Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တစ်ရက်မပြည့်ခင်မှာပဲ အက်ကွဲစပြုလာတဲ့ အမေရိကန် – အီရန် အပစ်ရပ်သဘောတူညီချက်

လက်ဘနွန်ကို အစ္စရေးက ဆက်ပြီး တိုက်ခိုက်နေမယ်ဆိုရင် နောင်တရသွားလောက်အောင် လက်တုံ့ပြန်ရလိမ့်မယ်လို့ အီရန်က သတိပေးခဲ့ပါတယ်။

ဧပြီ – ၉၊၂၀၂၆

လက်ဘနွန်ကို အစ္စရေးက ဆက်ပြီး တိုက်ခိုက်နေမယ်ဆိုရင် နောင်တရသွားလောက်အောင် လက်တုံ့ပြန်ရလိမ့်မယ်လို့ အီရန်က သတိပေးခဲ့ပါတယ်။

အမေရိကန်နဲ့ အီရန်တို့ကြားက အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုဟာ တစ်ရက်မပြည့်ခင်မှာပဲ အက်ကြောင်းတွေ စထင်လာနေတာ ဖြစ်ပါတယ်။ ဧပြီ ၇ ရက်နေ့မှာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အီရန်နဲ့ သီတင်းနှစ်ပတ်ကြာ အပစ်ရပ်ထားရင်း စစ်ပွဲကို အဆုံးသတ်နိုင်ဖို့ ဆက်လက် ဆွေးနွေးမယ့်အကြောင်း ကြေညာခဲ့ပါတယ်။

မရှေးမနှောင်းမှာပဲ အမေရိကန်ရဲ့ မဟာမိတ် အစ္စရေး၊ အပစ်ရပ်ဖို့ ကြားဝင် စေ့စပ်ပေးခဲ့တဲ့ ပါကစ္စတန် အစိုးရ၊ အမေရိကန်နဲ့ စစ်ခင်းနေတဲ့ အီရန်အစိုးရတို့ကလည်း အပစ်ရပ် သဘောတူညီမှု အကြောင်းကို အသီးသီး အတည်ပြု ထုတ်ပြန်ခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမဲ့လည်း အပစ်ရပ် သဘောတူညီမှု ခြုံငုံသက်ရောက်မယ့် နိုင်ငံတွေနဲ့ ပတ်သက်ပြီး သဘောထား ကွဲလွဲမှုတွေ ရှိနေပါတယ်။ ပါကစ္စတန် အစိုးရက အရှေ့အလယ်ပိုင်း ဒေသတစ်ခုလုံးမှာ အပစ်ရပ်မှာ ဖြစ်တယ်လို့ ပြောပေမယ့် အစ္စရေး ဝန်ကြီးချုပ်ရုံးကတော့ လက်ဘနွန်မှာတော့ အပစ်ရပ်မှာ မဟုတ်ဘူးလို့ တုံ့ပြန်ထားပါတယ်။ အစ္စရေးဟာ အီရန်ရဲ့ လက်ဘနွန် အခြေစိုက် မဟာမိတ်တွေဖြစ်တဲ့ ဟစ်ဇ်ဘိုလာ ပြောက်ကျားတွေကို ပြင်းပြင်းထန်ထန် စစ်ဆင် တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

အီရန်နဲ့ စစ်ပွဲစပြီးနောက်ပိုင်း အစ္စရေးဟာ လက်ဘနွန် ပိုင်နက်ထဲမှာ အကြီးစား တိုက်ခိုက်မှုတွေကို အကြိမ်ကြိမ် လုပ်ဆောင်နေခဲ့ပြီး ဧပြီ ၈ ရက်နေ့မှာ အနည်းဆုံး လူ ၁၈၂ ဦး သေဆုံးခဲ့ပါတယ်။ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုကတော့ အီရန် စစ်ပွဲကာလတလျှောက် အဲဒီနေ့မှာ ဟစ်ဇ်ဘိုလာတွေအပေါ် အပြင်းထန်ဆုံး ထိုးနှက်နိုင်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

