Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အရှေ့တောင်အာရှ ကျားဖြန့် တိုက်ဖျက်ရေးမှာ အမေရိကန် ဦးဆောင်မယ်လို့ FBIပြော

အရှေ့တောင်အာရှ ဒေသတွင်းက ဒစ်ဂျစ်တယ် ငွေလိမ် (ကျားဖြန့်)ဂိုဏ်းတွေကို တိုက်ဖျက်ရာမှာ အမေရိကန်က ဦးဆောင်သွားဖို့ စိတ်ပိုင်းဖြတ်ထားကြောင်း ဖက်ဒရယ် ထောက်လှမ်းရေး အေဂျင်စီ (FBI) အကြီးတန်း အရာရှိ တစ်ဦးက ပြောကြားခဲ့ပါတယ်။

အရှေ့တောင်အာရှ ဒေသတွင်းက ဒစ်ဂျစ်တယ် ငွေလိမ် (ကျားဖြန့်)ဂိုဏ်းတွေကို တိုက်ဖျက်ရာမှာ အမေရိကန်က ဦးဆောင်သွားဖို့ စိတ်ပိုင်းဖြတ်ထားကြောင်း ဖက်ဒရယ် ထောက်လှမ်းရေး အေဂျင်စီ (FBI) အကြီးတန်း အရာရှိ တစ်ဦးက ပြောကြားခဲ့ပါတယ်။

FBIရဲ့ နိုင်ငံတကာ စစ်ဆင်ရေး ဌာနခွဲ လက်ထောက် ဒါရိုက်တာ စကော့ ရှယ်လ်ဘီဟာ အရှေ့တောင်အာရှ ဒေသတွင်းက ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် နိုင်ငံတွေထဲက ကျားဖြန့် လုပ်ငန်း လည်ပတ်ခဲ့ရာ နေရာတွေဆီ သွားရောက် စစ်ဆေး ကြည့်ရှုပြီးခဲ့တဲ့နောက် အခုလို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဒေါ်လာ ဘီလီယံနဲ့ချီ လိမ်ညာရယူနေတဲ့ အဲဒီ ဒုစရိုက် လုပ်ငန်းကြီးတွေက ဘယ်လောက် ပမာဏ ကြီးကြီးမားမားနဲ့ လည်ပတ်နေသလဲ ဆိုတာကို မျက်မြင်မဟုတ်ရင် သိနိုင်မှာ မဟုတ်ဘူးလို့လည်း ရှယ်လ်ဘီက ပြောပါတယ်။

ကျားဖြန့် လုပ်ငန်းတွေဟာ အမေရိကန် နိုင်ငံသားတွေကိုလည်း ပစ်မှတ်ထား လိမ်လည်နေပြီး အဲဒီအတွက် အမေရိကန် အစိုးရရဲ့ အာရုံစိုက် ဖြိုခွင်းမှုကို ကြုံရမှာ ဖြစ်တယ်လို့ သူက သတိပေးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

နိုင်ငံတွေရဲ့ နယ်နိမိတ်စည်းတွေက အမေရိကန် နိုင်ငံသားတွေကို ပစ်မှတ်ထားခဲ့တဲ့ ရာဇဝတ်သားတွေကို ကာကွယ်ပေးနိုင်မှာ မဟုတ်ကြောင်း၊ သူတို့ ဘယ်မှာ ရှိသလဲဆိုတာ အမေရိကန်က သိထားပြီး လိုက်လံဖော်ထုတ် ဖြိုခွင်းမှာဖြစ်ကြောင်း ရှယ်လ်ဘီက ပြောကြားသွားပါတယ်။

တရုတ် ဒုစရိုက်ဂိုဏ်းတွေက အဓိက ချုပ်ကိုင်ထားတဲ့ ကျားဖြန့် လုပ်ငန်းတွေဟာ ခေတ်မီဆန်းသစ်တဲ့၊ အရင်းအမြစ်ကြွယ်ဝတဲ့ နယ်စပ်ဖြတ်ကျော် ဒုစရိုက် လှုပ်ရှားမှုတွေကနေ မြောက်မြားလှစွာသော ငွေကြေး အကျိုးအမြတ်တွေကို ရရှိနေတယ်လို့ ရှယ်လ်ဘီက ဆိုပါတယ်။

