Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန် နှစ်မြှုပ်ခဲ့တဲ့ အီရန် စစ်သင်္ဘောဆီက ရုပ်အလောင်း ၉၀ နီးပါးထိ သီရိလင်္ကာ ဆယ်ယူရရှိထား

အမေရိကန် ရေတပ်ရဲ့ ပစ်ခတ် နှစ်မြှုပ်မှုကို ခံခဲ့ရတဲ့ အီရန် စစ်သင်္ဘောပေါ်က ရုပ်အလောင်း ၉၀ နီးပါးထိ သီရိလင်္ကာ ရေတပ်က ဆယ်ယူ ရရှိထားပြီးဖြစ်ကြောင်း သိရပါတယ်။

မတ် – ၅ ၊၂၀၂၆

အမေရိကန် ရေတပ်ရဲ့ ပစ်ခတ် နှစ်မြှုပ်မှုကို ခံခဲ့ရတဲ့ အီရန် စစ်သင်္ဘောပေါ်က ရုပ်အလောင်း ၉၀ နီးပါးထိ သီရိလင်္ကာ ရေတပ်က ဆယ်ယူ ရရှိထားပြီးဖြစ်ကြောင်း သိရပါတယ်။

မတ်လ ၄ ရက်နေ့ မနက်အစောပိုင်းတုန်းက သီရိလင်္ကာ ကမ်းလွန်မှာ နစ်မြုပ်နေတဲ့ အီရန် ရေတပ်သင်္ဘော တစ်စီးဆီက အရေးပေါ် အကူအညီ တောင်းခံမှုကို ရရှိခဲ့ပြီး သွားရောက်ကူညီခဲ့ကြောင်း သီရိလင်္ကာက အတည်ပြုခဲ့ပါတယ်။

IRIS Dena စစ်သင်္ဘောပေါ်က ၃၂ ဦးကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ပြီး မတ်လ ၅ ရက်နေ့ထိ အခြေအနေ အရတော့ ရုပ်အလောင်း ၈၇ ခုထိ ဆယ်ယူ ရရှိထားကြောင်း သီရိလင်္ကာက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန်ကာကွယ်ရေးဝန်ကြီး ပိထ်ဟက်ဂ်ဆက်သ်က အိန္ဒိယ သမုဒ္ဒရာထဲမှာ ရှိနေချိန် အီရန်ရေတပ်က အင်မတန် ဂုဏ်ယူတဲ့ စစ်သင်္ဘော တစ်စီးကို အမေရိကန်က ပစ်ခတ် နှစ်မြှုပ်ခဲ့ကြောင်း အတည်ပြုထားပါတယ်။

ဒါဟာ ဒုတိယ ကမ္ဘာစစ်နောက်ပိုင်း အမေရိကန် ရေငုပ်သင်္ဘော တစ်စီးက ရန်သူရေယာဉ်ကို တော်ပီဒိုနဲ့ ပစ်ခတ်နှစ်မြှုပ်တဲ့ ပထမဆုံး တိုက်ခိုက်မှု ဖြစ်လာတယ်လို့လည်း သူက ပြောပါတယ်။

အီရန် စစ်သင်္ဘောဟာပစိဖိတ်သမုဒ္ဒရာထဲက နိုင်ငံတကာ ရေပြင်မှာ ဘေးကင်းမယ်လို့ အထင်မှားနေခဲ့ပေမယ့်အဆုံးမှာတော့တော်ပီဒိုထိပြီး နစ်မြုပ်သွားခဲ့ကြောင်း ပင်တဂွန် စစ်ဌာနချုပ်မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ဟက်ဂ်ဆက်သ်က ပြောကြားခဲ့ပါတယ်။

အီရန် နိုင်ငံခြားရေး ဝန်ကြီး အဘက်စ် အာရက်ချီကတော့ အမေရိကန်ဟာ အီရန်ကမ်းခြေနဲ့ မိုင် ၂၀၀၀ လောက်ဝေးတဲ့ နေရာမှာ အကြောင်းမဲ့ ရန်လို ရက်စက်မှုမျိုး ကျူးလွန်ခဲ့တာလို့ စွပ်စွဲခဲ့ပါတယ်။

