Connect with us

Hi, what are you looking for?

နိုင်ငံတကာ

NATO အတွင်းရေးမှူးချုပ်နဲ့ ဆွေးနွေးပြီးတဲ့နောက် NATOကို ထရမ့်ဝေဖန်

NATO စစ်မဟာမိတ် အဖွဲ့ အတွင်းရေးမှူးချုပ်နဲ့ တံခါးပိတ် ဆွေးနွေးပြီးချိန်မှာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က NATOအပေါ် ဝေဖန် ထိုးနှက်သွားခဲ့ပါတယ်။

NATO စစ်မဟာမိတ် အဖွဲ့ အတွင်းရေးမှူးချုပ်နဲ့ တံခါးပိတ် ဆွေးနွေးပြီးချိန်မှာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က NATOအပေါ် ဝေဖန် ထိုးနှက်သွားခဲ့ပါတယ်။

သူဟာ ဧပြီ ၈ ရက်နေ့တုန်းက အိမ်ဖြူတော်မှာ NATO အတွင်းရေးမှူးချုပ် မတ်ခ်ရူတေးနဲ့ တံခါးပိတ် ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ဆွေးနွေးမှုမှာ ထရမ့်က အမေရိကန် အနေနဲ့ NATO အဖွဲ့ဝင် အဖြစ်ကနေ နုတ်ထွက်မယ် ဆိုတာမျိုး ထည့်သွင်း ခြိမ်းခြောက်ခဲ့ဖွယ်ရှိကြောင်း ခန့်မှန်းမှုတွေလည်း ပျံ့နှံ့နေပါတယ်။

ထရမ့်ဟာ အမေရိကန်ရဲ့ အစဉ်အလာ မဟာမိတ်ဖြစ်တဲ့ NATOနိုင်ငံတွေနဲ့ ဆက်ဆံရေး မပြေလည်မှုတွေ ရှိခဲ့ပြီး အမေရိကန်က အီရန်အပေါ် ဆင်နွှဲခဲ့တဲ့ စစ်ဆင်ရေး အတွင်းမှာတော့ အခြေအနေတွေက ပိုဆိုးကုန်ပါတယ်။

အဲဒီစစ်ပွဲမှာ ပါဝင်ကူညီဖို့ ငြင်းဆိုခဲ့တဲ့ NATOအပေါ် ထရမ့်က အကြီးအကျယ် ဒေါသပေါက်ကွဲခဲ့ပါတယ်။ ရူတေးနဲ့ တွေ့ဆုံခဲ့တဲ့ အစည်းအဝေး အပြီးမှာတော့ ထရမ့်က အဲဒီအကြောင်းကို လူမှုကွန်ရက်ပေါ်မှာ ထပ်ပြီး ရေးသားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန်က လိုအပ်နေချိန်မှာ NATOက ရှိမနေပေးခဲ့ကြောင်း၊ နောက်တစ်ခါ ဒါမျိုး ထပ်ဖြစ်ရင်လည်း NATOက အမေရိကန်အတွက် ရှိနေပေးမယ်လို့ မထင်ကြောင်း ထရမ့်က သူ့ကိုယ်ပိုင် လူမှုကွန်ရက် ပလက်ဖောင်းဖြစ်တဲ့ Truthပေါ်မှာ ဖော်ပြထားခဲ့ပါတယ်။

သူက NATO အဖွဲ့ဝင် နိုင်ငံတစ်ခုဖြစ်တဲ့ ဒိန်းမတ်က ပိုင်ဆိုင်တဲ့ ဂရင်းလန် ကျွန်းကို အမေရိကန်က သိမ်းယူလိုတဲ့ အကြောင်းကိုလည်း ပြန်အစဖော်ထားခဲ့ပါတယ်။ ရေခဲတွေ ဖုံးနေပြီး ညံ့ဖျင်းတဲ့ စီမံမှုအောက်မှာ ရှိနေတဲ့ အဲဒီ ကျွန်းကြီး ဂရင်းလန်ကို သတိရကြဖို့လိုကြောင်း ထရမ့်က ရေးသားထားပေမယ့် သူဘာကို ဆိုလိုတယ် ဆိုတာကိုတော့ တိတိကျကျ ရှင်းပြမထားခဲ့ပါဘူး။

ထရမ့်က ဂရင်းလန်ကို အမေရိကန် ပိုင်ဆိုင်ခွင့်ရဖို့ လိုအပ်ရင် စစ်အင်အား သုံးမယ်လို့ပါ အရိပ်အမြွက် ပြောခဲ့ဖူးပြီး ဒိန်းမတ်နဲ့ NATO အဖွဲ့ဝင် နိုင်ငံတွေရဲ့ အပြင်းအထန် ဆန့်ကျင်မှုကြောင့်သာ အဲဒီကိစ္စကို လက်လျှော့ထားခဲ့တာပါ။ အခုတော့ ရူတေးနဲ့ ဆွေးနွေးပွဲ အပြီးမှာ ထရမ့်က ဂရင်းလန်အကြောင်း ထပ်ပြောလာပြန်တာ ဖြစ်ပါတယ်။

