Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန် ကာကွယ်ရေးနဲ့ နိုင်ငံခြားရေး ဝန်ကြီးတွေ ရှိနေတဲ့ စစ်စခန်းနားမှာ ဒရုန်းတွေ ထောက်လှမ်းတွေ့ရှိ

အမေရိကန်ရဲ့ မြို့တော် ဝါရှင်တန် ဒီစီက စစ်စခန်း တစ်ခုမှာ နိုင်ငံခြားရေးနဲ့ ကာကွယ်ရေး ဝန်ကြီးတွေ ရှိနေချိန် အနီးပတ်ဝန်းကျင်မှာ ဒရုန်းတချို့ ထောက်လှမ်းတွေ့ရှိခဲ့တဲ့အပေါ် အမေရိကန် စစ်တပ်က စုံစမ်းနေပါတယ်။

ဓာတ်ပုံ - AP

အမေရိကန်ရဲ့ မြို့တော် ဝါရှင်တန် ဒီစီက စစ်စခန်း တစ်ခုမှာ နိုင်ငံခြားရေးနဲ့ ကာကွယ်ရေး ဝန်ကြီးတွေ ရှိနေချိန် အနီးပတ်ဝန်းကျင်မှာ ဒရုန်းတချို့ ထောက်လှမ်းတွေ့ရှိခဲ့တဲ့အပေါ် အမေရိကန် စစ်တပ်က စုံစမ်းနေပါတယ်။

ဖြစ်စဉ်အကြောင်း သိရှိခဲ့သူ ၃ ဦးဆီက အဆိုကို ကိုးကားပြီး ဝါရှင်တန်ပို့စ်က အဲဒီသတင်းကို မတ်လ ၁၈ ရက်နေ့မှာ ဖော်ပြခဲ့ပါတယ်။ အမျိုးအမည်မသိ ဒရုန်းတွေကို ထောက်လှမ်းတွေ့ရှိခဲ့တဲ့ ဖို့တ်မက္ကနဲ စစ်စခန်းထဲမှာ အဲဒီနေ့က နိုင်ငံခြားရေး ဝန်ကြီး မာကို ရူဘီရိုနဲ့ ကာကွယ်ရေးဝန်ကြီး ပိထ်ဟက်ဂ်ဆက်သ်တို့ ရှိနေခဲ့တယ်လို့ ဝါရှင်တန်ပို့စ်က ဆိုပါတယ်။

သတင်းရင်းမြစ် တစ်ဦးကတော့ ဒရုန်းတွေကို တွေ့ရှိပြီးချိန်မှာ စစ်စခန်း တာဝန်ရှိသူတွေက ဝန်ကြီးနှစ်ဦးကို အရေးပေါ် ရွှေ့ပြောင်းဖို့ သင့်မသင့် စဉ်းစားခဲ့ကြပြီး နောက်တော့ ရွှေ့ပြောင်းတာတွေ မလုပ်ဖြစ်ခဲ့ဘူးလို့ ပြောကြားခဲ့ပါတယ်။

အဲဒီဒရုန်းတွေကို ဘယ်သူက လွှတ်တင်ခဲ့သလဲ ဆိုတာနဲ့ အရင်းအမြစ် အတိအကျကိုတော့ မသိရသေးပါဘူး။ အမေရိကန်နဲ့ အစ္စရေးက အီရန်ကို တိုက်ခိုက်ခဲ့တဲ့ စစ်ပွဲ ဂယက်ကြောင့် အမေရိကန်မှာ အစိုးရ အရာရှိတွေရဲ့ လုံခြုံရေးနဲ့ ပတ်သက်လို့ ပိုပြီး ကြပ်မတ်ထားပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနရော၊ အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနဖြစ်တဲ့ ပင်တဂွန် စစ်ဌာနချုပ်ကပါ ဝါရှင်တန်ပို့စ်ရဲ့ သတင်းနဲ့ ပတ်သက်ပြီး သီးခြား မှတ်ချက်မပေးခဲ့ပါဘူး။ ပင်တဂွန် ပြောရေးဆိုခွင့်ရ အရာရှိချုပ် ရှောင်ပါနဲလ်ကလည်း စစ်စခန်းနားမှာ ဒရုန်းတွေ တွေ့ခဲ့တယ်ဆိုတဲ့ ကိစ္စကို မဆွေးနွေးလိုကြောင်း ငြင်းဆိုသွားပါတယ်။

လုံခြုံရေး စည်းမျဉ်းတွေအရ ဝန်ကြီး ဟက်ဂ်ဆက်သ်ရဲ့ လှုပ်ရှားသွားလာမှုနဲ့ တည်နေရာတွေကို ကာကွယ်ရေး ဝန်ကြီးဌာန အနေနဲ့ မှတ်ချက်မပေးနိုင်ကြောင်း၊ အဲဒီ အကြောင်းအရာတွေကို သတင်းဖော်ပြမှုတွေဟာလည်း တာဝန်မဲ့ရာရောက်ကြောင်း သူက ပြောကြားသွားပါတယ်။

ကိုးကား: Reuters, Washington Post

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နှစ်ပေါင်း ၇၀ လောက် အသုံးပြုခဲ့ပြီးဖြစ်တဲ့ B-52 Stratofortress ဗုံးကြဲလေယာဉ်ကြီးတွေကို အနည်းဆုံး ၂၀၅၀ ပြည့်လွန် နှစ်တွေထိ ဆက်လက် သုံးစွဲနေနိုင်မယ့် မွမ်းမံ အဆင့်မြှင့်တင်ရေး အစီအမံကို အမေရိကန် လေတပ်က စတင် အကောင်အထည် ဖော်နေပါတယ်။

နိုင်ငံတကာ

အိမ်ဖြူတော်နားမှာ ဆောက်လုပ်မယ့် အောင်ပွဲ အထိမ်းအမှတ် မုခ်ဦးကြီးဟာ စစ်အခြေစိုက် စခန်းတစ်ခု အဖြစ်ပါ အသုံးချနိုင်ဖို့ ရည်ရွယ်ပြီး မူလစီမံကိန်းကို နှစ်ဆချဲ့ထွင်လာနိုင်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ဆော်ဒီအာရေးဘီးယားရဲ့ မြို့တော်ကို ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့ကြောင်း ယီမင်အခြေစိုက် ဟိုသီ ပြောက်ကျားတပ်တွေက ထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ဝေဟင်နည်းပညာပိုင်း မြှင့်တင်မှုတွေပြုလုပ်ဖို့အတွက် ကြိုးနဲ့စွန် 2.0 (မီးပုံးပျံပွဲ) ကမ်ပိန်းမှာပါဝင်ပေးကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက နှိုးဆော်ထားပါတယ်။