Connect with us

Hi, what are you looking for?

နိုင်ငံတကာ

စစ်ပွဲရပ်ဖို့နဲ့ ဟောမုဇ်ရေလက်ကြား ပြန်ဖွင့်နိုင်ဖို့ အီရန်က အမေရိကန်ဆီ အဆိုပြု

နှစ်နိုင်ငံကြားက စစ်ပွဲကို ရပ်စဲစေဖို့နဲ့ ဟောမုဇ် ရေလက်ကြားကို ပုံမှန်အတိုင်း ပြန်ဖွင့်ပေးဖို့ ဆိုတဲ့အချက်တွေ ပါဝင်တဲ့ အဆိုပြုချက် တစ်ရပ်ကို အီရန်က အမေရိကန်ဆီ ပေးပို့ခဲ့ကြောင်း သိရပါတယ်။

နှစ်နိုင်ငံကြားက စစ်ပွဲကို ရပ်စဲစေဖို့နဲ့ ဟောမုဇ် ရေလက်ကြားကို ပုံမှန်အတိုင်း ပြန်ဖွင့်ပေးဖို့ ဆိုတဲ့အချက်တွေ ပါဝင်တဲ့ အဆိုပြုချက် တစ်ရပ်ကို အီရန်က အမေရိကန်ဆီ ပေးပို့ခဲ့ကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က အီရန် နိုင်ငံခြားရေး ဝန်ကြီး အဘက်စ် အာရက်ချီဟာ ပါကစ္စတန်နိုင်ငံ၊ အစ္စလာမ်မာဘတ်မြို့ဆီ ရောက်ရှိခဲ့ပြီး ငြိမ်းချမ်းရေးအတွက် ကြားလူအဖြစ် ဆွေးနွေးပေးနေတဲ့ ပါကစ္စတန် အာဏာပိုင်တွေဆီ အီရန်ရဲ့ ငြိမ်းချမ်းရေး အဆိုပြုချက်ကို ပေးအပ်ခဲ့ပါတယ်။ အဲဒီနောက် ပါကစ္စတန်က အဲဒီအဆိုပြုချက်ကို အမေရိကန်ဆီ လွှဲပြောင်းပေးခဲ့တာပါ။

အစောပိုင်းက ပါကစ္စတန်မှာ အီရန်နဲ့ အမေရိကန် ကိုယ်စားလှယ် အဖွဲ့တွေ တွေ့ဆုံဖြစ်မယ်လို့ ခန့်မှန်းမှုတွေ ရှိခဲ့ပေမယ့် အီရန်ဖက်က ငြင်းဆိုခဲ့သလို အာရက်ချီကလည်း အဆိုပြုချက်ကို ပေးအပ်ပြီးတဲ့နောက် အစ္စလာမ်မာဘတ်ကနေ ပြန်လည် ထွက်ခွာသွားခဲ့ပါတယ်။ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကလည်း ပါကစ္စတန်ဆီ ကိုယ်စားလှယ်အဖွဲ့ စေလွှတ်မယ့် ကိစ္စကို ဖျက်သိမ်းကြောင်း ကြေညာခဲ့ပါတယ်။

အခုအခါမှာတော့ Axios သတင်းဌာနက အမေရိကန် အစိုးရ ထိပ်ပိုင်း အရာရှိနှစ်ဦး၊ အီရန်ရဲ့ အဆိုပြုချက်အကြောင်း သိရှိထားတဲ့ သတင်းရင်းမြစ် နှစ်ဦးကို ကိုးကားပြီး အီရန်ရဲ့ ကမ်းလှမ်းချက်တွေထဲမှာ စစ်ပွဲကို ရပ်ဆိုင်းပြီး အီရန်က ပိတ်ထားတဲ့ ဟောမုဇ် ရေလက်ကြားကို ပြန်ဖွင့်ပေးဖို့ ဆိုတာက အဓိက အကြောင်းအရာတွေအဖြစ် ပါဝင်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။ ဒါပေမဲ့ အီရန်ဟာ နိုင်ငံရဲ့ နျူကလီးယားဟာ နည်းပညာ ကဏ္ဍနဲ့ ပတ်သက်ပြီး ဆွေးနွေးမှုတွေကိုတော့ သင့်တော်မယ့် နောင်တစ်ချိန်ထိ ရွှေ့ဆိုင်းထားပေးဖို့ အဆိုပြုထားခဲ့ကြောင်း သိရပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန်နဲ့ အီရန်တို့ဟာ လက်ရှိ အပစ်ရပ် သဘောတူညီမှုရဲ့ အစောပိုင်း ဧပြီလဆန်းတုန်းက ပါကစ္စတန်မှာ တွေ့ဆုံ ဆွေးနွေးခဲ့ပေမယ့် ငြိမ်းချမ်းရေး သဘောတူညီမှု မရဘဲ အဆုံးသတ်ခဲ့ပါတယ်။ အမေရိကန်ကတော့ အီရန်ဟာ နျူကလီးယား ရည်မှန်းချက်တွေကို မစွန့်လွှတ်ခဲ့တာကြောင့် အစည်းအဝေး ပျက်ခဲ့ရတာလို့ အပြစ်ဖို့ခဲ့ဖူးပါတယ်။