FBIဟာ ကျားဖြန့် ကွန်ရက်တွေကို နှောင့်ယှက်ဖို့၊ ကျားဖြန့် သားကောင်တွေကို ဆန်းစစ် အတည်ပြုနိုင်ဖို့၊ အဲဒီ လုပ်ငန်းတွေ လည်ပတ်နိုင်အောင် အထောက်အပံ့ ဖြစ်စေတဲ့ ဘဏ္ဍာရေး အခြေခံ အဆောက်အအဇုံတွေကို ခြေရာခံဖို့လည်း အေးဂျင့်တွေ စေလွှတ်ထားပြီး ထိုင်းအာဏာပိုင်တွေနဲ့ ပူးပေါင်း အလုပ်လုပ်နေကြောင်းလည်း သူက ဆက်ပြောပါတယ်။

FBIဟာ အတိတ်တုန်းက ကမ္ဘောဒီးယား ရဲတပ်ဖွဲ့နဲ့ လက်တွဲ အလုပ်လုပ်ခဲ့ဖူးသလို ကျားဖြန့်ဂိုဏ်းတွေကို ဖြိုခွင်းရာမှာလည်း အောင်မြင်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ဖြစ်ထွန်းနိုင်ဖို့ မျှော်လင့်ကြောင်း သူက ဆိုပါတယ်။ နောက်ပြီး ဒီကိစ္စအတွက် ဗီယက်နမ်နဲ့ ဆွေးနွေးမှုတွေကလည်း အလားအလာကောင်းတွေ ရနေကြောင်း ရှယ်လ်ဘီက မှတ်ချက်ပေးသွားပါတယ်။

အရေးကြီးတာက အဲဒီဂိုဏ်းတွေ အခြေချ လှုပ်ရှားမယ့် နေရာတိုင်းဟာ သူတို့အတွက် ကြိုဆိုမယ့်သူ မရှိဘူးဆိုတာမျိုး ဖြစ်သွားတဲ့ထိ ဖိအားပေးဖို့လို့လည်း သူက ပြောကြားသွားပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးရဲ့ ထုတ်ပြန်ချက်မှာတော့ ကျားဖြန့်ဂိုဏ်းတွေရဲ့ လူမှောင်ခိုကူးပြီး ကျွန်ပြု ခိုင်းစေခံရသူတွေ ကြုံခဲ့ရတဲ့ ညှင်းပန်းမှု၊ နှိပ်စက်မှု၊ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ အကြောင်းကို အသေးစိတ် ဖော်ပြခဲ့ကြောင်း သိရပါတယ်။

ကိုးကား: TRT World

ဓာတ်ပုံ – Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်နိုင်ငံ၊ နီဗားဒါး ပြည်နယ်မှာရှိတဲ့ အမေရိကန် လေတပ်ရဲ့ လျှို့ဝှက်စခန်း Area 51 နားထိ တောမီးတွေ ပျံ့နှံ့ ကူးစက်လာနေကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန် တပ်တွေကို ဒုံးကျည်တွေနဲ့ ပစ်ခတ်ဖို့ ကြိုးစားခဲ့တဲ့ အီရန်ရဲ့ လုပ်ရပ်ကို အပြင်းအထန် တိုက်ခိုက်မှုတွေနဲ့ လက်တုံ့ပြန်ခဲ့ကြောင်း အမေရိကန် စစ်တပ်က ပြောပါတယ်။

နိုင်ငံတကာ

လူတူစက်ရုပ်တွေ တင်သွင်းမှုကို ပိတ်ပင်တဲ့ အမေရိကန်ရဲ့ လုပ်ရပ်ဟာ တရုတ် နည်းပညာ ကုမ္ပဏီတွေကို ဖိနှိပ်တဲ့ အစီအစဉ် တစ်ခုလို့ တရုတ်က စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်ရဲ့ အင်အားအကြီးဆုံး လက်နက်ကိုင် တပ်ဖြစ်တဲ့ အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ် (IRGC)နဲ့ ဆက်စပ်တဲ့ သတင်းဌာန တစ်ခုက အမေရိကန် သမ္မတရဲ့ ဇနီးနဲ့သားကို လုပ်ကြံဖို့ တိုက်တွန်းထားတဲ့ ဗီဒီယိုတစ်ခု ဖြန့်ဝေခဲ့တာကို အမေရိကန် သမ္မတ လုံခြုံရေး တာဝန်ယူထားတဲ့ လျှို့ဝှက် ထောက်လှမ်းရေး...