Connect with us

Hi, what are you looking for?

နိုင်ငံတကာ

Green card လျှောက်ထားသူတွေကို မိခင်နိုင်ငံ အရင်ပြန်ခိုင်းဖို့ အမေရိကန် စီစဉ်

အမေရိကန်မှာ အမြဲတမ်း နေထိုင်ခွင့် (Green card)လျှောက်ထားတဲ့ နိုင်ငံခြားသားတွေ အနေနဲ့ မိခင်နိုင်ငံဆီ အရင်ပြန်ရမယ့် သတ်မှတ်ချက်မျိုး အမေရိကန် အစိုးရက ပြင်ဆင် ပြောင်းလဲလိုက်ပါတယ်။

အမေရိကန်မှာ အမြဲတမ်း နေထိုင်ခွင့် (Green card)လျှောက်ထားတဲ့ နိုင်ငံခြားသားတွေ အနေနဲ့ မိခင်နိုင်ငံဆီ အရင်ပြန်ရမယ့် သတ်မှတ်ချက်မျိုး အမေရိကန် အစိုးရက ပြင်ဆင် ပြောင်းလဲလိုက်ပါတယ်။

အမေရိကန် အစိုးရရဲ့ ပြည်တွင်း လုံခြုံရေး ဝန်ကြီးဌာန (DHS)ရဲ့ လက်အောက်ခံ အမေရိကန် နိုင်ငံသားနှင့် လူဝင်မှု ကြီးကြပ်ရေးဌာန (USCIS)က အဲဒီလို စည်းမျဉ်းပိုင်း အပြောင်းအလဲ သတ်မှတ်မယ့် အကြောင်းကို မေလ ၂၂ ရက်နေ့မှာ အသိပေးလာခဲ့တာ ဖြစ်ပါတယ်။

ဌာနရဲ့ မူဝါဒရေးရာ ညွှန်ကြားချက် အသစ်ထဲမှာ အဲဒီ လုပ်ထုံးလုပ်နည်း အပြောင်းအလဲ ပါရှိလာတာဖြစ်ပြီး သက်ဆိုင်ရာ အရာရှိ အသီးသီး အနေနဲ့ Green card လျှောက်ထားမှုတွေကို စိစစ် လက်ခံရာမှာ ကိစ္စ တစ်ခုချင်းစီကို သေချာ ဆန်းစစ်ဖို့လည်း လမ်းညွှန်ထားပါတယ်။

အမေရိကန်မှာ ဒေါ်နယ်လ်ထရမ့် ဒုတိယအကြိမ် သမ္မတ ဖြစ်လာကတည်းက လူဝင်မှု ကြီးကြပ်ရေး မူဝါဒတွေကို တင်းကျပ်ပြီး ရွှေ့ပြောင်းအခြေချမှုတွေကို ချိုးနှိမ်ဖို့ ကြိုးစားနေခဲ့တာ ဖြစ်ပါတယ်။ အမေရိကန်ရဲ့ Green card ထုတ်ပေးမှု မူဝါဒဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ အတွင်း အပြောင်းအလဲ မရှိခဲ့ရာက ထရမ့်လက်ထက်မှာ အခုလို အရွေ့မျိုးဆီ ဦးတည်လာတာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အသစ်သတ်မှတ်လိုက်တဲ့ အပြောင်းအလဲအရ Green card လျှောက်ထားသူဟာ မူလ လုပ်ထုံးလုပ်နည်းတွေအပြင် သူ့ရဲ့ မူရင်းနိုင်ငံဆီ ပြန်သွားပြီး သက်ဆိုင်ရာ နိုင်ငံရဲ့ အမေရိကန် သံရုံး၊ ဒါမှမဟုတ် ကောင်စစ်ဝန်ရုံးတွေမှာ အတည်ပြုချက် ရယူရမှာ ဖြစ်ပါတယ်။ အဲဒီအတွက် အမေရိကန်ကနေ တရားဝင် လမ်းကြောင်းကနေ ထွက်ခွာဖို့ လိုအပ်ပါတယ်။

မိခင်နိုင်ငံမှာရှိတဲ့ အမေရိကန် သံရုံး၊ ကောင်စစ်ဝန်ရုံးတွေမှာ ဆေးစစ်တာတွေ၊ ငွေကြေးပေးသွင်းတာတွေ၊ အင်တာဗျူး ဖြေကြားတာတွေ လုပ်ဆောင်ရမှာဖြစ်ပြီး အဲဒီအဆင့်တွေ ပြီးမှသာ Green card ထုတ်ပေးဖို့ သင့်မသင့် ဆိုတာကို USCISက အဆုံးအဖြတ် ပေးသွားမယ်လို့ သိရပါတယ်။