ဖရီးဂိတ် စစ်သင်္ဘော Denaဟာ အိန္ဒိယ ရေတပ်ရဲ့ ဖိတ်ကြားမှုကြောင့် စစ်သည်အင်အား ၁၃၀ ဝန်းကျင်နဲ့ သွားရောက်ခဲ့ကြောင်း၊ စစ်မြေပြင်နဲ့ အလှမ်းကွာဝေးတဲ့ နေရာမှာ ရှိနေပေမယ့် ဘာကြိုတင် သတိပေးချက်မှ မရဘဲ နိုင်ငံတကာ ရေပိုင်နက်ထဲမှာ တိုက်ခိုက်ဖျက်ဆီး ခံခဲ့ရကြောင်း သူက လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားထားခဲ့ပါတယ်။

အိန္ဒိယရေတပ် သတင်းရင်းမြစ်တွေကတော့ Denaဟာ အိန္ဒိယမှာ ပြုလုပ်ခဲ့တဲ့ နိုင်ငံတကာ ရေတပ်ဖွဲ့များ ဆန်းစစ်မှု အခမ်းအနားကနေ ဖေဖော်ဝါရီ ၂၅ ရက်နေ့ ကတည်းက ပြန်လည် ထွက်ခွာသွားပြီ ဖြစ်တဲ့အတွက် အီရန်ဖက်က ကြေညာသလို လက်ရှိအချိန်မှာ အိန္ဒိယရေတပ်ရဲ့ ဧည့်သည်ရေယာဉ် မဟုတ်တော့ကြောင်း မှတ်ချက်ပေးထားပါတယ်။

အီရန်ရေတပ်ရဲ့ အသစ်လွင်ဆုံး စစ်သင်္ဘောတွေထဲက တစ်စီးဖြစ်တဲ့ Dena ဟာ ကမ်းဝေးပင်လယ်ပြင်တွေမှာ ကင်းလှည့် ခုတ်မောင်းနိုင်အောင် တည်ဆောက်ထားပြီး အကြီးစား အမြောက်တွေ၊ လေကြောင်းပစ် ဒုံးကျည်တွေ၊ သင်္ဘောဖျက်ဒုံးတွေနဲ့ တော်ပီဒိုတွေ တပ်ဆင်ထားကြောင်း သိရပါတယ်။

အီရန်စစ်ပွဲ စတင်ကတည်းက အီရန်ရေတပ်ရဲ့ သင်္ဘောပေါင်း ၂၀ လောက်ကို အမေရိကန်နဲ့ အစ္စရေးက ပူးပေါင်းတိုက်ခိုက် နှစ်မြှုပ်ထားခဲ့ပြီး ဖြစ်တယ်လို့ အမေရိကန်ရဲ့ ဗဟိုစစ်ရေး ကွပ်ကဲမှုဌာန (CENTCOM)က ကြေညာထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နှစ်ပေါင်း ၇၀ လောက် အသုံးပြုခဲ့ပြီးဖြစ်တဲ့ B-52 Stratofortress ဗုံးကြဲလေယာဉ်ကြီးတွေကို အနည်းဆုံး ၂၀၅၀ ပြည့်လွန် နှစ်တွေထိ ဆက်လက် သုံးစွဲနေနိုင်မယ့် မွမ်းမံ အဆင့်မြှင့်တင်ရေး အစီအမံကို အမေရိကန် လေတပ်က စတင် အကောင်အထည် ဖော်နေပါတယ်။

နိုင်ငံတကာ

အိမ်ဖြူတော်နားမှာ ဆောက်လုပ်မယ့် အောင်ပွဲ အထိမ်းအမှတ် မုခ်ဦးကြီးဟာ စစ်အခြေစိုက် စခန်းတစ်ခု အဖြစ်ပါ အသုံးချနိုင်ဖို့ ရည်ရွယ်ပြီး မူလစီမံကိန်းကို နှစ်ဆချဲ့ထွင်လာနိုင်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ကို တရုတ်သမ္မတ ရှီကျင့်ဖျင် လာရောက်လည်ပတ်တဲ့အခါ လေဆိပ်ထိ ဆင်းကြိုဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က စီစဉ်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဒိန်းမတ်ပိုင် ဂရင်းလန်ကျွန်းရဲ့ လုံခြုံရေးနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ ဒိန်းမတ် အစိုးရတို့ကြား ညှိနှိုင်း သဘောတူညီမှု ရရှိခဲ့ပြီလို့ အသီးသီး ကြေညာခဲ့ပါတယ်။