Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားနားက အီရန် ဒုံးကျည်စခန်းတွေကို အမေရိကန်က ဘန်ကာဖျက်ဗုံးတွေ ကြဲချ

ဟောမုဇ် ရေလက်ကြား တဝိုက်က အီရန် ဒုံးကျည်စခန်းတွေကို ပေါက်ကွဲအား ပြင်းထန်တဲ့ ဘန်ကာဖျက်ဗုံးတွေပါ အသုံးပြုပြီး တိုက်ခိုက်နေကြောင်း အမေရိကန် စစ်တပ်က ပြောပါတယ်။

​ပေါင် ၅၀၀၀ ဘန်ကာဖျက်ဗုံးတင်​ B1 ဗုံးကြဲလေယာဥ်။(ပုံ​ဟောင်းဖြစ်ပါတယ်)။ ဓါတ်ပုံ- US Air Force

မတ်-၁၈၊၂၀၂၆။People’s Spring

ဟောမုဇ် ရေလက်ကြား တဝိုက်က အီရန် ဒုံးကျည်စခန်းတွေကို ပေါက်ကွဲအား ပြင်းထန်တဲ့ ဘန်ကာဖျက်ဗုံးတွေပါ အသုံးပြုပြီး တိုက်ခိုက်နေကြောင်း အမေရိကန် စစ်တပ်က ပြောပါတယ်။

ပေါင် ၅၀၀၀ အလေးချိန်ရှိပြီး မြေနက်ပိုင်းက ဘန်ကာတွေထိ ထိုးဖောက်ဝင်ပြီး ဖောက်ခွဲနိုင်တဲ့ ဗုံးတချို့ကို အသုံးချပြီး အီရန်ရဲ့ ဒုံးကျည်စခန်းတွေကို ဖျက်ဆီးပစ်နိုင်ခဲ့တယ်လို့ အမေရိကန်ရဲ့ စစ်ရေးဗဟို ကွပ်ကွဲမှုဌာန (CENTCOM)က လူမှုကွန်ရက် မီဒီယာ Xမှာ မတ်လ ၁၇ ရက်နေ့က ရေးသားထားခဲ့ပါတယ်။

အဲဒီတိုက်ခိုက်မှုတွေရဲ့ ပစ်မှတ်ဟာ ဟောမုဇ် ရေလက်ကြားတလျှောက် တည်ရှိနေတဲ့ အီရန်ရဲ့ ဒုံးကျည်ဖျက် ခရုစ်ဒုံးကျည်တွေ တပ်ဆင်ထားရာ စစ်အခြေစိုက် စခန်းတွေ ဖြစ်တယ်လို့ CENTCOMက ဆိုပါတယ်။ အဲဒီ ဒုံးကျည်စခန်းတွေဟာ ဟောမုဇ် ရေလက်ကြားကို ဖြတ်သန်းခုတ်မောင်းတဲ့ နိုင်ငံတကာ အရပ်ဖက် ရေယာဉ်တွေကို အကြီးအကျယ် ခြိမ်းခြောက်နေတယ်လို့လည်း အမေရိကန် စစ်တပ်က စွပ်စွဲခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ ပူးပေါင်းတိုက်ခိုက်မှုတွေ စတင်လာချိန် ကတည်းက အီရန်ဟာ ဟောမုဇ် ရေလက်ကြားကို ပိတ်ပစ်ခဲ့သလို ဖြတ်သန်းသွားလာနေတဲ့ ရေနံတင်နဲ့ ကုန်တင်သင်္ဘော တချို့ကိုလည်း တိုက်ခိုက်ခဲ့ပါတယ်။ ကမ္ဘာ့ရေနံတင်ပို့မှုရဲ့ စုစုပေါင်း ပမာဏထဲက ငါးပုံတစ်ပုံလောက် ပုံမှန်ဖြတ်သန်းရာ ရေလက်ကြားမှာ အဲဒီတိုက်ခိုက်မှုတွေ ဖြစ်ပေါ်လာတဲ့နောက် နိုင်ငံတကာ ရေနံနဲ့ လောင်စာဆီ စျေးတွေလည်း ထိုးတက်လာခဲ့ပါတယ်။

