Connect with us

Hi, what are you looking for?

နိုင်ငံတကာ

စက်သုံးဆီ​ချွေတာရန် အစိုးရအရာရှိ​တွေကိုအိမ်ကပဲ အလုပ်လုပ်ကြဖို့ ထိုင်းအစိုးရ ညွှန်ကြား

စက်သုံးဆီ ခြွေတာရေး အစီအမံ တစ်ခုအနေနဲ့ အစိုးရ အရာရှိတွေကို အတတ်နိုင်ဆုံး နေအိမ်ကနေပဲ အလုပ်လုပ်ဖို့၊ ပြည်ပခရီးစဉ်တွေ ဆိုင်းငံ့ထားကြဖို့ ထိုင်းအစိုးရကညွှန်ကြားလိုက်ပါတယ်။

(စွမ်းအင်​ချွေတာဖို့ အင်ကွန်း​တွေ ​လျှော့ဖွင့်ဖို့ တိုက်တွန်းပြီး ထိုင်းအစိုးရအစည်းအ​ဝေးကို ရှပ်အင်္ကျီလက်ရှည်​တွေပဲဝတ်ပြီးတက်လာတဲ့ထိုင်းဝန်ကြီးအချို့နဲ့ ဝန်ထမ်း​တွေ ။ဓါတ်ပုံ-ဘန်​ကောက်ပိုစ်)

■အဲကွန်း​တွေကို ၂၆-၂၇ ဒီကရီမှာပဲဖွင့်ရန်၊ဝန်ထမ်း​တွေကိုလည်စည်းမဝတ်ပဲလက်တိုရှပ်အင်္ကျီသာဝတ်ဖို့ တိုက်တွန်း

မတ်-၁၀၊၂၀၂၆။People’s Spring

စက်သုံးဆီ ခြွေတာရေး အစီအမံ တစ်ခုအနေနဲ့ အစိုးရ အရာရှိတွေကို အတတ်နိုင်ဆုံး နေအိမ်ကနေပဲ အလုပ်လုပ်ဖို့၊ ပြည်ပခရီးစဉ်တွေ ဆိုင်းငံ့ထားကြဖို့ ထိုင်းအစိုးရကညွှန်ကြားလိုက်ပါတယ်။

အရှေ့အလယ်ပိုင်း စစ်ရေးပဋိပက္ခကြောင့် ကမ္ဘာ့နိုင်ငံ အများအပြားမှာ ရေနံနဲ့လောင်စာဆီ ပြတ်

Public Service Announcement

Public Service Announcement

လပ်လာမှာကို စိုးရိမ်မှုတွေ မြင့်တက်နေတဲ့နောက် ထိုင်းအိမ်စောင့်အစိုးရ ဝန်ကြီးချုပ် အနူတင်ချန်ဝီယာကူကအခုအမိန့်ကိုထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

မတ်လ ၁၀ ရက်နေ့မှာ အစိုးရ အဖွဲ့ဝင်တွေဟာ ဝန်ကြီးချုပ်ဆီက အမိန့်ကို လက်ခံရရှိခဲ့ကြောင်း၊ အဲဒီ ညွှန်ကြားချက်တွေဟာ အရှေ့အလယ်ပိုင်း ဒေသက စစ်ရေး အခြေအနေနဲ့ နောက်ဆက်တွဲ လောင်စာဆီဖူလုံရေးကိစ္စတွေနဲ့တိုက်ရိုက် ဆက်

နွှယ်ကြောင်း အစိုးရ ပြောရေးဆိုခွင့်ရ အမျိုးသမီး လာလီဒါပါရစ်ဝီဝတ်ထာနာကပြောကြားခဲ့ပါတယ်။

ဝန်ကြီးချုပ်ရဲ့ အမိန့်အရ အစိုးရ ဌာနတွေ၊ အဖွဲ့အစည်းတွေနဲ့ အစိုးရပိုင် လုပ်ငန်းတွေဟာ နေအိမ်ကနေပဲ အွန်လိုင်းကနေ ချိတ်ဆက် အလုပ်လုပ်ဖို့ အစီအစဉ်တွေကို ချက်ချင်း စတင် ကျင့်သုံးရမှာ ဖြစ်ပါတယ်။မဖြစ်မနေအလုပ်ခွင်ကိုသွားရောက်ဖို့ လိုအပ်တဲ့ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေကတော့ ဒီညွှန်ကြားချက်ကနေ ကင်းလွတ်ပါတယ်။