လက်ပေါက်ကတ်သူ တစ်ဦးလို့ သတ်မှတ်ခံရတဲ့ ထရမ့်နဲ့ အတော်လေး လေပေးဖြောင့်အောင် ဆွေးနွေးနိုင်သူလို့ အသိအမှတ် ပြုခံရတဲ့ နယ်သာလန် ဝန်ကြီးချုပ်ဟောင်း ရူတေးဟာ အိမ်ဖြူတော် ဘေးဖက်တံခါးပေါက်ကနေ ဝင်ပြီး အနောက်ဆောင်မှာ ထရမ့်နဲ့ တံခါးပိတ် ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

သူက ဘာတွေ ပြောဆိုဖြစ်ခဲ့သလဲ ဆိုတာကို ထုတ်မပြောပေမယ့် ဆွေးနွေးမှုတွေက အရမ်း ပွင့်လင်းပြီး တဲ့တိုးဆန်ခဲ့ကြောင်း CNNဆီ နောက်ပိုင်းမှာ မှတ်ချက်ပေးခဲ့ပါတယ်။ NATO အဖွဲ့ကနေ အမေရိကန် နုတ်ထွက်မယ်လို့ရော ထရမ့်က ခြိမ်းခြောက်ခဲ့သေးသလားဆိုတဲ့ မေးခွန်းတွေကိုတော့ ရူတေးက ပြန်မဖြေခဲ့ပါဘူး။

အခုသီတင်းပတ် အစောပိုင်းမှာ ထရမ့်က အီရန်ပိတ်ဆို့ထားတဲ့ ဟောမုဇ် ရေလက်ကြားကို ပြန်ဖွင့်နိုင်ရေး ကိစ္စမှာ အမေရိကန်ကို ဝင်မကူခဲ့တဲ့ NATOဟာ စက္ကူကျားအဆင့် ဖြစ်သွားပြီလို့ ဝေဖန်ခဲ့ဖူးပါတယ်။

သူဟာ NATO မဟာမိတ် နိုင်ငံ ခေါင်းဆောင်တွေနဲ့ စစ်တပ်တွေကိုလည်း နာမည်တပ် လှောင်ပြောင်တာတွေ ရှိခဲ့ဖူးပြီး ဥပမာ ဗြိတိန် ဝန်ကြီးချုပ် ဆာကီရာ စတာမာဟာ ဝင်စတန်ချာချီလ်လို လူစား မဟုတ်ပါဘူးလို့ ခနဲ့ခဲ့ဖူးသလို ဗြိတိန်ရဲ့ လေယာဉ်တင် သင်္ဘောတွေကိုလည်း အရုပ်တွေလို့ ပြက်ရယ်ပြုခဲ့ဖူးပါတယ်။

ထရမ့်လက်ထက်မှာ အမေရိကန်က အစဉ်အလာ မဟာမိတ်တွေအပေါ် ပိုမိုရန်လိုလာပြီး သီးခြားရပ်တည်လိုတဲ့ သဘောထားတွေ ပြသလာနေတဲ့အပေါ် အမေရိကန်ရဲ့ ပြိုင်ဘက်တွေဖြစ်တဲ့ ရုရှားနဲ့ တရုတ်တို့ကလည်း အလေးအနက် စောင့်ကြည့်နေပါတယ်။

ကိုးကား: AFP

ဓာတ်ပုံ – Getty

ဆက်စပ်သတင်းများ

နိုင်ငံတကာ

စစ်ဖြစ်ရင်ရုရှား ရှုံးလိမ့်မယ်လို့ NATO အတွင်းရေးမှူးချုပ်ဆို

သတင်း

လေပိုင်နက် ကျူးကျော်မှုတွေနဲ့ ပတ်သက်ပြီး တုံ့ပြန် ကိုင်တွယ်နေတဲ့ တိုက်လေယာဉ်မှူးတွေကို လုပ်ထုံးလုပ်နည်းဆိုင်ရာ ပိုပြီး လွတ်လပ်ခွင့်တွေ ပေးသွားဖို့ ပိုလန် ကာကွယ်ရေး ဝန်ကြီးဌာနက စီစဉ်နေပါတယ်။

နိုင်ငံတကာ

NATO လေပိုင်နက်ထဲ ဝင်ရောက်လာတဲ့ ဒရုန်းတစ်စီးကို NATO တိုက်လေယာဉ်တွေက ပစ်ချခဲ့ပါတယ်။

သတင်း

အမေရိကန် ဗဟိုထောက်လှမ်းရေး အေဂျင်စီ (CIA)ရဲ့ အကြီးအကဲက ရုရှားကို သွားရောက်ခဲ့တာဟာ NATO စစ်မဟာမိတ် အဖွဲ့ဝင် နိုင်ငံတွေကို ရုရှားက တိုက်ခိုက်မလာအောင် သတိပေးဖို့ဖြစ်ကြောင်း အမေရိကန် မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

Facebook