Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထိုင်ဝမ်ကျွန်းကို ပတ်လည်ဝိုင်းပြီး တရုတ် စစ်ရေးလေ့ကျင့်

ခွဲထွက်ရေး အင်အားစုတွေကို သတိပေးဖို့ဆိုတဲ့ ကြိမ်းဝါးမှုနဲ့အတူ ထိုင်ဝမ်ကျွန်းကို ပတ်လည်ဝိုင်းပြီး တရုတ်က စစ်ရေးလေ့ကျင့်မှုတစ်ခု လုပ်ဆောင်ခဲ့ပါတယ်။

ဓာတ်ပုံ - Getty Images

ခွဲထွက်ရေး အင်အားစုတွေကို သတိပေးဖို့ဆိုတဲ့ ကြိမ်းဝါးမှုနဲ့အတူ ထိုင်ဝမ်ကျွန်းကို ပတ်လည်ဝိုင်းပြီး တရုတ်က စစ်ရေးလေ့ကျင့်မှုတစ်ခု လုပ်ဆောင်ခဲ့ပါတယ်။

အဲဒီ စစ်ရေးလေ့ကျင့်မှုဟာ စစ်ပွဲဖြစ်လာရင် ထိုင်ဝမ်ရဲ့ အဓိကကျတဲ့ ဇုန်နယ်မြေတွေကို ပိတ်ဆို့ပြီး အဆက်အသွယ် ဖြတ်တောက်ဖို့ သရုပ်တူ ပြင်ဆင်ထားတာကို တွေ့ရပါတယ်။

လက်နက်ခဲယမ်း အစစ်တွေကို အသုံးပြု ပစ်ခတ်မယ့် Justice Mission 2025 စစ်ရေး လေ့ကျင့်မှုမှာ ပါဝင်ဖို့ ကြည်းတပ်၊ ရေတပ်၊ လေတပ်နဲ့ ဒုံးကျည်တပ်တွေကို စေလွှတ်ထားတယ်လို့ တရုတ်စစ်ဘက်က ထုတ်ပြန်ပါတယ်။

အမေရိကန်က ထိုင်ဝမ်ကို ဒေါ်လာ ၁၁ ဘီလီယံဖိုး စစ်လက်နက်တွေ ရောင်းချပေးမယ်လို့ ကြေညာခဲ့ပြီး ရက်ပိုင်းအကြာမှာ တရုတ်က အခုလိုမျိုး ရန်လိုတဲ့ စစ်ရေးလေ့ကျင့်မှုမျိုးကို အကောင်အထည် ဖော်လာတာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီ လက်နက် အရောင်းအဝယ် ကိစ္စကို တရုတ်က အပြင်းအထန် ကန့်ကွက်ခဲ့သလို အမေရိကန် ကာကွယ်ရေး နည်းပညာ လုပ်ငန်းစုကြီး တချို့ကိုလည်း ပိတ်ဆို့ အရေးယူမှုတွေ သတ်မှတ် ကြေညာခဲ့ပါတယ်။

တရုတ်ဟာ ထိုင်ဝမ်ကျွန်းကို ပိုင်နက်နယ်မြေ တစ်ခုအဖြစ် သတ်မှတ်ထားပြီး လိုအပ်လာရင် စစ်အင်အားသုံး တိုက်ခိုက်သိမ်းယူမယ်လို့ အတိအလင်း ခြိမ်းခြောက်ထားပါတယ်။ တရုတ်ဟာ ထိုင်ဝမ် အစိုးရကိုလည်း ခွဲထွက်ရေး အင်အားစုတွေလို့ သတ်မှတ်ထားပါတယ်။ တရုတ်ရဲ့ ပစ်ကွင်းထဲ အချိန်ပြည့် ရောက်နေတဲ့ ထိုင်ဝမ်ကလည်း ကာကွယ်ရေး အစီအမံတွေကို အင်တိုက်အားတိုက် ကြိုးစား မြှင့်တင်နေပါတယ်။

