Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဂါဇာ တည်ငြိမ်ရေးအတွက် တပ်အင်အား ၈၀၀၀ လောက် စေလွှတ်ပေးမယ်လို့ အင်ဒိုနီးရှားပြော

ဂါဇာကမ်းမြှောင်ဒေသ တည်ငြိမ်အေးချမ်းအောင် ကူညီနိုင်ရေး မစ်ရှင်အတွက် စစ်သည်အင်အား ၈၀၀၀ လောက် ပေးပို့ဖို့ ပြင်ဆင်ထားကြောင်း အင်ဒိုနီးရှား အစိုးရက ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ - Getty

ဂါဇာကမ်းမြှောင်ဒေသ တည်ငြိမ်အေးချမ်းအောင် ကူညီနိုင်ရေး မစ်ရှင်အတွက် စစ်သည်အင်အား ၈၀၀၀ လောက် ပေးပို့ဖို့ ပြင်ဆင်ထားကြောင်း အင်ဒိုနီးရှား အစိုးရက ပြောကြားခဲ့ပါတယ်။

ဒါဟာ ပြီးခဲ့တဲ့နှစ်က အစ္စရေးစစ်တပ်နဲ့ ပါလက်စတိုင်း ပြောက်ကျားတပ်ဖွဲ့ ဟားမားစ်တို့ကြား အမေရိကန်ရဲ့ ကြားဝင်စေ့စပ်ပေးမှုကြောင့် ရရှိခဲ့တဲ့ အပစ်အခတ် ရပ်စဲမှုနောက်ပိုင်း ငြိမ်းချမ်းရေး ထိန်းသိမ်းမှုနဲ့ ပြန်လည် တည်ဆောက်ရေး မစ်ရှင်တွေမှာ ပါဝင်ဖို့ နိုင်ငံတစ်ခုအနေနဲ့ ပထမဆုံး တရားဝင် ကမ်းလှမ်းမှု ဖြစ်လာပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ ငြိမ်းချမ်းရေး အဆိုပြုချက်တွေထဲမှာတော့ ဂါဇာမှာ ဟားမားစ်တွေကို လက်နက် ဖြုတ်သိမ်းပြီး နယ်မြေ တည်ငြိမ်ရေး တပ်ပေါင်းစု (ISF)တစ်ခု ထူထောင်ရေး ဆိုတာ ပါဝင်ခဲ့ပါတယ်။ အဲဒီ အဆိုပြုချက်ကို ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကလည်း ထောက်ခံပေးထားပါတယ်။

အင်ဒိုနီးရှား ကြည်းတပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး မာရူလီ ဆီမန်ဂျူတက်ခ်က ဂါဇာ ငြိမ်းချမ်းရေး မစ်ရှင်တွေမှာ ကူညီဖို့ ရည်ရွယ်ထားတဲ့ တပ်ဖွဲ့ဝင်တွေကို လေ့ကျင့်ပေးမှုတွေ စတင်နေပြီဖြစ်ကြောင်း၊ အဲဒီ တပ်ဖွဲ့ဝင်တွေဟာ ဂါဇာရဲ့ ဆေးဖက်ဆိုင်ရာနဲ့ အင်ဂျင်နီယာ ကဏ္ဍတွေမှာ အဓိက တာဝန်ယူဖို့ ရည်ရွယ်ထားကြောင်း ပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အင်ဒိုနီးရှားဟာ ပြီးခဲ့တဲ့လမှာ ထရမ့်က ကြေညာခဲ့တဲ့ နိုင်ငံတကာ ငြိမ်းချမ်းရေး ကြပ်မတ်မှု အင်အားစုအသစ်ဖြစ်တဲ့ ငြိမ်းချမ်းရေး ဘုတ်အဖွဲ့ (BOP)မှာလည်း ပါဝင်ဖို့ ကတိပြုထားပါတယ်။ ဖေဖော်ဝါရီ ၁၉ ရက်ကျရင် ဝါရှင်တန်ဒီစီ မြို့တော်မှာ ပထမဆုံး ညီလာခံ ကျင်းပမယ့် BOPဟာ နည်းပညာနဲ့ လူနေမှု အဆင့်အတန်း မြင့်မားတဲ့ ပါလက်စတိုင်း နယ်မြေတစ်ခုအဖြစ် ဂါဇာကို ပြန်လည် တည်ဆောက်ရေး အစီအမံတွေကိုလည်း ဦးဆောင်သွားမှာ ဖြစ်ပါတယ်။

