှာဆက်သွယ်​မေး​မြန်းထားပါတယ်။

နိုင်ငံတကာ

အီရန်ရဲ့ တိုက်ခိုက်မှုတွေ ကြုံလာတဲ့နောက် အရှေ့အလယ်ပိုင်း ဒေသရဲ့ ဇိမ်ခံမြို့တော်ကြီး ဒူဘိုင်းကနေ သူဌေးသူကြွယ်တွေ အလုအယက် ထွက်ပြေး တိမ်းရှောင်ကုန်ပြီး လေယာဉ် စင်းလုံးငှား စျေးနှုန်းတွေ မြင့်တက်လာခဲ့ပါတယ်။

နိုင်ငံတကာ

တစ်ခွက်ကို အမေရိကန်ဒေါ်လာ ၁၀၀၀ နီးပါး ကျသင့်တဲ့ ကမ္ဘာ့စျေးအကြီးဆုံး ကော်ဖီကို အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး)နိုင်ငံ၊ ဒူဘိုင်းမြို့မှာ ရောင်းချနေပါတယ်။