Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အိမ်ဖြူတော်နားမှာ ပစ်ခတ်မှုဖြစ်၊ စစ်သားနှစ်ယောက် အပြင်းအထန် ဒဏ်ရာရ

အိမ်ဖြူတော်နားမှာ ပစ်ခတ်မှုတစ်ခု ဖြစ်ပွားပြီး အမေရိကန် လုံခြုံရေး တပ်ဖွဲ့ဝင်နှစ်ဦး အပြင်းအထန် ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

ဓာတ်ပုံ - AP

အိမ်ဖြူတော်နားမှာ ပစ်ခတ်မှုတစ်ခု ဖြစ်ပွားပြီး အမေရိကန် လုံခြုံရေး တပ်ဖွဲ့ဝင်နှစ်ဦး အပြင်းအထန် ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

နိုဝင်ဘာ ၂၆ ရက်နေ့က ဝါရှင်တန်ဒီစီ မြို့တော်ထဲမှာ အိမ်ဖြူတော်နဲ့ ဘလောက် နှစ်ခုလောက် အကွာမှာတင် ပစ်ခတ်မှု ဖြစ်ခဲ့တာပါ။ အဲဒီဖြစ်စဉ်အတွင်း အမေရိကန်ရဲ့ အရန်တပ်ဖြစ်တဲ့ အမျိုးသား အစောင့်တပ်ဖွဲ့ စစ်သား ၂ ဦး ဒဏ်ရာရခဲ့ပါတယ်။

ဝါရှင်တန်ဒီစီ မြို့တော်ဝန်ရုံး ကြေညာချက်မှာတော့ ဒီကိစ္စဟာ ပစ်မှတ်ကို ရည်ရွယ်ချက်ရှိရှိ ရွေးချယ်ခဲ့တဲ့ တိုက်ခိုက်မှု ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ တစ်ကိုယ်တော် သေနတ်သမားဟာ အနောက်ဗာဂျီးနီးယား ဒေသခံ စစ်သားနှစ်ယောက်ကို ပစ်ခတ်ခဲ့ကြောင်း၊ သေနတ်သံကို ကြားခဲ့တဲ့ အနီးမှာရှိတဲ့ နောက်ထပ် စစ်သားတစ်ဦးက သူ့ကို ပစ်ခတ် ဟန့်တားခဲ့ရပါတယ်။

သတင်းတွေကတော့ သေနတ်သမားဟာ အသက် ၂၉ နှစ်အရွယ် အာဖဂန် နစ္စတန် နိုင်ငံသား ရာမန်ညူလာ လာကန်ဝယ်လ် ဆိုသူဖြစ်ပြီး ၂၀၂၁ ခုနှစ်မှာ အမေရိကန်ကို ရောက်ရှိနေခဲ့တာလို့ ဖော်ပြကြပါတယ်။ သူဟာ သေနတ်ဒဏ်ရာနဲ့ ထိန်းသိမ်းခံထားရပေမယ့် အသက်အန္တရာယ်တော့ မစိုးရိမ်ရဘူးလို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ပစ်ခတ်မှုမှာ လာကန်ဝယ်လ် အသုံးပြုခဲ့တဲ့ လက်နက် အမျိုးအစားကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ အခင်းဖြစ်တဲ့ အချိန်တုန်းက အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ အိမ်ဖြူတော်မှာ ရှိမနေခဲ့ဘဲ ဖလော်ရီဒါကို ရောက်နေခဲ့ပါတယ်။

ပစ်ခတ်မှုရဲ့ နောက်ကွယ်က စေ့ဆော်မှု အကြောင်းတရားကို စုံစမ်းနေဆဲ ဖြစ်ပေမယ့် ထရမ့်ကတော့ ဒါဟာ အကြမ်းဖက်မှု တစ်ခုလို့ စွပ်စွဲခဲ့ပြီး ကျူးလွန်သူဟာ ကြီးကြီးမားမား ပေးဆပ်ရလိမ့်မယ်လို့ ကြုံးဝါးထားပါတယ်။

အမေရိကန် ဖက်ဒရယ် ထောက်လှမ်းရေးဗျူရို (FBI)ရဲ့ အဆိုအရ ပစ်မှတ်ဖြစ်ခဲ့တဲ့ စစ်သားနှစ်ယောက်ဟာ မြို့ထဲက လမ်းဆုံနေရာ တစ်ခုမှာ ထင်သာမြင်သာ ကင်းလှည့်နေခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ FBIဟာ အခုဖြစ်ရပ်နဲ့ ပတ်သက်လို့ စုံစမ်းမှုတွေကို ဦးဆောင်နေပါတယ်။

ဝါရှင်တန်ဒီစီ ရဲတပ်ဖွဲ့ရဲ့ ဒုတိယ အကြီးအကဲ ဂျက်ဖ်ကာရိုးလ်ကတော့ သေနတ်သမားဟာ လမ်းထောင့်ကနေ ရုတ်တရက် ထွက်လာပြီး စစ်သားတွေကို ပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။ ဒါဟာ အငိုက်ဖမ်း ချုံခို တိုက်ခိုက်မှု ပုံစံမျိုးပဲလို့လည်း သူက ဆိုပါတယ်။

ပစ်ခတ်မှု သံသယ တရားခံဟာ ကျည်ဆန် ၄ ချက်ထိ ထိမှန်တဲ့ ဒဏ်ရာ ရထားပါတယ်။ သူ့ကို စုံစမ်းမှုတွေ စတင်နေပြီ ဖြစ်ပေမယ့် မေးမြန်းမှုတွေကို ဖြေကြားတာမျိုး၊ စုံစမ်းစစ်ဆေးမှုမှာ ပူးပေါင်းတာမျိုး မရှိသေးဘူးလို့လည်း သိရပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြား ပြန်ဖွင့်နိုင်ရေးအတွက် အီရန်နဲ့ သဘောတူညီမှု တစ်ခုကို ရက်ပိုင်းအတွင်း ရယူနိုင်ဖို့ အမေရိကန်က မျှော်လင့်နေကြောင်း သိရပါတယ်။

သတင်း

အီရန်နဲ့ ဆွေးနွေးမှု အသစ်တွေကို ဩဂုတ် ၃ ရက်နေ့မှာ နောက်တစ်ကျော့ ပြန်စနိုင်ဖို့ ရည်ရွယ်ထားကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။

နိုင်ငံတကာ

အခြေအနေတွေ ပိုမိုတင်းမာလာရင် အမြန်ဆုံး ထွက်ခွာကြဖို့၊ ဒါမှမဟုတ် ထွက်ခွာနိုင်အောင် အသင့်ပြင်ထားဖို့ အရှေ့အလယ်ပိုင်း ဒေသတွင်း နိုင်ငံတွေမှာ ရှိနေတဲ့ အမေရိကန် နိုင်ငံသားတွေကို အမေရိကန် အစိုးရက တိုက်တွန်းခဲ့ပါတယ်။