တစ်ဖက်မှာလည်း အီရန်က အစ္စရေးရဲ့ လက်ဘနွန်မှာ လုပ်ဆောင်နေတဲ့ စစ်ဆင်ရေးတွေ ရပ်တန့်ဖို့ တင်းတင်းမာမာ တောင်းဆိုထားပါတယ်။ လက်ဘနွန်မှာ ဖြစ်ပေါ်နေတဲ့ တိုက်ခိုက်မှုတွေ ချက်ချင်း မရပ်ဘူးဆိုရင် ရန်သူတွေ နောင်တရသွားအောင် တုံ့ပြန်ရလိမ့်မယ်လို့လည်း အီရန်က ခြိမ်းခြောက်ထားပါတယ်။

အခု သီတင်းပတ်ကုန်ကျရင် ပါကစ္စတန်ကို သွားရောက်ပြီး အီရန်နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေမှာ ပါဝင်မယ့် အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ်ကတော့ အပစ်ရပ် သဘောတူညီမှုတွေမှာ အခုလို လှိုင်းထန်တဲ့ အခြေအနေတွေတော့ ရှိတတ်ကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။

အပစ်ရပ် သဘောတူညီမှု ရယူရာမှာ အီရန်ဟာ ကမ္ဘာ့ရေနံတင်ပို့မှုအတွက် အဓိက အကျဆုံး ရေလမ်းကြောင်း တစ်ခုဖြစ်တဲ့ ဟောမုဇ် ရေလက်ကြားကို ပြန်ဖွင့်ပေးရမယ် ဆိုတဲ့ အချက်လည်း ပါဝင်ခဲ့ပါတယ်။ လက်ဘနွန် ကိစ္စကို အကြောင်းပြုပြီး အခြေအနေတွေ ပြန်လည် တင်းမာလာချိန်မှာ အီရန်က ခွင့်ပြုချက် မရဘဲ အဲဒီ ရေလက်ကြားကို ဖြတ်သန်းတဲ့ ရေယာဉ်တွေကို ပစ်မှတ်ထား ဖျက်ဆီးပစ်ရလိမ့်မယ်လို့ သတိပေးခဲ့ပါတယ်။

အီရန် လွှတ်တော် ဥက္ကဋ္ဌကလည်း လက်ရှိ အခြေအနေအရ အီရန် တောင်းဆိုထားတဲ့ အပစ်ရပ် သဘောတူညီချက် ၁၀ ခုထဲက ၃ ခုလောက်ဟာ ပြောင်ပြောင်တင်းတင်းကြီး ချိုးဖောက်တာ ခံထားရပြီးပြီလို့ စွပ်စွဲ ပြောကြားခဲ့ပါတယ်။

အပစ်ရပ်ကာလ စတင်ပြီးနောက်ပိုင်း ဟောမုဇ်မှာ ဘယ်နိုင်ငံတွေရဲ့ သင်္ဘော ဘယ်နှစီး ပြန်လည် ဖြတ်သန်းပြီးပြီလဲ ဆိုတာကိုတော့ တိတိကျကျ မသိရသေးဘဲ သတင်းတွေက ရှုပ်ထွေးနေပါတယ်။

အစ္စရေး အစိုးရ မီဒီယာတွေက အီရန်ဟာ ဟောမုဇ် ရေလက်ကြားကို ဆက်ပြီး ပိတ်ထားဆဲ ဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။ အီရန် သတင်းဌာန နှစ်ခုကလည်း ပနားမား အလံ လွှင့်ထူထားတဲ့ သင်္ဘောတစ်စီးဟာ ရေလက်ကြားနား ချဉ်းကပ်ပြီးမှ နောက်ကြောင်း ပြန်လှည့်သွားကြောင်းနဲ့ အဲဒီ ရေလမ်းကြောင်းဟာ အပြည့်အဝ ဆက်ပြီး ပိတ်ခံထားရဆဲဖြစ်ကြောင်း ရေးသားထားပါတယ်။