အမေရိကန်မှာ ခဏတဖြုတ်လောက် လာနေပြီး Green card လိုချင်တဲ့ တစ်နယ်သားတွေဟာ အခုတော့ ကိုယ့်နိုင်ငံ ကိုယ်ပြန်ပြီး လျှောက်လွှာတင်ရတော့မယ်လို့ USCISရဲ့ မိခင်ဌာနဖြစ်တဲ့ DHSက ပြောပါတယ်။ အခုလို ပြောင်းလဲလိုက်ခြင်းက အမေရိကန်ရဲ့ လူဝင်မှု ကြီးကြပ်ရေး စနစ်ကို ဥပဒေ စည်းမျဉ်းတွေနဲ့ ပိုမို ညီညွတ်သွားစေပြီး ယိုပေါက်တွေကို လျော့ပါးသွားစေလိမ့်မယ်လို့လည်း DHSက မှတ်ချက်ပေးထားပါတယ်။

လေ့လာသူတွေကတော့ ဒီအပြောင်းအလဲဟာ အမေရိကန်မှာ Green card လျှောက်ထားဖို့ ပြင်ဆင်နေတဲ့ ရွှေ့ပြောင်း အခြေချသူ ၁ သန်းကျော်လောက်အပေါ် သက်ရောက်မှု ရှိလာစေနိုင်ကြောင်း သုံးသပ်ကြပါတယ်။ ဒီကိစ္စဟာ Green card ထုတ်ပေးဖို့ နောက်ဆုံးအဆင့် စိစစ်မှု ရလဒ်ကို စောင့်နေသူတွေအပေါ် ဘယ်လို ရိုက်ခတ်မလဲ ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

USCISရဲ့ Green card မူဝါဒ အပြောင်းအလဲအပေါ် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေ၊ မူဝါဒဆိုင်ရာ ဥပဒေ ပညာရှင်တွေ၊ ရွှေ့ပြောင်းအခြေချမှု အကူအညီပေးရေး ရှေ့နေတွေက ဝေဖန်ရှုတ်ချထားကြပါတယ်။

နှစ်ဆန်းပိုင်းတုန်းက ထရမ့်ရဲ့ အစိုးရဟာ နိုင်ငံခြားသား အယောက် ၁ သိန်းကျော်အတွက် ဗီဇာခွင့်ပြုချက်တွေကို ပြန်လည် ရုပ်သိမ်းခဲ့ကြောင်းလည်း နိုင်ငံခြားရေး ဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။ အမေရိကန် အစိုးရဟာ ဒုက္ခသည်အဖြစ်၊ ဒါမှမဟုတ် အကာအကွယ်ပေးမှု အစီအမံတွေအောက်ကနေ ပြည်တွင်းမှာ ရောက်ရှိနေတဲ့ ရွှေ့ပြောင်း အခြေချသူတွေအပေါ် ရန်လိုမှုတွေကိုလည်း သိသိသာသာ ပြသလာခဲ့ပါတယ်။

ကိုးကား: Guardian

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ လက်ရွေးစင် အသင်း ကြုံတွေ့နေတဲ့ ကန့်သတ်ခံရမှုတွေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)ဆီ တရားဝင် အရေးဆိုသွားမယ်လို့ အီရန် ဘောလုံးအဖွဲ့ချုပ်က ပြောပါတယ်။

နိုင်ငံတကာ

ဆွစ်ဇာလန်မှာ အီရန် ကိုယ်စားလှယ်တွေနဲ့ သွားရောက်တွေ့ဆုံပြီး စစ်ပြေငြိမ်းရေး လုပ်ထုံးလုပ်နည်းဆိုင်ရာ သဘောတူညီမှုတွေအတွက် လက်မှတ်ရေးထိုးမယ့် ခရီးစဉ်ကို အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ်က ပယ်ဖျက်လိုက်ပါတယ်။

သတင်း

ပါရှန်း ပင်လယ်ကွေ့မှာ အီရန်ရေယာဉ်တွေကို တားဆီးဖို့ ဖြန့်ကျက်ထားတဲ့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန် စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်မှာ လမ်းပေါ် ပျက်ကျလာတဲ့ လေယာဉ်ထဲက ခရီးသည်တွေကို လမ်းသွားလမ်းလာတွေက ကြိုးကြိုးစားစား ကယ်ထုတ်ပေးခဲ့ကြပါတယ်။