အီရန်ဆီက အဆိုပြုချက်ကို လက်ခံရရှိခဲ့တဲ့နောက် သမ္မတ ထရမ့်ဟာ ဧပြီ ၂၇ ရက်နေ့မှာ သူ့ရဲ့ အမျိုးသား လုံခြုံရေး၊ နိုင်ငံခြားရေး မူဝါဒဆိုင်ရာ အကြံပေးအဖွဲ့နဲ့ အစည်းအဝေး ပြုလုပ်ဖွယ်ရှိကြောင်း အမေရိကန် အစိုးရ အရာရှိ ၃ ဦးက ပြောကြားခဲ့ပါတယ်။

ဧပြီ ၂၆ ရက်နေ့တုန်းက Foxသတင်းဌာနနဲ့ အင်တာဗျူးမှာတော့ ထရမ့်က အီရန်ဖက်က ကမ်းလှမ်းမှုဟာ လက်ခံနိုင်စရာ မရှိဘူးဆိုရင် အီရန် ဆိပ်ကမ်းတွေကို အမေရိကန် ရေတပ်အင်အားနဲ့ ဆက်ပြီး ပိတ်ဆို့ထားဦးမယ်လို့ သတိပေးထားပါတယ်။ အဲဒီ ပိတ်ဆို့မှုဟာ အီရန်ရဲ့ စီးပွားရေးကို အကြီးအကျယ် အထိနာစေတယ်လို့ လေ့လာသူတွေက သုံးသပ်ထားပါတယ်။

အီရန် နိုင်ငံခြားရေးဝန်ကြီး အာရက်ချီဟာ ပါကစ္စတန်ဆီ အဆိုပြုချက် ပေးပို့ပြီးတဲ့နောက် ဧပြီ ၂၆ ရက်နေ့မှာ အိုမန်နိုင်ငံဆီ သွားရောက်ပြီး ဟောမုဇ် ရေလက်ကြား ကိစ္စအတွက် အိုမန် အာဏာပိုင်တွေနဲ့ပါ ဆွေးနွေးခဲ့ပါတယ်။ အီရန်ဟာ နိုင်ငံတောင်ပိုင်း ကမ်းလွန်မှာ တည်ရှိပြီး နိုင်ငံတကာ ရေနံတင်ပို့မှု အချက်အခြာ ရေလမ်းကြောင်း တစ်ခုဖြစ်တဲ့ ဟောမုဇ်ကို စစ်ပွဲ စတင်ချိန် ကတည်းက ပိတ်ထားပြီး ဖြတ်သန်းသွားတဲ့ ရေယာဉ်တွေကိုလည်း တိုက်ခိုက်ခဲ့ပါတယ်။ နောက်ပိုင်းမှာ အီရန်ဆိပ်ကမ်းတွေကို ပစ်မှတ်ထား ဖိအားပေးဖို့ ဟောမုဇ်ကို အမေရိကန်ကပါ ပိတ်ထားလိုက်ပါတယ်။ အကျိုးဆက် အနေနဲ့ ကမ္ဘာတလွှားမှာ ရေနံနဲ့ လောင်စာဆီ စျေးတွေ မြင့်တက်လာတာ၊ တချို့နိုင်ငံတွေမှာ လောင်စာဆီ ပြတ်လပ်တာမျိုး ဖြစ်ရပ်တွေ ကြုံတွေ့လာရပါတယ်။

ကိုးကား: Axios

ဓာတ်ပုံ – Getty Images, Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြား ပြန်ဖွင့်နိုင်ရေးအတွက် အီရန်နဲ့ သဘောတူညီမှု တစ်ခုကို ရက်ပိုင်းအတွင်း ရယူနိုင်ဖို့ အမေရိကန်က မျှော်လင့်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

အီရန်ဟာ ဦးခေါင်းပိုင်းကို ဖြတ်တောက်ခံရမယ့် အခြေအနေကို ရှောင်လွှဲဖို့ နောက်ဆုံးတစ်ကြိမ်ပဲ အခွင့်အရေး ရတော့မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သတိပေး ပြောကြားလိုက်ပါတယ်။

သတင်း

အီရန်နဲ့ ဆွေးနွေးမှု အသစ်တွေကို ဩဂုတ် ၃ ရက်နေ့မှာ နောက်တစ်ကျော့ ပြန်စနိုင်ဖို့ ရည်ရွယ်ထားကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။