Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အီရန်မှာ စစ်ဆင်ရေးတွေ အရှိန်လျှော့ချဖွယ် ရှိနေကြောင်း ထရမ့်ပြော

အီရန်မှာ ဆင်နွှဲနေတဲ့ စစ်ဆင်ရေး အရှိန်အဟုန်တွေကို လျှော့ချသွားဖို့ စဉ်းစားထားကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ - AP

အီရန်မှာ ဆင်နွှဲနေတဲ့ စစ်ဆင်ရေး အရှိန်အဟုန်တွေကို လျှော့ချသွားဖို့ စဉ်းစားထားကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါတယ်။

ကမ္ဘာ့လောင်စာ အကျပ်အတည်းကြောင့် အမေရိကန် အစိုးရက အီရန်ရဲ့ ရေနံတွေအပေါ် ပိတ်ဆို့ အရေးယူထားမှုတွေကို ယာယီ ကင်းလွတ်ခွင့် ပြုမယ်လို့ ကြေညာပြီးတဲ့နောက် မတ်လ ၂၀ ရက်နေ့မှာ ထရမ့်က အီရန်အပေါ် တိုက်ခိုက်မှုတွေ တစ်ဆင့်ချင်းစီ လျှော့ချသွားနိုင်တဲ့ အခြေအနေကို ထုတ်ပြောခဲ့တာ ဖြစ်ပါတယ်။

အဲဒီနေ့မှာပဲ အီရန်ဟာ အစ္စရေးနဲ့ ဆော်ဒီအာရေးဘီးယား ပိုင်နက်ဆီ ဒရုန်းတွေ၊ ဒုံးကျည်တွေ အတော်များများနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ပါတယ်။ အီရန် အစိုးရ အဓိပတိ မော့ဂျ်တာဘာ ခါမေနီကလည်း အီရန်ဟာ ရန်သူ နိုင်ငံတွေအပေါ် ယိမ်းယိုင်သွားအောင် ထိုးနှက်နိုင်ခဲ့တယ်လို့ ပြောပါတယ်။

သူ့ကိုယ်ပိုင် လူမှုကွန်ရက် ပလက်ဖောင်းဖြစ်တဲ့ Truthမှာတော့ ထရမ့်က အမေရိကန် အနေနဲ့ စစ်ဆင်ရေး ရည်မှန်းချက်တွေ အားလုံး ပြည့်မြောက်ဖို့ အရမ်းနီးစပ်နေပြီလို့ ယူဆတဲ့အတွက် အရှေ့အလယ်ပိုင်း ဒေသထဲက ထူးကဲတဲ့ စစ်ရေး အားထုတ်မှုတွေကို လျှော့ချဖို့ စဉ်းစားနေပြီလို့ ရေးသားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒါဟာ ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ အစ္စရေးနဲ့ ပူးပေါင်းပြီး အီရန်ကို စတင်တိုက်ခိုက်ခဲ့တဲ့ စစ်ပွဲကို အဆုံးသတ်စေဖို့ ထရမ့်ဆီက ထွက်ပေါ်လာဖူးသမျှ အနီးကပ်ဆုံး မှတ်ချက်မျိုး ဖြစ်လာပါတယ်။

ထရမ့်ရဲ့ ကြေညာချက် ထွက်ပေါ်လာပြီး မကြာခင်မှာပဲ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရ အမျိုးသမီး ကာရိုလိုင်း လီယာဗစ်ကလည်း အမေရိကန် သမ္မတနဲ့ ပင်တဂွန် စစ်ဌာနချုပ်တို့ဟာ အခု စစ်ရေးမစ်ရှင်တွေ အောင်မြင်ဖို့ သီတင်း ၄ ပတ်ကနေ ၆ ပတ်ထိ အချိန်ယူရမယ်လို့ ကြိုတင် ခန့်မှန်းထားခဲ့ကြောင်း လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားခဲ့ပါတယ်။ မတ်လ ၂၁ ရက်နေ့မှာ စစ်ဆင်ရေးဟာ သီတင်း ၃ ပတ် ပြည့်ပြီ ဖြစ်ကြောင်း၊ အမေရိကန် တပ်တွေကလည်း ထူးကဲတဲ့ စွမ်းဆောင်မှုတွေကို ပြသနိုင်ခဲ့ကြောင်း သူက ဆိုပါတယ်။

အီရန် အစိုးရဟာ တစ်ရက်ပြီးတစ်ရက် ပိုမို အင်အားဆုတ်ယုတ် ချိနဲ့လာနေကြောင်း၊ အမေရိကန်နဲ့ မဟာမိတ်တွေကို အီရန်ရဲ့ ခြိမ်းခြောက်နိုင်စွမ်းကလည်း သိသိသာသာ အားနည်းသွားပြီဖြစ်ကြောင်း လီယာဗစ်က သုံးသပ်ထားပါတယ်။

အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုကို ခံရတဲ့နောက် အီရန်ဟာ နိုင်ငံတောင်ပိုင်းမှာ တည်ရှိပြီး ကမ္ဘာ့ရေနံ တင်ပို့မှုအတွက် အထူးအရေးပါတဲ့ ဟောမုဇ် ရေလက်ကြားကို ပိတ်ချလိုက်တာကြောင့် ကမ္ဘာ့ စွမ်းအင် အကျပ်အတည်းတွေ ဖြစ်ပေါ်လာပါတယ်။ ထရမ့်ကတော့ ဟောမုဇ် ရေလက်ကြားကို ပြန်ဖွင့်ပြီး နိုင်ငံတကာ ရေကြောင်း သွားလာမှုတွေ လုံခြုံ ဘေးကင်းဖို့ ဆိုတာဟာ အဲဒီ ရေလမ်းကြောင်းကို အသုံးပြုနေတဲ့ နိုင်ငံတိုင်းရဲ့ တာဝန်ဖြစ်ပြီး အမေရိကန်နဲ့ မသက်ဆိုင်ဘူးလို့လည်း Truthမှာ ရေးသားခဲ့ပါတယ်။

ဟောမုဇ် ရေလက်ကြားကို စောင့်ရှောက်နေ၊ ကင်းလှည့်နေဖို့ လိုကြောင်း၊ အဲဒီတာဝန်ကိုလည်း ဟောမုဇ်ကို အသုံးပြုနေတဲ့ တခြားနိုင်ငံတွေက ယူရမှာဖြစ်ပြီး အမေရိကန်က ယူရမယ့်တာဝန် မဟုတ်ကြောင်း ထရမ့်က ဆိုပါတယ်။ နောက်ပြီး အဲဒီနိုင်ငံတွေက အကူအညီ တောင်းလာရင်တော့ အမေရိကန်က ကူညီမှာ ဖြစ်သလို အီရန်ရဲ့ ခြိမ်းခြောက်မှုတွေကို ရှင်းလင်းပစ်နိုင်ပြီးပြီ ဆိုရင်တော့ ဒီလို စောင့်ကြပ်မှုမျိုး မလိုအပ်တော့ကြောင်း၊ ဟောမုဇ်ကို ကင်းလှည့် စောင့်ရှောက်ဖို့ ဆိုတာဟာ အဲဒီနိုင်ငံတွေအတွက် လွယ်ကူတဲ့ စစ်ရေး မစ်ရှင်တစ်ခုလောက်သာ ဖြစ်ကြောင်းလည်း ထရမ့်က မှတ်ချက်ပေးထားပါတယ်။

မတ်လ ၂၀ ရက်နေ့၊ အိမ်ဖြူတော်မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံတဲ့အခါ ထရမ့်က အီရန်စစ်ပွဲမှာ အမေရိကန်က အနိုင်ရခဲ့ပြီးပြီလို့ သူယူဆကြောင်း ထရမ့်က ပြောပါတယ်။ နောက်ပြီး အမေရိကန်ကတော့ အပစ်အခတ် ရပ်စဲဖို့ စလုပ်စရာ အကြောင်းမရှိဘူးလို့လည်း ထရမ့်က ဆက်ပြောပါတယ်။ တစ်ဖက်ကို အမှန်တကယ် ချေမှုန်းထားနိုင်ပြီဆိုရင် ကိုယ့်ဖက်က အပစ်ရပ်ဖို့ ကမ်းလှမ်းစရာ မလိုဘူးဆိုတာ အားလုံး သဘောပေါက်ကြကြောင်းလည်း ထရမ့်က ဆိုပါတယ်။

သူက အမေရိကန်ဟာ အီရန် အစိုးရနဲ့ စကားပြောဖို့ ဆန္ဒရှိပေမယ့်လည်း အီရန် ခေါင်းဆောင်ပိုင်းတွေနဲ့ ထိပ်ပိုင်း အရာရှိတွေ အားလုံး သေကုန်လို့ စကားပြောရမယ့်သူ မရှိတော့ဘူးလို့လည်း မှတ်ချက်ပေးသွားခဲ့ပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ လက်ရွေးစင် အသင်း ကြုံတွေ့နေတဲ့ ကန့်သတ်ခံရမှုတွေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)ဆီ တရားဝင် အရေးဆိုသွားမယ်လို့ အီရန် ဘောလုံးအဖွဲ့ချုပ်က ပြောပါတယ်။

နိုင်ငံတကာ

ဆွစ်ဇာလန်မှာ အီရန် ကိုယ်စားလှယ်တွေနဲ့ သွားရောက်တွေ့ဆုံပြီး စစ်ပြေငြိမ်းရေး လုပ်ထုံးလုပ်နည်းဆိုင်ရာ သဘောတူညီမှုတွေအတွက် လက်မှတ်ရေးထိုးမယ့် ခရီးစဉ်ကို အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ်က ပယ်ဖျက်လိုက်ပါတယ်။

သတင်း

ပါရှန်း ပင်လယ်ကွေ့မှာ အီရန်ရေယာဉ်တွေကို တားဆီးဖို့ ဖြန့်ကျက်ထားတဲ့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန် စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်မှာ လမ်းပေါ် ပျက်ကျလာတဲ့ လေယာဉ်ထဲက ခရီးသည်တွေကို လမ်းသွားလမ်းလာတွေက ကြိုးကြိုးစားစား ကယ်ထုတ်ပေးခဲ့ကြပါတယ်။