အမေရိကန်က ကြဲချတယ်ဆိုတဲ့ ပေါင် ၅၀၀၀ ဗုံးတွေဟာ တစ်လုံးကို ဒေါ်လာ ၃ သိန်းနီးပါးလောက် တန်ဖိုးရှိပြီး မြေအောက် ဘန်ကာတွေထိ ထိုးဖောက် ဖျက်ဆီးနိုင်တာကြောင့် ဘန်ကာဖျက်ဗုံးတွေလို့ ခေါ်ဝေါ်ပါတယ်။ အဲဒီ ဗုံးတွေဟာ မနှစ်တုန်းက အီရန် နျူကလီးယား စခန်းတွေကို အမေရိကန်ရဲ့ B-2 မဟာဗျူဟာ ဗုံးကြဲလေယာဉ်ကြီးတွေက ကြဲချခဲ့တဲ့ ပေါင် ၃၀၀၀၀ အလေးချိန်ရှိတဲ့ အကြီးစား ဘန်ကာဖျက်ဗုံးတွေလောက်တော့ အားမပြင်းပါဘူး။

သမားရိုးကျ ဗုံးတွေနဲ့ မတူတာက ဘန်ကာဖျက်ဗုံးတွေဟာ လေထဲမှာ လုံးဝ မပေါက်ကွဲဘဲ မြေမျက်နှာပြင်နဲ့ ထိတွေ့ချိန်၊ ဒါမှမဟုတ် မြေမျက်နှာပြင်အောက် တိုးဝင်သွားပြီးချိန်မှသာ ပေါက်ကွဲအောင် တီထွင်ထားတာပါ။ အဲဒီအတွက်လည်း ဗုံးရဲ့ ကိုယ်ထည်ကို လေးလံပြီး မာကျောတဲ့ အထူးသံမဏိ သတ္တုစပ်တွေနဲ့ အားဖြည့်တည်ဆောက်ထားကြောင်း သိရပါတယ်။

ကိုးကား-BBC

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊မင်းတပ် မြို့နယ်ထဲက ခရစ်ယာန် ဘုရားကျောင်း တစ်ခုကို အာဏာသိမ်း စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုကို Burma Research Institute (BRI)က ရှုတ်ချလိုက်ပါတယ်။ ပြီးတော့ ခရစ်ယာန် ဘုရားကျောင်းတွေအပေါ် မြန်မာစစ်တပ်ရဲ့ ပစ်မှတ်ထား တိုက်ခိုက်နေမှုတွေကို စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအဖြစ်...

နိုင်ငံတကာ

ဟာရီကိန်းမုန်တိုင်း အီဆာယီးယက်စ် ဝင်ရောက် တိုက်ခတ်မှုကြောင့် အမေရိကန်မှာ လူ ၄ ဦး သေဆုံးခဲ့ပြီး ထိခိုက် ပျက်စီးမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်ခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်ဝမ်ကျွန်း အရှေ့ပိုင်းမှာ တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေဟာ ဒေသတွင်း တည်ငြိမ်မှုတွေအတွက် အကြီးအကျယ် အနှောင့်အယှက် ဖြစ်စေကြောင်း အမေရိကန်က ဝေဖန် ပြောကြားလိုက်ပါတယ်။

သတင်း

အာဏာသိမ်းမြန်မာစစ်တပ်ကိုအားပေး ထောက်ခံနေတယ်ဆိုတဲ့ မြန်မာစီးပွားရေး လုပ်ငန်းရှင်ခရိုနီ သူဌေးကြီးတစ်ဦးရဲ့သမီးကို အမေရိကန်က ပိတ်ဆို့အရေးယူမှု နာမည်ပျက်စာရင်းကနေ ဖယ်ရှားပေးလိုက်ပါတယ်။