Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မြို့လယ် လူဆင်းပေါက်တွေကနေ မြေအောက်ထဲ ဆင်းသွားသူတွေကြောင့် နယူးယောက် ရဲတပ်ဖွဲ့ ခေါင်းခြောက်နေ

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာ လမ်းတွေရဲ့ အောက်ဖက် ရေဆင်းပိုက်လိုင်းတွေဆီ ဆက်သွယ်ထားတဲ့ လူဆင်းပေါက် (mahole)တွေဆီ ဘယ်သူဘယ်ဝါမှန်း မသိသူတွေ အဝင်အထွက် လုပ်နေတဲ့ ကိစ္စကို ရဲတပ်ဖွဲ့က စုံစမ်းနေပါတယ်။

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာ လမ်းတွေရဲ့ အောက်ဖက် ရေဆင်းပိုက်လိုင်းတွေဆီ ဆက်သွယ်ထားတဲ့ လူဆင်းပေါက် (mahole)တွေဆီ ဘယ်သူဘယ်ဝါမှန်း မသိသူတွေ အဝင်အထွက် လုပ်နေတဲ့ ကိစ္စကို ရဲတပ်ဖွဲ့က စုံစမ်းနေပါတယ်။

လူမှုကွန်ရက်တွေပေါ် ပျံ့နှံ့လာတဲ့ ဗီဒီယိုတချို့မှာတော့ မြေအောက် ရေဆိုးစွန့်ပစ် စနစ်တွေဆီ ဆက်သွယ်ရာ အပေါက်တွေရဲ့ အဖုံးကို ဖွင့်ပြီး ခေါင်းဆောင်း ဓာတ်မီး၊ ဂေါ်ပြားစတာတွေ ယူဆောင်လာသူတွေ တစ်ယောက်ပြီး တစ်ယောက် ထွက်လာတာကို တွေ့ခဲ့ရပါတယ်။

အဲဒီဖြစ်စဉ်ဟာ တစ်ခုတည်း မဟုတ်ဘဲ အလားတူ အခြေအနေ တချို့ကို နယူးယောက် မြို့ရဲ့ ကွဲပြားတဲ့ အစိတ်အပိုင်းတွေမှာ တွေ့မြင်နေခဲ့ရတာ ဖြစ်ပါတယ်။ ထူးဆန်းပြီး အကြောင်းရင်း မသိရတဲ့ ဒီအပြုအမူနဲ့ ပတ်သက်ပြီး လုံခြုံရေး ရှုထောင့်ကနေ စိုးရိမ်သူတွေလည်း ရှိလာပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း နယူးယောက်ရဲ့ မြေအောက်ထဲကနေ လူတွေ ထွက်လာတာ၊ ဆင်းသက် ဝင်ရောက်သွားတာမျိုး ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ စတင်နေပြီလို့ ရဲတပ်ဖွဲ့က အတည်ပြုခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒီကိစ္စဟာ ပြည်သူလူထုအတွက် ခြိမ်းခြောက်မှု တစ်ခုခု မဖြစ်နိုင်တာ သေချာစေဖို့ ရဲတပ်ဖွဲ့က သေချာ စစ်ဆေးနေကြောင်း၊ ရေဆိုးပိုက်တွေထဲမှာ မသမာမှု တစ်ခုခုများ ရှိနေမလား ဆိုတာကို စစ်ဆေးကြည့်ဖို့အတွက် ကျွမ်းကျင် ပညာရှင်တွေကိုလည်း စေလွှတ်ခဲ့ကြောင်း၊ အခုထိတော့ မူမမှန်တာ ဘာတစ်ခုမှ မတွေ့ရသေးကြောင်းလည်း ရဲတွေက ပြောပါတယ်။

ဖြစ်စဉ်နဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပေမယ့် ဘယ်သူ့ကိုမှတော့ ဖမ်းဆီးမထားသေးပါဘူး။ ပြီးတော့ ဒီကိစ္စနဲ့ ဆက်စပ်ပြီး ထိခိုက်ဒဏ်ရာရမှု သတင်းမျိုးလည်း မကြားရသေးပါဘူး။