ဒါပေမဲ့ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရ အမျိုးသမီး ကာရိုလိုင်း လီယာဗစ်ကတော့ ဟောမုဇ်က ဆက်ပြီး ပိတ်ထားဆဲဆိုတဲ့ သတင်းမှန်သမျှဟာ မှားယွင်းတယ်လို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ အပစ်ရပ် သဘောတူညီမှု ရရှိအပြီး အဲဒီရေလက်ကြားကို ဖြတ်သန်းတဲ့ သင်္ဘော အစီးရေကလည်း တဖြည်းဖြည်း တိုးလာနေတယ်လို့ သူက ဆိုပါတယ်။

ရေလက်ကြား ပြန်ပိတ်ခံထားရတယ်ဆိုတဲ့ မဟုတ်မမှန် သတင်းတွေကို သမ္မတ ထရမ့်က လက်မခံနိုင်ကြောင်း၊ ရေလက်ကြား အမှန်တကယ် ပြန်ဖွင့်နေပြီ ဆိုတာကို အမေရိကန် အရာရှိတွေဆီက အပြည့်အဝ အာမခံချက်ကိုလည်း ရရှိထားပြီးဖြစ်ကြောင်း လီယာဗစ်က ပြောကြားသွားပါတယ်။

တခြားတစ်ဖက်မှာတော့ ပင်လယ်ကွေ့ ဒေသထဲမှာ ရှိနေတဲ့ သင်္ဘောတွေဟာ ရေလက်ကြား ပိတ်ထားဆဲ ဖြစ်ကြောင်း အီရန် အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ် (IRGC)ဆီက အကြောင်းကြားစာတွေ လက်ခံရရှိနေတယ်လို့ သိရပါတယ်။

ဖြတ်သန်းမယ့် သင်္ဘောတိုင်းဟာ IRGCရဲ့ ခွင့်ပြုချက်ကို လိုအပ်မှာဖြစ်ပြီး ဇွတ်တရွတ်လုပ်တဲ့ ရေယာဉ်တိုင်းဟာ ပစ်မှတ်ထား ဖျက်ဆီး ခံရလိမ့်မယ်လို့ IRGCက သတိပေးထားပါတယ်။

ကိုးကား – BBC

ဓာတ်ပုံ – Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားကို သောကြာနေ့၊ ဇွန်လ ၁၉ ရက်မှာ အလုံးစုံ ပြန်ဖွင့်နိုင်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

အတွေးအမြင်

အမေရိကန်နိုင်ငံရေးအခင်းအကျင်းမှာ ၂၀၂၆ ခုနှစ်အလယ်သက်တမ်းရွေးကောက်ပွဲကို မျက်စိကျလာနေချိန်မှာ သမ္မတဒေါ်နယ်ထရမ့်အတွက် စိုးရိမ်စရာအချက်တစ်ခု ထင်ထင်ရှားရှားပေါ်လာနေပါတယ်။ အဲဒါကတော့ နှစ်ပေါင်းများစွာ သူ့ရဲ့ နိုင်ငံရေးအင်အား အခြေခံအဖြစ် ရပ်တည်ခဲ့တဲ့ အလုပ်သမားတန်းစား လူဖြူ မဲဆန္ဒရှင်တွေကြားမှာ စီးပွားရေးအပေါ် ယုံကြည်မှု လျော့နည်းလာခြင်းပါ။

နိုင်ငံတကာ

အမေရိကန် နိုင်ငံမှာ လေတပ်ရဲ့ B-52 ဗုံးကြဲလေယာဉ်ကြီးတစ်စီး ပျက်ကျခဲ့ပြီး လူ ၈ ဦး သေဆုံးသွားကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန် အစိုးရ ရုံးစိုက်ရာ အိမ်ဖြူတော် ဝင်းထဲမှာ ကျင်းပနေတဲ့ ကိုယ်ခံပညာ ပေါင်းစုံ တိုက်ခိုက်ရေး (MMA) ပြိုင်ပွဲကို စတင်နေပြီ ဖြစ်ပါတယ်။