Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထိုင်ဝမ်ကိစ္စနဲ့ ပတ်သက်ပြီး တရုတ်ကို ရန်မစဖို့ ဂျပန်ဝန်ကြီးချုပ်ကို ထရမ့် အကြံပေး

ထိုင်ဝမ် ကိစ္စနဲ့ ပတ်သက်လို့ တရုတ်ကို ရန်သွားမစဖို့ ဂျပန်ဝန်ကြီးချုပ်ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အကြံပေးထားကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။

ဓာတ်ပုံ - Reuters

ထိုင်ဝမ် ကိစ္စနဲ့ ပတ်သက်လို့ တရုတ်ကို ရန်သွားမစဖို့ ဂျပန်ဝန်ကြီးချုပ်ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အကြံပေးထားကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။

Wall Street Journal (WSJ)ရဲ့ နိုဝင်ဘာ ၂၇ ရက်နေ့ သတင်းထဲမှာတော့ ထရမ့်ဟာ လက်ရှိ တရုတ်နဲ့ သံတမန်ရေး အကျပ်အတည်းတွေ ကြုံနေတဲ့ ဂျပန်ဝန်ကြီးချုပ် စာနအဲ တကအိချိကို အခုလို အကြံပေးခဲ့တာလို့ သိရပါတယ်။

နိုဝင်ဘာ လဆန်းတုန်းက တကအိချိက ထိုင်ဝမ်ကိစ္စနဲ့ ပြောဆိုခဲ့တဲ့ မှတ်ချက်တစ်ခုကြောင့် တရုတ်နဲ့ တင်းမာမှုတွေ စတင်လာခဲ့တာပါ။ ဂျပန်ဝန်ကြီးချုပ်က တကယ်လို့ တရုတ်သာ ထိုင်ဝမ်ကျွန်းကို စစ်ပြုတိုက်ခိုက်ရင် ထိုင်ဝမ်ကို ကူဖို့ ဂျပန်ကလည်း စစ်တပ်တွေ စေလွှတ်ရမယ် ဆိုတဲ့ အဓိပ္ပါယ်မျိုး ပြောကြားခဲ့တဲ့နောက် တရုတ်က အကြီးအကျယ် ဒေါသထွက်ခဲ့တာ ဖြစ်ပါတယ်။

တကအိချိကတော့ သူ့ရဲ့ စကားကို ပြန်မရုပ်သိမ်းသလို တရုတ်ကို တမင်ရန်စဖို့ ပြောခဲ့တာ မဟုတ်ကြောင်း၊ ဒီသဘောထားဟာ ဂျပန်ရဲ့ အခြေခံ အကျဆုံး နိုင်ငံခြားရေးနဲ့ ကာကွယ်ရေး မူဝါဒ စည်းမျဉ်းတွေနဲ့အညီ ပြောဆိုခဲ့တာဖြစ်ကြောင်း တုံ့ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

အခု သီတင်းပတ် အစောပိုင်းတုန်းက တရုတ် သမ္မတ ရှီကျင့်ဖျင်ဟာ ထရမ့်နဲ့ ဖုန်းဆက် ဆွေးနွေးခဲ့ရာမှာ ထိုင်ဝမ် အရေးနဲ့ ပတ်သက်လို့ အတော်လေး ဖိဖိစီးစီး ချဉ်းကပ် ပြောဆိုခဲ့ပါတယ်။ တရုတ်က ပိုင်နက်နယ်မြေ တစ်ခုအဖြစ် သတ်မှတ်ထားတဲ့ ထိုင်ဝမ်ကျွန်းကို တရုတ်လက်အောက် ပြန်လည် သိမ်းသွင်းယူဖို့ ဆိုတာဟာ ဒုတိယ ကမ္ဘာစစ်နောက်ပိုင်း ကမ္ဘာ့ရေးရာ အခင်းအကျင်းသစ်ကို တည်ဆောက်ရာမှာ အထူးအရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခု အနေနဲ့ ပါဝင်နေကြောင်း ရှီက ဆိုပါတယ်။

ရှီနဲ့ ဖုန်းပြောပြီး သိပ်မကြာခင်မှာပဲ ထရမ့်ဟာ တကအိချိဆီ ဖုန်းခေါ်ခဲ့ကြောင်း၊ ပြီးတော့ ထိုင်ဝမ်ကျွန်းရဲ့ အချုပ်အခြာ အာဏာ ပိုင်ဆိုင်ခွင့်ကို အကြောင်းပြုပြီး တရုတ်ကို ရန်စတာမျိုး မလုပ်ဖို့ အကြံပေးခဲ့ကြောင်း WSJက ဖော်ပြခဲ့ပါတယ်။

ခေါင်းဆောင်နှစ်ဦးကြားက ဖုန်းခေါ်ဆိုမှုကို သိရှိထားတဲ့ အမေရိကန်နဲ့ ဂျပန် အစိုးရ သတင်းရင်းမြစ်တွေက ထရမ့်ဟာ တကအိချိ ပြောဆိုခဲ့တဲ့ မှတ်ချက်ကို ပြန်ရုပ်သိမ်းဖို့ ဖိအားပေးတာမျိုးတော့ မရှိခဲ့ဘူးလို့ WSJဆီ အတည်ပြုခဲ့ပါတယ်။

တကာအိချိရဲ့ ပြောရေးဆိုခွင့်ရ အရာရှိဆီ AFP သတင်းဌာနက ဒီကိစ္စနဲ့ ပတ်သက်ပြီး ဆက်သွယ် မေးမြန်းထားပေမယ့် အကြောင်းပြန်မှုတော့ မရသေးပါဘူး။

တရုတ်ဟာ ထိုင်ဝမ်ကျွန်းကို ပိုင်နက်နယ်မြေ တစ်ခုအဖြစ် သတ်မှတ်ထားပြီး လိုအပ်လာရင် စစ်အင်အားသုံး တိုက်ခိုက် သိမ်းယူမယ်လို့ပါ ခြိမ်းခြောက်ထားပါတယ်။ ဒီမိုကရေစီ စနစ်ထွန်းကားတဲ့ ထိုင်ဝမ်ကတော့ ကိုယ်ပိုင် သီးခြားရပ်တည်မှုကိုသာ လိုလားနေပြီး တရုတ်နဲ့ ပူးပေါင်းရေးကို ငြင်းဆိုထားပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြား ပြန်ဖွင့်နိုင်ရေးအတွက် အီရန်နဲ့ သဘောတူညီမှု တစ်ခုကို ရက်ပိုင်းအတွင်း ရယူနိုင်ဖို့ အမေရိကန်က မျှော်လင့်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ကျူရှူးကျွန်းပေါ်က ငလျင်ဘေးသင့် ကူမာမိုတို ဒေသဆီ ဂျပန်ဝန်ကြီးချုပ် စနအဲ တကိချိက ကိုယ်တိုင် သွားရောက်ခဲ့ပြီး ကယ်ဆယ်ရေး အဖွဲ့ဝင်တွေ၊ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်ဟာ ဦးခေါင်းပိုင်းကို ဖြတ်တောက်ခံရမယ့် အခြေအနေကို ရှောင်လွှဲဖို့ နောက်ဆုံးတစ်ကြိမ်ပဲ အခွင့်အရေး ရတော့မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သတိပေး ပြောကြားလိုက်ပါတယ်။

သတင်း

အီရန်နဲ့ ဆွေးနွေးမှု အသစ်တွေကို ဩဂုတ် ၃ ရက်နေ့မှာ နောက်တစ်ကျော့ ပြန်စနိုင်ဖို့ ရည်ရွယ်ထားကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။