အစိုးရ အရာရှိတွေ အနေနဲ့ ပြည်ပ ခရီးသွားတာတွေ၊ အစည်းအဝေးသွားတက်တာတွေကိုလည်း လောလောဆယ် ဆိုင်းငံ့ထားရမှာ ဖြစ်ပါတယ်။

စွမ်းအင် ခြွေတာရေး နောက်ထပ် အစီအမံ တစ်ခုအနေနဲ့ အစိုးရရုံးတွေနဲ့ ပုဂ္ဂလိက ကုမ္ပဏီတွေမှာလည်း အဲကွန်းတွေကိုအပူချိန် ၂၆ ဒါမှမဟုတ် ၂၇ ဒီဂရီလောက်မှာပဲထားရှိဖို့၊ ဝန်ထမ်းတွေလည်း လည်စည်းမဝတ်ဘဲ လက်တို ရှပ်အင်္ကျီနဲ့သာပေါ့ပေါ့ပါးပါးရုံးတက်ကြဖို့၊အခမ်းအနားပွဲလမ်းသ

ဘင်တွေကလွဲရင် မလိုအပ်တဲ့ မီးဖွင့်မှုနဲ့ မီးသုံးစွဲမှုတွေ ပိတ်ထားဖို့၊ ဓာတ်လှေကားတွေ၊မိတ္တူကူးစက်တွေ အသုံးပြုမှုကိုလျှော့ချဖို့ စွမ်းအင်ဝန်ကြီးဌာနကအဆိုပြုထားပါတယ်။

တကယ်လို့အရှေ့အလယ်ပိုင်းကစစ်ပွဲဟာ ဆက်

လက် ကြာညောင်းနေပြီး လောင်စာ ရရှိရေး အခြေအနေတွေ ဆက်ပြီး တိုးတက်မလာဘူး ဆိုရင်တော့ အစိုးရဟာ ကြော်ငြာဘေလ်ဘုတ်တွေက မီးတွေကို ပိတ်ထားစေတာ၊ အဝေးပြေးလမ်းမကြီးတွေကလွဲပြီး တခြားနေရာတွေက ဆီဆိုင်တွေကို ည ၁၀ နာရီနောက်ပိုင်း ပိတ်ခိုင်းတာမျိုး နောက်

ဆက်တွဲ အစီအမံသစ်တွေကို ညွှန်ကြားလာနိုင်ကြောင်းလည်း သိရပါတယ်။စွမ်းအင်ခြွေတာရေး အစီအမံတွေကို ကြိုတင် ပြင်ဆင်နေပေမယ့် ထိုင်းနိုင်ငံမှာ လောလောဆယ် လောင်စာဆီ ပြတ်တောက်မှု မရှိဘူးလို့လည်း စွမ်းအင် ဝန်ကြီးဌာနက အတည်ပြုခဲ့ပါတယ်။

ကိုးကား-Bangkok Post

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံရဲ့ ဥပဒေတွေကို ချိုးဖောက်ပြီး လူထုတည်ငြိမ်မှုကို အနှောင့်အယှက် ပေးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပြင်သစ်နိုင်ငံသား တစ်ဦးကို အစိုးရက နယ်နှင်ကြောင်း ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ တောင်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ဆူပူမှု၊ တိုက်ခိုက်မှုတွေ ဖြစ်လာနိုင်တာကို ထောက်လှမ်းရေး သတင်းတွေ ကြိုရခဲ့ပေမယ့် တုံ့ပြန်ကိုင်တွယ်မှုမှာ လျော့ရဲခဲ့ကြောင်း ထိုင်းအစိုးရက ဝန်ခံခဲ့ပါတယ်။

ဆောင်းပါး

ကျောင်းခန်းထဲကနေ တညီတညွတ်ထဲမဟုတ်ဘဲ လုံးထွေးနေတဲ့ အသံတစ်ချို့ ပျံလွင့်လို့နေပါတယ်။ ကျောင်းသူတစ်ယောက်က နံရံပေါ်မှာ ကပ်ထားတဲ့ ကျောင်းစည်းကမ်းတွေကို ဦးဆောင်ဖတ်ပြနေတာဖြစ်ပြီးကျန်တဲ့ကျောင်းသူကျောင်းသားတွေက နောက်ကနေ လိုက်ဆို နေကြတာပါ။

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook