Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန် လွှတ်တော် ကြားနာမှု တစ်ခုမှာ အီရန်စစ်ပွဲ ဆန့်ကျင် ဆန္ဒပြသူကို ရဲတွေ ဆွဲထုတ်ခဲ့

အီရန်စစ်ပွဲကို ဆန့်ကျင်ကန့်ကွက်တဲ့ အမျိုးသား တစ်ဦးကို လွှတ်တော်ထဲကနေ ဆွဲထုတ်ခဲ့ရကြောင်း အမေရိကန် လွှတ်တော် ရဲတပ်ဖွဲ့က အတည်ပြုခဲ့ပါတယ်။

ဓာတ်ပုံ - Getty Images

အီရန်စစ်ပွဲကို ဆန့်ကျင်ကန့်ကွက်တဲ့ အမျိုးသား တစ်ဦးကို လွှတ်တော်ထဲကနေ ဆွဲထုတ်ခဲ့ရကြောင်း အမေရိကန် လွှတ်တော် ရဲတပ်ဖွဲ့က အတည်ပြုခဲ့ပါတယ်။

မတ်လ ၄ ရက်နေ့က အထက်လွှတ်တော်မှာ အီရန်စစ်ပွဲနဲ့ ပတ်သက်လို့ ကြားနာနေမှု တစ်ခုအတွင်း အသက် ၄၄ နှစ်အရွယ် ဘရိုင်ယန် မက်ဂင်းနစ်က ဆန္ဒပြခဲ့ပြီး သူ့ကို ရဲတွေက ဆွဲထုတ်ခဲ့ရတာပါ။ ဒါ့အပြင် အထက်လွှတ်တော် အမတ်တစ်ဦးဖြစ်တဲ့ တင်မ်ရှီဟီကလည်း ရဲတွေကို ဝင်ကူပြီး မက်ဂင်းနစ်ကို ကြားနာပွဲ ခန်းမထဲက ထွက်သွားစေခဲ့ပါတယ်။

စစ်ပွဲနဲ့ ပတ်သက်တဲ့ ကြားနာနေမှုမှာ လွန်ကဲတဲ့ အပြုအမူနဲ့ ဆန္ဒပြခဲ့သူ အမျိုးသား တစ်ယောက်ကို လွှတ်တော် ရဲတပ်ဖွဲ့က ဖယ်ရှားခဲ့ကြောင်း၊ အဲဒီအမျိုးသားက ပြန်ပြီး ရန်လုပ်ဖို့ ကြိုးစားခဲ့တဲ့အတွက် သူက ဝင်ပါပြီး အခြေအနေကို ပြေလျော့သွားအောင် ကူညီဖို့ ဆုံးဖြတ်ခဲ့ကြောင်း ရှီဟီက လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားထားခဲ့ပါတယ်။

လွှတ်တော် ရဲတပ်ဖွဲ့က ဆန္ဒပြသူဟာ ဂရင်းပါတီ ကိုယ်စားပြု အမတ်လောင်းနဲ့ မရိန်းတပ်ဖွဲ့ဝင်ဟောင်း မက်ဂင်းနစ် ဖြစ်တယ်လို့ အတည်ပြုထားပါတယ်။ သူဟာ ရဲတပ်ဖွဲ့ဝင်တွေကို ရန်မူခဲ့မှု၊ ဖမ်းဆီးတာကို ခုခံမှု၊ တရားဝင် ခွင့်ပြုမထားတဲ့ အခြေအနေမှာ ဆန္ဒပြမှုတွေအတွက် တရားစွဲဆို ခံရမှာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ရုန်းရင်းဆန်ခတ် အခြေအနေမှာ ရဲအရာရှိ ၃ ဦး ဒဏ်ရာတွေ ရခဲ့တယ်လို့ လွှတ်တော် ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီ ဖြစ်ရပ် မတိုင်ခင် မနက်ပိုင်းမှာ မက်ဂင်းနစ်က Xမှာ ဗီဒီယိုတစ်ခု တင်ထားခဲ့ပြီး သူက လောလောဆယ် ဝါရှင်တန် ဒီစီကို ရောက်နေကြောင်း၊ နိုင်ငံရဲ့ ရွေးကောက်ခံ ပုဂ္ဂိုလ်တွေက ကမ္ဘာစစ် ဖြစ်မလာစေရဘူးလို့ ပြောပြီး ဘာကြောင့် စစ်မှုထမ်း အမျိုးသား၊ အမျိုးသမီးတွေကို အန္တရာယ်ရှိတဲ့ အခြေအနေဆီ တွန်းပို့နေတာတွေကို လက်ခံ ခွင့်ပြုထားသလဲဆိုတာ လွှတ်တော်မှာ မေးခွန်းထုတ်သွားမှာဖြစ်ကြောင်း ပြောကြားထားပါတယ်။

