Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အီရန် ရေနံတင် သင်္ဘောတစ်စီးကို နိုင်ငံတကာ ရေပြင်မှာ အမေရိကန် စစ်တပ် စီးနင်း

သီရိလင်္ကာ နိုင်ငံနားက နိုင်ငံတကာ ရေပိုင်နက်ထဲမှာ အီရန် ရေနံတင် သင်္ဘောတစ်စီးကို အမေရိကန် စစ်တပ်က ကြားဖြတ် ဖမ်းဆီးလိုက်ပါတယ်။

ဓာတ်ပုံ - X/Department of War

သီရိလင်္ကာ နိုင်ငံနားက နိုင်ငံတကာ ရေပိုင်နက်ထဲမှာ အီရန် ရေနံတင် သင်္ဘောတစ်စီးကို အမေရိကန် စစ်တပ်က ကြားဖြတ် ဖမ်းဆီးလိုက်ပါတယ်။

ဟောမုဇ် ရေလက်ကြားမှာ အီရန်ရဲ့ ဆိပ်ကမ်းတွေကို အမေရိကန် ရေတပ်က ပိတ်ဆို့ထားတဲ့ အစီအမံနဲ့ ဆက်နွှယ်တယ်လို့ ယူဆရတဲ့ အခြေအနေ တစ်ရပ်အဖြစ် အဲဒီ ရေယာဉ်ကို အမေရိကန် ကွန်မန်ဒိုတွေက စီးနင်းခဲ့ကြတာ ဖြစ်ပါတယ်။

ဧပြီ ၂၁ ရက်နေ့၊ အမေရိကန် စစ်တပ်ရဲ့ ထုတ်ပြန်ချက်မှာတော့ အမေရိကန် တပ်ဖွဲ့ဝင်တွေဟာ ဘာပြဿနာမှ မရှိဘဲ Tifani ရေနံတင် သင်္ဘောပေါ်ကို တက်ရောက်နိုင်ခဲ့တယ်လို့ ဖော်ပြ ပါရှိခဲ့ပါတယ်။

သီရိလင်္ကာ နိုင်ငံနားက အိန္ဒိယ သမုဒ္ဒရာ ရေပြင်မှာ ထိန်းချုပ် ခံခဲ့ရတဲ့ သင်္ဘောဟာ ရေနံစိမ်း စည်ပေါင်း ၂ သန်းလောက်ကို တင်ဆောင်နိုင်စွမ်း ရှိတယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အီရန်အတွက် ရုပ်ဝတ္ထု အထောက်အပံ့ ဖြစ်စေမယ့်၊ ပိတ်ဆို့ အရေးယူ ခံထားရတဲ့ ရေယာဉ်တွေ ဘယ်နေရာမှာမဆို တားဆီးဖို့ မမှိတ်မသုန် ဆက်လက် လုပ်ဆောင်သွားမယ်လို့ အမေရိကန် စစ်ရေးဗဟို ကွပ်ကဲမှုဌာန (CENTCOM)က ထုတ်ပြန်ခဲ့ပါတယ်။

အမေရိကန် စစ်တပ်ဟာ သင်္ဘောပေါ်ကို တက်ရောက်စီးနင်းတဲ့ ဗီဒီယို ဖြတ်ပိုင်းတို တစ်ခုကိုပါ ထုတ်ပြန်ခဲ့ပေမယ့် အီရန်ကတော့ Tifani ရေယာဉ်နဲ့ ပတ်သက်လို့ ဘာမှတ်ချက်မှ မပေးသေးပါဘူး။

အီရန်နဲ့ အမေရိကန်တို့ကြား အပစ်ရပ် သဘောတူညီမှုကာလ သက်တမ်းကုန်ခါနီးမှာ အီရန် ရေနံတင် သင်္ဘောတစ်စီးကို အမေရိကန်က တားဆီးခဲ့တာ ဖြစ်ပါတယ်။ ဧပြီ ၂၁ ရက်နေ့မှာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အီရန်ဟာ အပစ်ရပ် သဘောတူညီမှုတွေ အတော်များများကို ချိုးဖောက်ခဲ့တယ်လို့ စွပ်စွဲခဲ့ပေမယ့် အသေးစိတ်ကိုတော့ ရှင်းမပြခဲ့ပါဘူး။

အမေရိကန် ရေတပ်ဟာ ဧပြီ ၁၉ ရက်နေ့တုန်းကလည်း အိုမန်ပင်လယ်ကွေ့မှာ အီရန် ကုန်တင်သင်္ဘော တစ်စီးကို ပစ်ခတ်ဟန့်တားပြီး ထိန်းချုပ်ခဲ့ပါသေးတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန်စစ်ပွဲမှာ သူ့ရဲ့ လုပ်ပိုင်ခွင့်တွေကို တားဆီးကန့်သတ်တဲ့ လွှတ်တော် အမတ်တွေဟာ မျိုးချစ်စိတ်ဓာတ် ကင်းမဲ့သူတွေလို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

လေဆိပ်ကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တဲ့ အီရန်ရဲ့ လုပ်ရပ်ကို ရာဇဝတ်မှုမြောက်တဲ့ ရန်လိုမှု တစ်ခုအဖြစ် ကူဝိတ်က စွပ်စွဲ ရှုတ်ချခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်နဲ့ စစ်ရေးပဋိပက္ခ ပြင်းထန်နေချိန် အတောအတွင်း အီရန်ပိုင်နက်ထဲမှာ ပစ်ချခံခဲ့ရလို့ ရှာဖွေ ကယ်ဆယ်ခဲ့ရတဲ့ အမေရိကန် တိုက်လေယာဉ်မှူးဟာ အီရန်စစ်ပွဲမှာ ဒုတိယအကြိမ် လေယာဉ်ပစ်ချခံခဲ့ရတာဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပါတယ်။

သတင်း

မန္တလေးမြို့မှာ စုံ/မစနစ်နဲ့ မော်တော်ယာဥ်တွေ ပြန်လည်ဖမ်းဆီးလာပြီး ယာဥ်အများအပြား ဖမ်း​ဆီးခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။