Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပိုလန်ကို တပ်အင်အား ၅၀၀၀ စေလွှတ်ပေးသွားမယ်လို့ ထရမ့်ပြော

ကနဦး အစီအစဉ်ကို ပြန်ပြင်ပြီး အမေရိကန်ဟာ ပိုလန်ဆီ တပ်ဖွဲ့ဝင် အင်အား ၅၀၀၀ လောက် ဖြန့်ကျက် စေလွှတ်သွားမယ်လို့ သိရပါတယ်။

ကနဦး အစီအစဉ်ကို ပြန်ပြင်ပြီး အမေရိကန်ဟာ ပိုလန်ဆီ တပ်ဖွဲ့ဝင် အင်အား ၅၀၀၀ လောက် ဖြန့်ကျက် စေလွှတ်သွားမယ်လို့ သိရပါတယ်။

အစောပိုင်းတုန်းက အမေရိကန်ရဲ့ ပင်တဂွန် စစ်ဌာနချုပ်ဟာ NATO မဟာမိတ် အဖွဲ့ဝင် ဥရောပ နိုင်ငံဆီကို တပ်အင်အား ၄၀၀၀ ဖြည့်တင်း ပို့ဆောင်မယ့် အစီအစဉ်ကို ပယ်ဖျက်ခဲ့ပါတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်လို့ NATO မဟာမိတ် အဖွဲ့ဝင် နိုင်ငံတွေဆီက ဝေဖန်မှုတွေလည်း ထွက်ပေါ်လာခဲ့ပါတ်ယ။

မေလ ၂၁ ရက်နေ့မှာတော့ ထရမ့်က ပိုလန်နိုင်ငံဆီ အမေရိကန် တပ်အင်အား ၅၀၀၀ ကို ထပ်မံ ပို့ဆောင်ပေးသွားမယ်လို့ လူမှုကွန်ရက် မီဒီယာ Truthမှာ ရေးသားထားခဲ့ပါတယ်။

အမေရိကန် အစိုးရနဲ့ ပိုလန် သမ္မတ ကာရိုလ် နော်ရော့စကီးတို့ကြား ဆက်ဆံရေးကို အကြောင်းပြုပြီး အခုလို ဆုံးဖြတ်ခဲ့တာလို့လည်း ထရမ့်က ဆိုပါတယ်။ ထရမ့်ဟာ ပြီးခဲ့တဲ့နှစ် ပိုလန် ရွေးကောက်ပွဲတုန်းက နော်ရော့စကီးကို ထောက်ခံခဲ့သူ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ပိုလန်ဆီ ပေးပို့မယ့် တပ်အင်အား ၅၀၀၀ ဆိုတာဟာ ကနဦး ဖျက်သိမ်းခဲ့တဲ့ အစီအစဉ်နဲ့ ဆက်စပ်သလား၊ ဒါမှမဟုတ် နောက်ထပ် အစီအစဉ်သစ်လား ဆိုတာကိုတော့ ထရမ့်က တိတိကျကျ ရှင်းမပြခဲ့ပါဘူး။

ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း အမေရိကန် အစိုးရဟာ ဥရောပ နိုင်ငံတွေမှာ ဖြန့်ကျက်ထားတဲ့ တပ်ဖွဲ့ဝင် အများအပြားကို ပြန်လည် ရုပ်သိမ်း ခေါ်ယူလိုကြောင်း သဘောထားမျိုးကို အထင်အရှား ပြသလာပါတယ်။ လဆန်းပိုင်းတုန်းလည်း အမေရိကန်ဟာ ဂျာမနီမှာ ရှိနေတဲ့ တပ်ဖွဲ့ဝင်တွေထဲက ၅၀၀၀ လောက်ကို နေရပ် ပြန်ခေါ်သွားမယ်လို့ ကြေညာခဲ့ပါတယ်။

အီရန်စစ်ပွဲကို အကြောင်းပြုပြီး ထရမ့်နဲ့ ဂျာမနီ အဓိပတိ ဖရိုင်းဒရစ်ချ် မားဇ်တို့ကြား လူသိရှင်ကြား တင်းမာမှုတွေ ဖြစ်ခဲ့တဲ့နောက် အမေရိကန်က အခုလို ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်ဟာ ဂျာမနီကနေ ရုပ်သိမ်းမယ့် တပ်တွေကို ပိုလန်ဆီ စေလွှတ်မှာလား၊ ဒါမှမဟုတ် တခြားယူနစ်တွေဆီကနေ ထုတ်နုတ်ယူမှာလား ဆိုတာကိုလည်း အတိအကျ မသိရသေးပါဘူး။

ထရမ့်က အီရန်စစ်ပွဲမှာ အီရန်အပေါ် စစ်ရေးအရ ဖိအားပေးဖို့ အမေရိကန်ရဲ့ တောင်းဆိုမှုကို ငြင်းဆန်ခဲ့တဲ့အတွက် NATO အဖွဲ့ဝင် ဥရောပ နိုင်ငံတွေအပေါ် လူသိရှင်ကြား ဝေဖန်ထားပါတယ်။

အမေရိကန်နဲ့ ဥရောပ မဟာမိတ်တွေကြား သဘောထား ကွဲလွဲမှုတွေ ရှိလာတဲ့နောက် ဥရောပ နိုင်ငံတွေရဲ့ နိုင်ငံခြားရေး ဝန်ကြီးတွေနဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မာကို ရူဘီရိုတို့က မေလ ၂၂ ရက်နေ့မှာ ဆွီဒင်နိုင်ငံမှာ တွေ့ဆုံကြဖို့ စီစဉ်ထားကြောင်းလည်း သိရပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန်ဟာ ဦးခေါင်းပိုင်းကို ဖြတ်တောက်ခံရမယ့် အခြေအနေကို ရှောင်လွှဲဖို့ နောက်ဆုံးတစ်ကြိမ်ပဲ အခွင့်အရေး ရတော့မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သတိပေး ပြောကြားလိုက်ပါတယ်။

သတင်း

အီရန်နဲ့ ဆွေးနွေးမှု အသစ်တွေကို ဩဂုတ် ၃ ရက်နေ့မှာ နောက်တစ်ကျော့ ပြန်စနိုင်ဖို့ ရည်ရွယ်ထားကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။

နိုင်ငံတကာ

အခြေအနေတွေ ပိုမိုတင်းမာလာရင် အမြန်ဆုံး ထွက်ခွာကြဖို့၊ ဒါမှမဟုတ် ထွက်ခွာနိုင်အောင် အသင့်ပြင်ထားဖို့ အရှေ့အလယ်ပိုင်း ဒေသတွင်း နိုင်ငံတွေမှာ ရှိနေတဲ့ အမေရိကန် နိုင်ငံသားတွေကို အမေရိကန် အစိုးရက တိုက်တွန်းခဲ့ပါတယ်။