Connect with us

Hi, what are you looking for?

နိုင်ငံတကာ

သမ္မတ ထရမ့် တက်ရောက်တဲ့ ညစာစားပွဲ အနီးမှာပစ်ခတ်မှုဖြစ်ပွား ၊ထရမ့်တို့ဇနီးမောင်နှံကို ဘေးကင်းရာဆီ လုံခြုံရေးတပ်ဖွဲ့ ရွှေ့ပြောင်း၊

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် တက်ရောက်တဲ့ အိမ်ဖြူတော် သတင်း ထောက်အသင်းရဲ့ ညစာစားပွဲကျင်းပရာ ဟိုတယ်မှာ ပစ်ခတ်မှု ဖြစ်ပြီး ထရမ့်နဲ့ အမေရိကန် အစိုးရအဖွဲ့ အကြီးပိုင်းတွေကို လုံခြုံရေးတပ်ဖွဲ့က ဘေးကင်းတဲ့နေရာဆီ မြန်မြန်ဆန်ဆန်ပဲ ရွှေ့ပြောင်းပေးခဲ့ပါတယ်။

ဧပြီ – ၂၆ ၊၂၀၂၆

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် တက်ရောက်တဲ့ အိမ်ဖြူတော် သတင်း ထောက်အသင်းရဲ့ ညစာစားပွဲကျင်းပရာ ဟိုတယ်မှာ ပစ်ခတ်မှု ဖြစ်ပြီး ထရမ့်နဲ့ အမေရိကန် အစိုးရအဖွဲ့ အကြီးပိုင်းတွေကို လုံခြုံရေးတပ်ဖွဲ့က ဘေးကင်းတဲ့နေရာဆီ မြန်မြန်ဆန်ဆန်ပဲ ရွှေ့ပြောင်းပေးခဲ့ပါတယ်။

ရုပ်သံထဲမှာတော့ ညစာစားပွဲမှာရှိနေတဲ့ ထရမ့် နဲ့ သမ္မတကတော် တို့ကို လုံခြုံရေးအဖွဲ့တွေက အကာအကွယ်ပြုပေးကာ ခြံရံပြီး ခေါ်ထုတ်သွားတာတွေ့ရပါတယ်။

ဧပြီလ ၂၅ ရက်ညနေပိုင်းက ဝါရှင်ဒီစီမြို့ တော် ၊ ဝါရှင်တန်ဟီတန် ဟိုတယ်မှာ အိမ်ဖြူတော် သတင်းထောက်အသင်းရဲ့ ညစာစားပွဲ အခမ်းအနားကျင်းပတာဖြစ်ပြီး သမ္မတထရမ့် အပါအဝင် အမေရိကန် အစိုးရ အကြီးပိုင်းတွေ တက်ရောက်ကြပါတယ်။

Public Service Announcement

Public Service Announcement

ညစားစားပွဲကျင်းပနေချိန်အတွင်း ပစ်ခတ်သံတွေ ထွက်ပေါ်လာတာဖြစ်ပြီး ပစ်ခတ်မှုဟာ အခမ်းအနားတက်ရောက်လာသူတွေကို စစ်ဆေးရာနေရာအနီးဝန်းကျင်မှာ ဖြစ်ပွားခဲ့တာပါ။

ပစ်ခတ်သူသေနတ်သမားကို ဖမ်းမိပြီလို့ ထရမ့်က သူရဲ့လူမှုကွန်ရက် Truth မှာ ရေးသားအသိပေးထားပါတယ်။

အခုပစ်ခတ်မှုဖြစ်ပွားတဲ့ ဝါရှင်တန်ဟီတန် ဟိုတယ်မှာ ၁၉၈၁ ခုနှစ် ၊ မတ်လ ၃၀ ရက်က အမေရိကန်သမ္မတ ရော်နယ်ရေဂင် မိန့်ခွန်းပြောပြီး ဟိုတယ်က အထွက်မှာ သေနတ်နဲ့ပစ်ခတ်လုပ်ကြံခံရတဲ့ဖြစ်ရပ်ရှိခဲ့ပါတယ်။

အဲဒီလုပ်ကြံမှုမှာ သမ္မတ ရေဂင် ဒဏ်ရာသာရပြီး အသက်ရှင်လွတ်မြောက်ခဲ့ပါတယ်။

ကိုးကား – NBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့် ရှိနေတဲ့ ဟိုတယ်မှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုဟာ ထရမ့်နဲ့ အစိုးရ အရာရှိကြီးတွေကို ပစ်မှတ်ထားဖို့ အကြံအစည်တစ်ခု ဖြစ်နိုင်ကြောင်း စုံစမ်းစစ်ဆေးရေး အရာရှိတွေက ပြောပါတယ်။

နိုင်ငံတကာ

အိမ်ဖြူတော်သတင်းထောက်များအသင်းက ကမကထပြုပြီး ကျင်းပတဲ့ ညစာစားပွဲ ပြုလုပ်ရာ ဟိုတယ်မှာ ပစ်ခတ်မှု ကျုးလွန်တဲ့ သေနတ်သမား အမျိုးသားကို ဖမ်းမိထားပြီလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကြေညာပါတယ်။

News

BGF ခေါင်းဆောင် စောချစ်သူ၏ လက်ရုံးဟု လူသိများသည့် ဗိုလ်မှုးနိုင်မောင်ဇော်က မြင့်မြတ်နှင့် တွဲရိုက်ထားသည့် ဓာတ်ပုံကို ယနေ့(မတ်လ ၁၁ရက်)ညတွင် လူမှုကွန်ရက်၌ တင်ထားသည်။ နး်ခြား​စောင့်တပ်ဖွဲ့ (BGF)မှာ အကြမ်းဖက်စစ်​ကောင်စီတပ် သြဇာခံ​သောအဖွဲ့များဖြစ်သည်။ကရင်ပြည်နယ်တွင် KNUလက်​အောက်ခံKNLA တပ်နှင့် PDF များကို စစ်​ကောင်စီတပ်နှင့်ပူး​ပေါင်းတိုက်ခိုက်​နေ​သောတပ်များဖြစ်သည်။