လွှတ်တော် ရဲတပ်ဖွဲ့ကတော့ ကြားနာမှု အတောအတွင်း ကျင့်ဝတ်စည်းကမ်း မလိုက်နာသူ တစ်ဦးရဲ့ ဥပဒေနဲ့ မညီတဲ့ ဆန္ဒပြမှု၊ ကြားဝင်တားဆီးတဲ့ အရာရှိတွေကို အပြင်းအထန် ခုခံဆန့်ကျင်မှုတွေက လူအများကို ထိခိုက်အန္တရာယ် ရှိသွားစေနိုင်ကြောင်း ပြောပါတယ်။

လူမှုကွန်ရက်ပေါ် ထွက်ပေါ်လာတဲ့ ဗီဒီယိုတွေထဲမှာတော့ မက်ဂင်းနစ်ဟာ သူ့ကို ဖယ်ရှားဖို့ ကြိုးစားချိန် ခန်းမရဲ့ တံခါးကို အတင်းကုတ်တွယ်ထားရင်း ‘အစ္စရေးအတွက် ဘယ်သူမှ တိုက်မပေးချင်ဘူး’လို့ အော်နေခဲ့တာကို တွေ့ရပါတယ်။ ဒါ့အပြင် ကြားနာပွဲ တက်ရောက်လာသူတွေထဲကနေ အမေရိကန် အထက်လွှတ်တော် အမတ်တစ်ယောက်က မရိန်းစစ်သားဟောင်းရဲ့ လက်ကို ချိုးလိုက်ပြီလို့ အော်ဟစ်ပြီး ရှီဟီကို စွပ်စွဲထားတဲ့ အော်ဟစ်သံကိုလည်း ကြားခဲ့ရပါတယ်။ မက်ဂင်းနစ်ရဲ့ လက်ဟာ တံခါးကြားမှာ ညပ်နေခဲ့ပြီး အခြေအနေ အေးအေးဆေးဆေး ဖြစ်သွားမှ ရှီဟီက သူ့နေရာဆီကို ပြန်သွားခဲ့ပါတယ်။

လွှတ်တော်ကြားနာမှု ခန်းမထဲမှာ ဆန္ဒပြမှုတွေကို ခွင့်ပြုမထားကြောင်း၊ လွှတ်တော်ရဲ့ အပြင်ဖက်၊ ရင်ပြင်နဲ့ ဆန္ဒပြဖို့ ခွင့်ပြုထားတဲ့ တခြားနေရာတွေ အများကြီးရှိကြောင်း လွှတ်တော် ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

ကိုးကား: NBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်မှာ မွေးဖွားသူတွေ နိုင်ငံသား ဖြစ်ပိုင်ခွင့်ကို ကန့်သတ်မယ့် အထူးအမိန့် နှစ်ခုကို သမ္မတ ဒေါ်နယ်လ်ထရမ့်က လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ရဲ့ သွားရောက်တွေ့ဆုံမှုကို အမေရိကန်ပြည်ထောင်စုမှ ကြိုဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဒီကနေ့ထုတ်ပြန်လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းနဲ့ ခြွင်းချက်မရှိ လွှတ်ပေးရန် ဆက်လက်တောင်းဆိုကြောင်း ဖော်ပြပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ ကုန်သွယ်ရေးဆိုင်ရာ ပိတ်ဆို့မှုတွေကို တုံ့ပြန်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ တရုတ်ဟာ အမေရိကန် ကုမ္ပဏီတွေအပေါ် အရေးယူ ကန့်သတ်မှု အသစ်တွေ ပြဋ္ဌာန်း သတ်မှတ်လိုက်ပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြား ပြန်ဖွင့်နိုင်ရေးအတွက် အီရန်နဲ့ သဘောတူညီမှု တစ်ခုကို ရက်ပိုင်းအတွင်း ရယူနိုင်ဖို့ အမေရိကန်က မျှော်လင့်နေကြောင်း သိရပါတယ်။