Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အီရန်စစ်ပွဲက ဘယ်တုန်းကမှ မဖြစ်ခဲ့သင့်ဘူးလို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးပြော

အီရန် စစ်ပွဲဟာ ဘယ်တုန်းကမှ ဖြစ်မလာခဲ့သင့်ဘူးလို့ တရုတ် နိုင်ငံခြားရေး ဝန်ကြီးက ပြောကြားခဲ့ပါတယ်။

အီရန် စစ်ပွဲဟာ ဘယ်တုန်းကမှ ဖြစ်မလာခဲ့သင့်ဘူးလို့ တရုတ် နိုင်ငံခြားရေး ဝန်ကြီးက ပြောကြားခဲ့ပါတယ်။

လာမယ့် သီတင်းပတ်တွေမှာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ဘေဂျင်းကို အလည်အပတ် ခရီးစဉ် လာရောက်ဖို့ စီစဉ်ထားတာကြောင့် ဝမ်ယိရဲ့ သဘောထား ကြေညာချက်မှာ စကားလုံး အသုံးအနှုန်းတွေကိုတော့ အထူးသတိထား ရွေးချယ်ထားခဲ့တာ တွေ့ရပါတယ်။

မတ်လ ၈ ရက်နေ့တုန်းက ထုတ်ပြန်ချက်မှာတော့ ဝမ်ယိက အီရန်မှာ အစိုးရကို အပြောင်းအလဲ လုပ်စေမယ်ဆိုတဲ့ ဆုံးဖြတ်ချက်မျိုးက လူကြိုက်များတဲ့ ရွေးချယ်မှု မဖြစ်နိုင်ဘူးလို့လည်း ဝေဖန် ထောက်ပြထားပါတယ်။ ထရမ့်က လက်ရှိ အီရန်မှာ ဆင်နွှဲနေတဲ့ စစ်ဆင်ရေးတွေရဲ့ ရည်ရွယ်ချက်မှာ အမေရိကန်က လက်ခံတဲ့ အစိုးရတစ်ရပ် အပြောင်းအလဲ ဖြစ်လာစေဖို့လည်း ပါဝင်ကြောင်း အတိအလင်း ပြောဆိုထားပါတယ်။

ပြင်းထန်တဲ့ ထိုးနှက်ချက်တိုင်းမှာ လေးနက်တဲ့ အကြောင်းရင်း ရှိနေမယ်လို့ သတ်မှတ်လို့ မရကြောင်း၊ ပြီးတော့ ကမ္ဘာကြီးဟာ ကြီးနိုင်ငံညှင်း တောတွင်းဥပဒေသမျိုးဆီ ပြန်ဦးတည်နေလို့ မရကြောင်း ဝမ်ယိက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အီရန်မှာ စစ်ပွဲတစ်ခု ဖြစ်ပွားလာတာမျိုးဟာ ဘယ်တုန်းကမှ မရှိခဲ့သင့်တဲ့ အခြေအနေလို့ ဆိုနိုင်ပြီး ကျိန်းသေပေါက် ရှောင်လွှဲနိုင်ခဲ့သင့်တယ်လို့လည်း သူက ပြောပါတယ်။

အမေရိကန်နဲ့ အစ္စရေးတို့ ပူးပေါင်းပြီး ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ အီရန်ကို စတင်တိုက်ခိုက်ခဲ့တဲ့အပေါ် တရုတ်အစိုးရက အတိအလင်း ဆန့်ကျင် ကန့်ကွက်ထားခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ ဝမ်ယိရဲ့ စကားလုံးတွေမှာတော့ အမေရိကန်ကို တိုက်ရိုက် ဝေဖန်တာမျိုး မဖြစ်အောင် ထိန်းထိန်းသိမ်းသိမ်း သုံးနှုန်းထားတာကို တွေ့ရပါတယ်။