ဂါဇာကို အင်ဒိုနီးရှား စစ်တပ်တွေ စေလွှတ်မယ့် အချိန်ကာလကိုတော့ တိတိကျကျ မသတ်မှတ်ရသေးပါဘူး။ ဒါပေမဲ့ အင်ဒိုနီးရှား သမ္မတ ပရာဘိုဝို ဆူဘီယန်တိုက အဲဒီတပ်တွေ ဂါဇာဆီ ပို့လွှတ်မယ့် ကိစ္စကိုတော့ အပြီးသတ် ဆုံးဖြတ်ထားပြီး ဖြစ်တယ်လို့ ယုံကြည်ရပါတယ်။

ဂါဇာမှာ အစ္စရေးစစ်တပ်ရဲ့ ပြင်းထန်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေမှာ အမေရိကန်က နောက်ကွယ်ကနေ ပံ့ပိုး ကူညီခဲ့တာကြောင့် မွတ်ဆလင် အများစု နေထိုင်ရာ နိုင်ငံတစ်ခုဖြစ်တဲ့ အင်ဒိုနီးရှားမှာတော့ ပရာဘိုဝိုက BOPဆီ ပူးပေါင်းဖို့ ဆုံးဖြတ်ခဲ့တဲ့အပေါ် ဝေဖန်မှုတွေ ထွက်ပေါ်နေခဲ့ပါတယ်။

ဒါပေမဲ့ ပရာဘိုဝိုကတော့ အင်ဒိုနီးရှားရဲ့ ဦးစားပေး ရည်ရွယ်ချက်ဟာ ဂါဇာဒေသ တည်ငြိမ် အေးချမ်းရေးသာဖြစ်ပြီး BOPမှာ ပါဝင်ခြင်းက နောင်တစ်ချိန်မှာ အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခကို အဆုံးသတ်စေမယ့် နှစ်နိုင်ငံ ပူးတွဲရပ်တည်ရေး (Two-state solution) အားထုတ်မှုမျိုးတွေအတွက် အကျိုးသက်ရောက်စေနိုင်တယ်လို့ ဖြေရှင်းထားပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

သတင်း

စင်ကာပူမှာ အမြဲတမ်း နေထိုင်ခွင့် (PR) ရထားတဲ့ မြန်မာတစ်ဦးကို အကြမ်းဖက် အားပေးမှု စွပ်စွဲချက်နဲ့ တရားစွဲဆိုသွားမယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

အတွေးအမြင်

ကုန်ခဲ့တဲ့ ရွေရောင်တောက်ပခဲ့တဲ့ကာလတစ်ခုမှာ ကျွန်တော်တို့တတွေ ခရီးဝေးတစ်ခု သွားတော့မယ်ဆိုရင် ဖြစ်ဖြစ်၊ ညဘက် စာကျက်ရင်း ဗိုက်ဆာရင်ဖြစ်ဖြစ် အရင်ဆုံး ပြေးမြင်မိတာကတော့ ဝေဖာချိုချိဆိမ့်ဆိမ့်လေးတွေဖြစ်တဲ့ Nabati မုန့်ထုပ်လေးတွေပါပဲ။ အဝါရောင်အထုပ်ကလေးကတော့ လူကြိုက်အများဆုံးဖြစ်ပြီး ပန်းရောင်၊ အပြာ၊ ချောကလက်စတဲ့အထုပ်တွေလည်း ကြိုက်ကြတာပဲ။

နိုင်ငံတကာ

အမေရိကန် လေယာဉ်မှူး တစ်ဦးကို ပစ်သတ်ပြီး ခရီးသည်တင် လေယာဉ်ငယ်ကို မီးရှို့ ဖျက်ဆီးပစ်ခဲ့ကြောင်း အင်ဒိုနီးရှားနိုင်ငံ၊ ပါပူအာဒေသမှာ အခြေစိုက်တဲ့ ခွဲထွက်ရေး လက်နက်ကိုင် အင်အားစု တစ်ခုက ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

၂၀၂၃အောက်တိုဘာကစပြီး ဂါဇာစစ်ပွဲအတွင်း ပါလက်စတိုင်းသတင်းထောက် အနည်းဆုံး ၂၆၀ ဦး သေဆုံးခဲ့