Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တစ်တန်လောက်လေးတဲ့ ထိပ်ဖူးတပ် ဒုံးကျည်တွေနဲ့ တိုက်ခိုက်မယ်လို့ အီရန်ပြော

အကြီးစား ဒုံးကျည်တွေနဲ့ တိုက်ခိုက်လာမှုကို မျှော်လင့်ထားဖို့ အီရန်က အမေရိကန်ကို ခြိမ်းခြောက် သတိပေးလိုက်ပါတယ်။

အကြီးစား ဒုံးကျည်တွေနဲ့ တိုက်ခိုက်လာမှုကို မျှော်လင့်ထားဖို့ အီရန်က အမေရိကန်ကို ခြိမ်းခြောက် သတိပေးလိုက်ပါတယ်။

အစ္စရေးနဲ့ အမေရိကန်တို့ရဲ့ ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေကြောင့် အီရန်ရဲ့ ခဲယမ်းမီးကျောက်တွေ လျော့နည်းလာသလို အီရန် ဒုံးကျည် စီမံကိန်းလည်း ပျက်စီးသွားပြီဖြစ်ကြောင်း အမေရိကန် အစိုးရရဲ့ မှတ်ချက်ကို အီရန်ရဲ့ အင်အားအကြီးဆုံး လက်နက်ကိုင် တပ်ဖြစ်တဲ့ အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ် (IRGC)က ပယ်ချခဲ့ပါတယ်။

အဲဒီအစား အီရန်ဟာ ပိုမိုများပြားတဲ့ ဒုံးကျည်တွေကို ဖြန့်ကျက် အသုံးပြုတော့မှာဖြစ်ပြီး အဲဒီထဲမှာ ထိပ်ဖူး အလေးချိန် ၁ တန်အထက် ဒုံးကျည်တွေ ပါဝင်လာမယ်လို့ IRGCက ဆိုပါတယ်။

IRGCရဲ့ လေကြောင်းတပ်ဖွဲ့ အကြီးအကဲ မာဂျစ် မူဆာဗီက နောက်ထပ် အီရန်က ပစ်ခတ်မယ့် ဒုံးကျည်တွေဟာ ၁ တန်ထက် ပိုပြီးပေါ့ပါးတဲ့ ထိပ်ဖူးမျိုးကို တင်ဆောင်လာတော့မှာ မဟုတ်ဘူးလို့ ပြည်တွင်းမီဒီယာတွေကို မတ်လ ၉ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် အစ္စရေးနဲ့ အီရန်တို့ရဲ့ စစ်ရေးပစ်မှတ်တွေကို ဦးတည်မယ့် အီရန်ရဲ့ ဒုံးကျည်တိုက်ခိုက်မှုတွေဟာ လာမယ့်ရက်ပိုင်းတွေမှာ ပိုမို ပြင်းထန်လာလိမ့်မယ်လို့ သူက ဆိုပါတယ်။

အီရန်ဟာ ဗုံးပဒေသာလို့ ခေါ်ဝေါ်တဲ့ ဆင့်ပွားပေါက်ကွဲတတ်တဲ့ လက်နက်တွေကို စစ်ပွဲမှာ စတင်အသုံးပြုနေကြောင်း စွပ်စွဲခံထားရပြီး မူဆာဗီ ရည်ညွှန်းတဲ့ ပိုကြီးတဲ့ ဒုံးကျည်တွေ ဆိုတာကရော အဲဒီလို လက်နက် အမျိုးအစားတွေ ပါဝင်မလား ဆိုတာကို မသိရသေးပါဘူး။

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကတော့ အီရန်ရဲ့ ရေတပ်၊ လေတပ်နဲ့ ဒုံးကျည်တိုက်ခိုက်နိုင်စွမ်းတွေဟာ လုံးဝနီးပါး ပျက်သုဉ်းနေပြီဖြစ်ကြောင်း ပြောကြားထားပါတယ်။ အီရန်သာ နိုင်ငံတကာ ရေနံသယ်ယူပို့ဆောင်ရေး အချက်အခြာ ရေလမ်းကြောင်းဖြစ်တဲ့ ဟောမုဇ် ရေလက်ကြားကို ခေါင်းမာမာနဲ့ ပိတ်ထားဦးမယ် ဆိုရင်တော့ လက်ရှိ အမေရိကန် ဆင်နွှဲနေတဲ့ စစ်ဆင်ရေးတွေထက် အဆ ၂၀ လောက် ပိုပြင်းထန်တဲ့ အခြေအနေကို မျှော်လင့်ထားသင့်ကြောင်းလည်း မတ်လ ၉ ရက်နေ့မှာ ထရမ့်က သတိပေးသွားခဲ့ပါတယ်။

ကိုးကား: Al Jazeera

ဓာတ်ပုံ – AP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြား ပြန်ဖွင့်နိုင်ရေးအတွက် အီရန်နဲ့ သဘောတူညီမှု တစ်ခုကို ရက်ပိုင်းအတွင်း ရယူနိုင်ဖို့ အမေရိကန်က မျှော်လင့်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

အီရန်ဟာ ဦးခေါင်းပိုင်းကို ဖြတ်တောက်ခံရမယ့် အခြေအနေကို ရှောင်လွှဲဖို့ နောက်ဆုံးတစ်ကြိမ်ပဲ အခွင့်အရေး ရတော့မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သတိပေး ပြောကြားလိုက်ပါတယ်။

သတင်း

အီရန်နဲ့ ဆွေးနွေးမှု အသစ်တွေကို ဩဂုတ် ၃ ရက်နေ့မှာ နောက်တစ်ကျော့ ပြန်စနိုင်ဖို့ ရည်ရွယ်ထားကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။