အဲဒီအစား ဝမ်ယိက တရုတ်ဟာ အမေရိကန်နဲ့ ဆက်ဆံရေးမှာ အပြန်အလှန် လေးစားမှုကို ထိန်းသိမ်းထားဖို့ အမြဲတမ်း လိုလားတယ်လို့ ပြောကြားသွားပါတယ်။ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ထရမ့်တို့ကြား မကြာသေးခင်က ဆွေးနွေး စကားပြောဆိုမှုတွေကလည်း အလေးအနက် လှိုက်လှိုက်လှဲလှဲ ရှိခဲ့ကြတယ်လို့လည်း သူက ဆိုပါတယ်။

၂၀၂၆ ဟာ တရုတ်-အမေရိကန် ဆက်ဆံရေးအတွက် ခမ်းနားတဲ့ နှစ်တစ်နှစ် ဖြစ်လာနိုင်ပြီး နှစ်ဖက်စလုံးက အပြန်အလှန် လေးနက်ပြီး ကောင်းမွန်တဲ့ ယုံကြည်မှုမျိုး ထားရှိဖို့ လိုကြောင်းလည်း ဝမ်ယိက ပြောကြားသွားပါတယ်။

အခုနှစ်ထဲမှာ အမေရိကန်ဟာ တရုတ်အတွက် ရေနံအဓိက ထောက်ပံ့နေတဲ့ ဗင်နီဇွဲလားနဲ့ အီရန်တို့ကို စစ်ရေးအရ အရေးယူ တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ ဒါပေမဲ့ တရုတ်ဟာ ထရမ့်ကို တိုက်ရိုက် ဝေဖန်ထိုးနှက်တာမျိုး၊ ဒါမှမဟုတ် မတ်လ ၃၁ ရက်နေ့မှာ လျာထားတဲ့ ထရမ့်ရဲ့ ဘေဂျင်းခရီးစဉ်ကို ရွှေ့ဆိုင်းစေတာမျိုးတွေကို သတိကြီးကြီး ရှောင်လွှဲခဲ့ပါတယ်။

တစ်ဖက်မှာလည်း ထရမ့်ဟာ ပြီးခဲ့တဲ့လက ပြောကြားခဲ့တဲ့ သူ့ရဲ့ နိုင်ငံတော် အခြေပြ မိန့်ခွန်းမှာ တရုတ်နဲ့ ရုရှားရဲ့ စစ်ရေးနည်းပညာပိုင်းနဲ့ ပတ်သက်လို့ အနည်းအကျဉ်း ဝေဖန်ခဲ့တာကလွဲပြီး တရုတ်ကို တိုက်ရိုက် ထိုးနှက်တာမျိုးတွေကို ရှောင်လွှဲသွားခဲ့တာ တွေ့ရပါတယ်။

ကိုးကား: Guardian

ဓာတ်ပုံ – EPA

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားကို ပိတ်ဆို့ထားတဲ့ အစီအစဉ်အတွက် အမေရိကန်ဟာ လေယာဉ်တင် သင်္ဘောတွေနဲ့ လေကြောင်း စစ်ဆင်ရေး အားသာချက်တွေကို ထိထိရောက်ရောက် အသုံးပြုဖွယ် ရှိနေကြောင်း သိရပါတယ်။

နိုင်ငံတကာ

အီရန် ဆိပ်ကမ်းတွေကို ပစ်မှတ်ထားတဲ့ ဟောမုဇ် ရေလက်ကြား ပိတ်ဆို့မှုကို အမေရိကန်က စတင်ခဲ့တဲ့နောက် အီရန်ကလည်း လက်စားချေ တုံ့ပြန်မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားကို အမေရိကန်က ပိတ်ဆို့လိုက်ပြီးတဲ့နောက် လာမယ့် သီတင်းပတ် တချို့အတွင်း ရေနံစျေးတွေ အမြင့်ဆုံးထိ ဆက်ပြီး တက်လာနိုင်ကြောင်း အမေရိကန် စွမ်းအင် ဝန်ကြီးက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားကို အမေရိကန် ပိတ်ဆို့မှုမှာ ပူးပေါင်း ပါဝင်ကြဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ တောင်းဆိုမှုကို NATO စစ်မဟာမိတ် နိုင်ငံတွေက ငြင်းဆိုခဲ့ပါတယ်။