Connect with us

Hi, what are you looking for?

နိုင်ငံတကာ

စစ်သင်္ဘောနှစ်မြှုပ်ခံရအပြီး နောက်ထပ်အီရန် ရေတပ်သင်္ဘောတစ်စီးကို သီရိလင်္ကာကယ်ဆယ်

အီရန် စစ်သင်္ဘောတစ်စီးကို အမေရိကန်ကတိုက်ခိုက် နှစ်မြှုပ်ခဲ့တဲ့နောက် အခြားအီရန် ရေတပ်သင်္ဘောတစ်စီးကို သီရိလင်္ကာက ကယ်ဆယ်ထားခဲ့ရတယ်လို့ သိရပါတယ်။

ဓါတ်ပုံ-Supplied

မတ်-၇၊၂၀၂၆။People’s Spring

အီရန် စစ်သင်္ဘောတစ်စီးကို အမေရိကန်ကတိုက်ခိုက် နှစ်မြှုပ်ခဲ့တဲ့နောက် အခြားအီရန် ရေတပ်သင်္ဘောတစ်စီးကို သီရိလင်္ကာက ကယ်ဆယ်ထားခဲ့ရတယ်လို့ သိရပါတယ်။

မတ်လ ၄ ရက်နေ့တုန်းက အီရန်ရေတပ်ရဲ့ ဖရီးဂိတ် စစ်သင်္ဘော Iris Denaကို သီရိလင်္ကာ ကမ်းလွန်ရေပြင်မှာ အမေရိကန် ရေငုပ်သင်္ဘော တစ်စီးက တော်ပီဒိုနဲ့ ပစ်ခတ်ပြီး နှစ်မြှုပ်ခဲ့ပါတယ်။ ဒုတိယ ကမ္ဘာစစ်နောက်ပိုင်း ရန်သူရေယာဉ်ကို အမေရိကန် ရေငုပ်သင်္ဘော တစ်စီးက တော်ပီဒိုနဲ့ နှစ်မြှုပ်ခဲ့တဲ့ ပထမဆုံး ဖြစ်စဉ်မှာ အီရန် ရေတပ်သား ၈၇ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

Iris Dena နစ်မြုပ်သွားခဲ့တဲ့နောက် သီရိလင်္ကာ ကမ်းရိုးတန်းနားမှာ ရှိနေတဲ့ အီရန်ရေတပ်ရဲ့ ထောက်ပံ့ရေး ရေယာဉ် Irins Bushehrဟာလည်း မလုံခြုံတော့တဲ့ အခြေအနေ ဖြစ်လာပါတယ်။ နောက်တော့ အဲဒီရေယာဉ်ဟာ အင်ဂျင်တွေ စက်ချွတ်ယွင်းနေတဲ့အတွက် သီရိလင်္ကာမှာ ကမ်းကပ်ခွင့်ပေးဖို့ အပူတပြင်း အကူအညီ တောင်းခံခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

မတ်လ ၆ ရက်နေ့မှာတော့ သီရိလင်္ကာ ရေတပ်က အဲဒီ အီရန်ရေတပ် သင်္ဘောကို ယာယီ လက်လွှဲ ထိန်းချုပ်ထားလိုက်ကြောင်း ကြေညာပြီး ရေတပ်သား ၂၀၈ ဦးကိုလည်း ယာယီ ကယ်ဆယ် ရွှေ့ပြောင်းပေးခဲ့ကြောင်း ကြေညာပါတယ်။ ရေယာဉ်ကတော့ သီရိလင်္ကာ အရှေ့မြောက်ဖက်မှာရှိတဲ့ ဆိပ်ကမ်းတစ်ခုမှာ ယာယီ ကမ်းကပ် ရပ်နားထားပါတယ်။

သီရိလင်္ကာ သမ္မတ အနုရာ ကုမာရ ဒစ္စဆန်နာယာကီက သူ့ရဲ့ အစိုးရဟာ လူသားဖြစ်တည်မှု တန်ဖိုးကို အခြေခံတဲ့အကူအညီပေးမှုတွေအတွက် ဘယ်တော့မှ တွေဝေနေမှာ မဟုတ်ဘူးလို့ ပြောပါတယ်။ အခုကိစ္စမှာ သီရိလင်္ကာရဲ့ကြားဝင်မှုဟာလူ့အသက်တွေကို ကာကွယ်ဖို့၊ လူသားဂုဏ်ရည်ကို တန်ဖိုးထားတဲ့ နိုင်ငံရဲ့ ဂုဏ်သတင်းကို ထိန်းသိမ်းဖို့ ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