ခန့်မှန်းသီအိုရီ တစ်ခုကတော့ အဲဒီလူတွေဟာ တန်ဖိုးရှိတဲ့ ပစ္စည်းတွေ ထားသိုရာ နေရာတစ်ခုခုကို ဖောက်ထွင်းဖို့အတွက် ရေဆိုးပိုက်လိုင်း စနစ်ကနေ ဟာကွက်ရှာနေတယ် ဆိုတာဖြစ်ကြောင်း ဝါရင့် ရဲအရာရှိ တစ်ယောက်က ပြောပါတယ်။ ဒါပေမဲ့ အဲဒါက ထင်ကြေးသက်သက်ဖြစ်ပြီး လက်ဆုပ်လက်ကိုင် အတည်မပြုနိုင်သေးဘူးလို့လည်း သူက ဆိုပါတယ်။ တချို့ကလည်း ရာဇဝတ်မှု ကျူးလွန်ချင်တဲ့သူတွေဟာ နေ့ခင်းကြောင်တောင် လူမြင်ကွင်းကြီးမှာ အခုလိုမျိုး မြေအောက် ကျင်းပေါက်တွေဆီ အဝင်အထွက် လုပ်နေပါ့မလားလို့ ထောက်ပြကြပါတယ်။

မေလဆန်းလောက်ကစပြီး ရဲတွေဟာ မြို့ထဲက လမ်းတွေရဲ့ မြေအောက်ဆင်းတဲ့ အပေါက်တွေမှာ လူတွေ အဝင်အထွက် လုပ်နေကြောင်း ဖုန်းဆက် တိုင်ကြားမှု တချို့ကို လက်ခံ ရရှိလာခဲ့ပါတယ်။ မျက်မြင်တစ်ဦးကတော့ ထူးထူးဆန်းဆန်း ဝတ်စားထားသူ သုံးဦးဟာ သူ့အရှေ့မှာတင် လမ်းပေါ်က အပေါက်ရဲ့ အဖုံးကိုဖွင့်ပြီး လိင်နင်ဂျာတွေလိုမျိုး မြေအောက်ထဲ ဆင်းသွားတယ်လို့ ပြောပါတယ်။

သူတို့ထဲက တစ်ဦးဟာ သူနဲ့ အကြည့်ချင်း ဆုံမိခဲ့ကြောင်း၊ သူတို့ လုပ်နေတာတွေက မူမမှန်ကြောင်း၊ ခပ်မြန်မြန်ပဲ ကျင်းပေါက်ထဲ ဆင်းသွားကြပြီး အဖုံးကို ပြန်ပိတ်သွားကြကြောင်း၊ အဲဒီနေရာမှာ သူတို့တွေ ဘယ်တုန်းကမှ ရှိမနေဖူးသလို လက်စဖျောက်သွားကြကြောင်းလည်း အဲဒီ မျက်မြင်က ဆိုပါတယ်။

သီးခြားစီ ဖြစ်နေခဲ့တဲ့ အဲဒီ ကျင်းအဝင်အထွက် ကိစ္စတွေကြားမှာ ဆက်နွှယ် ပတ်သက်မှု ရှိသလား ဆိုတာကိုလည်း ရဲတွေက စုံစမ်းနေဆဲလို့ သိရပါတယ်။

ကိုးကား: Guardian

ဆက်စပ်သတင်းများ

သတင်း

ကုလသမဂ္ဂမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်တည်ရှိရေးအတွက် Global Action for Credential Campaign 2026 လှုပ်ရှားမှုအနေနဲ့ နယူးယောက်မြို့ UN ရုံးချုပ်ရှေ့မှာ မြန်မာပြည်ဖွားတိုင်းရင်းသားတွေရဲ့ လူ‌ထုထောက်ခံချီတက်ပွဲ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ကို တရုတ်သမ္မတ ရှီကျင့်ဖျင် လာရောက်လည်ပတ်တဲ့အခါ လေဆိပ်ထိ ဆင်းကြိုဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က စီစဉ်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဒိန်းမတ်ပိုင် ဂရင်းလန်ကျွန်းရဲ့ လုံခြုံရေးနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ ဒိန်းမတ် အစိုးရတို့ကြား ညှိနှိုင်း သဘောတူညီမှု ရရှိခဲ့ပြီလို့ အသီးသီး ကြေညာခဲ့ပါတယ်။

ဆောင်းပါး

စစ်အုပ်စုက နိုင်ငံတကာကအသိအမှတ်ပြုအောင် ကြိုးပမ်းနေချိန်မှာ အမေရိကန်မရိန်းတပ်သားဟောင်းတစ်ဦးကို လွှတ်ပေးဖို့ အမေရိကန်အရာရှိတွေမြန်မာကိုရှားရှားပါးပါး လာရောက်