ထိုင်ဝမ်ကျွန်းကို ပတ်လည်ဝိုင်းပြီး စစ်ရေးလေ့ကျင့်ခဲ့တဲ့ တရုတ်ရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ထိုင်ဝမ် သမ္မတရုံးက ဝေဖန်ခဲ့သလို နိုင်ငံတကာ ကျင့်ဝတ် စည်းမျဉ်းတွေကို ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေတဲ့ လုပ်ရပ်လို့ စွပ်စွဲခဲ့ပါတယ်။

ထိုင်ဝမ် ကာကွယ်ရေး ဝန်ကြီးက ကျွန်းတဝိုက်မှာ တရုတ်ရဲ့ လေယာဉ်နဲ့ ရေယာဉ်တွေ လှည့်ပတ်သွားလာနေတာကို ဒီဇင်ဘာ ၂၉ ရက် မနက်ပိုင်းကစလို့ ထောက်လှမ်း တွေ့ရှိခဲ့ကြောင်း ပြောပါတယ်။ ဒါကြောင့် ထိုင်ဝမ်ကလည်း ဒုံးကျည်တွေကို အသင့်ပြင်ဆင်ထားသလို အခြေအနေကို မျက်ခြေမပြတ် စောင့်ကြည့်နေတယ်လို့ သိရပါတယ်။

ထိုင်ဝမ်နဲ့ ပတ်သက်တဲ့ စစ်ဆင်ရေးတွေကိုပါ ကွပ်ကဲရတဲ့ တရုတ် အရှေ့ပိုင်းတိုင်း စစ်နယ်မြေ ဌာနချုပ်ကတော့ အခုစစ်ရေးလေ့ကျင့်မှုတွေရဲ့ ရည်ရွယ်ချက်က တရားမျှတမှုကို ကာကွယ် စောင့်ရှောက်ဖို့ ဖြစ်တယ်လို့ ပြောပါတယ်။

ဒီဇင်ဘာ ၂၉ ရက်နေ့မှာ စစ်ရေးလေ့ကျင့်မှုတွေ စတင်နေပေမယ့် တကယ့် အင်နဲ့အားနဲ့ လေ့ကျင့်မှုတွေကတော့ ဒီဇင်ဘာ ၃၀ မနက်ပိုင်းမှာ စတင်မယ်လို့လည်း တရုတ်စစ်တပ်က ထုတ်ပြန်ထားပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ် တိုက်လေယာဉ်တွေ ဝယ်ယူဖို့ ဘင်္ဂလားဒေ့ရှ်က ကမ်းလှမ်းထားတဲ့အပေါ် အိန္ဒိယက စိုးရိမ်တကြီး စောင့်ကြည့် လေ့လာနေကြောင်း သိရပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

အရှေ့တောင်အာရှနိုင်ငံများအစည်းအရုံး(အာဆီယံ)နဲ့ကုလသမဂ္ဂ (UN) လိုနိုင်ငံတကာအဖွဲ့အစည်းတွေမှာတရုတ်နဲ့ မြန်မာကြားပူးပေါင်းဆောင် ရွက်မှုတွေမြှင့်တင်သွားမယ်လို့အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့တရုတ်နိုင်ငံခရီးစဉ်အတွင်းပူးတွဲထုတ်ပြန်ချက်မှာဖော်ပြလာခဲ့ပါတယ်။

နိုင်ငံတကာ

မြေရှား သတ္တုတွေ ရရှိနိုင်ရေးအတွက် တရုတ်အပေါ် အလွန်အကျွံ မှီခိုနေရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ စီးပွားရေး အင်အားကြီး နိုင်ငံတွေ စုဖွဲ့ထားတဲ့ G7 ထိပ်သီး ညီလာခံမှာ ဆွေးနွေးခဲ့ကြပါတယ်။