သီရိလင်္ကာဟာ Iris Dena စစ်သင်္ဘော ပစ်ခတ်နှစ်မြှုပ်ခံရတဲ့ ဖြစ်စဉ်မှာလည်း အသက်ရှင် ကျန်ရစ်သူ အီရန်ရေတပ်သား ၃၂ ဦးကို ကယ်တင်ပေးခဲ့ပါတယ်။

အဲဒီစစ်သင်္ဘော တိုက်ခိုက်ခံရမှုအပြီး Iris Bushehrရဲ့ လုံခြုံရေးက စိုးရိမ်စရာ ဖြစ်လာတဲ့အတွက် အင်ဂျင်ပြဿနာတွေ ကြုံနေတယ်လို့ အကြောင်းပြပြီး သီရိလင်္ကာမှာ ကမ်းကပ်ထားခွင့် တောင်းခံခဲ့တာပါ။ သီရိလင်္ကာ အစိုးရကလည်း မတ်လ ၅ ရက်နေ့မှာခွင့်ပြုကြောင်း အကြောင်းပြန်ခဲ့ပြီး သင်္ဘောကို ထရင်ကိုမာလီဆိပ်ကမ်းမှာ လက်ခံထားခဲ့တာ ဖြစ်ပါတယ်။

သီရိလင်္ကာ ရေတပ်ဟာ နစ်မြုပ်သွားတဲ့ အီရန်စစ်သင်္ဘောကနေ အသက်ရှင် ကျန်နေသူတွေနဲ့ ရုပ်အလောင်းတွေကို မတ်လ ၆ ရက် မနက်ပိုင်းထိ ဆက်လက် ရှာဖွေနေဆဲ ဖြစ်ပါတယ်။

သီရိလင်္ကာဟာ ၁၉၄၈ ခုနှစ်မှာ လွတ်လပ်ရေး ရရှိကတည်းက ပြည်ပအရေးအခင်းတွေမှာ ဝင်ရောက် မစွက်ဖက်ရေးမူကို ကိုင်ဆွဲထားပါတယ်။ ပြီးတော့ အီရန်ရော၊ အမေရိကန်နဲ့ပါ စီးပွားရေးနဲ့ သံတမန်ရေးအရ ခိုင်မာတဲ့ ဆက်ဆံမှုတွေ ရှိနေကြောင်း သိရပါတယ်။

ကိုးကား- BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ လက်ရွေးစင် အသင်း ကြုံတွေ့နေတဲ့ ကန့်သတ်ခံရမှုတွေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)ဆီ တရားဝင် အရေးဆိုသွားမယ်လို့ အီရန် ဘောလုံးအဖွဲ့ချုပ်က ပြောပါတယ်။

နိုင်ငံတကာ

ဆွစ်ဇာလန်မှာ အီရန် ကိုယ်စားလှယ်တွေနဲ့ သွားရောက်တွေ့ဆုံပြီး စစ်ပြေငြိမ်းရေး လုပ်ထုံးလုပ်နည်းဆိုင်ရာ သဘောတူညီမှုတွေအတွက် လက်မှတ်ရေးထိုးမယ့် ခရီးစဉ်ကို အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ်က ပယ်ဖျက်လိုက်ပါတယ်။

သတင်း

ပါရှန်း ပင်လယ်ကွေ့မှာ အီရန်ရေယာဉ်တွေကို တားဆီးဖို့ ဖြန့်ကျက်ထားတဲ့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန် စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်မှာ လမ်းပေါ် ပျက်ကျလာတဲ့ လေယာဉ်ထဲက ခရီးသည်တွေကို လမ်းသွားလမ်းလာတွေက ကြိုးကြိုးစားစား ကယ်ထုတ်ပေးခဲ့ကြပါတယ်။