Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အင်ဒိုနီးရှားမှာ ၄ ရက်အတွင်း ဒုတိယမြောက် ရထားမတော်တဆမှု ဖြစ်ပွား၊ ကလေးတွေ အပါအဝင် ၄ ဦးသေ

အင်ဒိုနီးရှားမှာ ရက်ပိုင်းအတွင်း ဒုတိယမြောက် ဖြစ်ပွားခဲ့တဲ့ ရထားမတော်တဆမှုကြောင့် ကလေးတွေ အပါအဝင် ၄ ဦး သေဆုံးခဲ့ပါတယ်။

ဓာတ်ပုံ - Grobogan police traffic unit

အင်ဒိုနီးရှားမှာ ရက်ပိုင်းအတွင်း ဒုတိယမြောက် ဖြစ်ပွားခဲ့တဲ့ ရထားမတော်တဆမှုကြောင့် ကလေးတွေ အပါအဝင် ၄ ဦး သေဆုံးခဲ့ပါတယ်။

မေလ ၁ ရက်နေ့တုန်းက ဂျာဗားအလယ်ပိုင်း၊ ဂရိုဘိုဂွန်မြို့မှာ ကားတစ်စီးကို ရထားက ဝင်တိုက်ခဲ့တာလို့ ရဲတွေက ပြောပါတယ်။ ဓာတ်ပုံ မှတ်တမ်းတွေမှာတော့ အဖြူရောင် ကားတစ်စီးဟာ အတော်ကြီး ဆိုးဆိုးရွားရွား ပျက်စီးထားပြီး ရထားလမ်းဘေး လယ်ကွင်းတစ်ခုထဲ ပြုတ်ကျနေတာကို တွေ့ရပါတယ်။

ကနဦး စုံစမ်းမှုတွေအရ ရထားလမ်းနဲ့ ကားလမ်းဖြတ်တဲ့ နေရာမှာ မြူတွေအရမ်း ထူနေခဲ့တာကြောင့် ယာဉ်မောင်းဟာ ရထားလာနေတာကို မမြင်ခဲ့ဘူးလို့ သိရပါတယ်။ ရထားက ဖြတ်တိုက်တာ ခံခဲ့ရတဲ့ ကားဟာ မီတာ ၂၀ လောက် တလိမ့်ကောက်ကွေး လွင့်ထွက်သွားပြီး ဓာတ်တိုင်တစ်ခုကို ဝင်တိုက်ပြီးမှ စပါးခင်းထဲ ကျသွားခဲ့တာ ဖြစ်ပါတယ်။

ကားထဲမှာ ပါလာတဲ့ ၂ နှစ်နဲ့ ၁၀ နှစ်အရွယ် ကလေးတွေ အပါအဝင် စုစုပေါင်း ၄ ဦး သေဆုံးခဲ့ပြီး ယာဉ်မောင်းနဲ့ တခြားခရီးသည်တို့ကတော့ ဒဏ်ရာတွေ ရခဲ့ပေမယ့် အသက်ရှင်ခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

ရဲတွေက ဖြစ်စဉ်နဲ့ ပတ်သက်ပြီး အသေးစိတ် စုံစမ်းစစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်နေဆဲလို့ ပြောပါတယ်။ ဒါဟာ အင်ဒိုနီးရှားမှာ ၄ ရက်အတွင်း ဒုတိယမြောက် ဖြစ်ပွားတဲ့ ဆိုးရွားတဲ့ ရထားမတော်တဆမှုပါ။

ဧပြီ ၂၇ ရက်နေ့ ညပိုင်းတုန်းကလည်း ဂျကာတာမြို့တော် ဆင်ခြေဖုံး တစ်နေရာမှာ မြို့ပတ်ရထားကို အဝေးပြေးရထားက ဝင်တိုက်မိခဲ့တာကြောင့် လူ ၁၆ ဦး သေဆုံးပြီး လူ ၉၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။

အဲဒီမှာလည်း ရထားနဲ့ကား တိုက်မိထားတဲ့ တခြားမတော်တဆမှု တစ်ခုကြောင့် လမ်းရှင်းအောင် ရပ်စောင့်နေခဲ့တဲ့ မြို့ပတ်ရထားရဲ့ အမျိုးသမီး ခရီးသည်တွေချည်း သီးသန့်လိုက်ပါနိုင်အောင် စီစဉ်ပေးထားတဲ့ နောက်ဆုံးတွဲကို အဝေးပြေး ရထားက ဝင်တိုက်ခဲ့တာ ဖြစ်ပါတယ်။

အရှေ့တောင်အာရှ ဒေသရဲ့ လူဦးရေ အများဆုံး နိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားမှာ သယ်ယူပို့ဆောင်ရေး မတော်တဆမှုတွေက အထူးအဆန်း မဟုတ်တော့ပါဘူး။ ရထားတွေ၊ ကားတွေ၊ လေယာဉ်တွေ၊ ရေယာဉ်တွေရဲ့ သက်တမ်းအိုဟောင်းမှုနဲ့ ပြုပြင်ထိန်းသိမ်းမှု အားနည်းချက်တွေနဲ့ တခြားအကြောင်းအရာတွေကြောင့် ဆိုးရွားတဲ့ မတော်တဆမှုတွေ ကြုံခဲ့ရပါတယ်။

၂၀၁၅ ခုနှစ်တုန်းက ဂျကာတာမှာ ရထားလမ်း၊ ကားလမ်းဆုံတဲ့ နေရာကို ဖြတ်မောင်းတဲ့ မီနီဘတ်စ်ကို ခရီးသည်တင် ရထားက တိုက်မိခဲ့ပြီး လူ ၁၆ ဦး အသက်ဆုံးရှုံးခဲ့ဖူးပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပထမဆုံး ပိုင်ဆိုင်ခွင့် ရလာမယ့် လေယာဉ်တင် သင်္ဘောကြီး ဆိုက်ရောက်လာမှုကို အင်ဒိုနီးရှားက ကြိုဆိုခဲ့ပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံမှာ ကူးတို့ရေယာဉ် တိမ်းမှောက်မှုကြောင့် အနည်းဆုံး ၆ ဦးသေပြီး ၁၃၀ လောက် ပျောက်ဆုံးနေကြောင်း သိရပါတယ်။

နိုင်ငံတကာ

မီးတောင်ချော်ပြာတွေကြောင့် ပိတ်ထားရတဲ့ နိုင်ငံရဲ့ အဓိက လေဆိပ်အပါအဝင် လေဆိပ်တချို့ကို အင်ဒိုနီးရှားမှာ ပြန်လည် ဖွင့်လှစ်ထားခဲ့ပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှား ရေတပ်ဆီ လွှဲပြောင်းပေးမယ့် လေယာဉ်တင် သင်္ဘောကြီးဟာ အခုအခါ အီတလီကနေ စတင် ထွက်ခွာလာနေပြီလို့ သိရပါတယ်။

Facebook