Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အီရန် ဒရုန်းတွေနဲ့ ရေဒါစခန်းတွေကို အမေရိကန် တိုက်ခိုက်

အီရန်ရဲ့ ဒရုန်းတွေနဲ့ ရေဒါစခန်းတွေကို တိုက်ခိုက်ခဲ့ကြောင်း အမေရိကန် စစ်တပ်က ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ - US Navy

အီရန်ရဲ့ ဒရုန်းတွေနဲ့ ရေဒါစခန်းတွေကို တိုက်ခိုက်ခဲ့ကြောင်း အမေရိကန် စစ်တပ်က ပြောကြားခဲ့ပါတယ်။

ဇွန်လ ၅ ရက်နေ့တုန်းက ဟောမုဇ် ရေလက်ကြားဆီ ဦးတည် ပျံသန်းနေတဲ့ ဖောက်ခွဲရေး ဒရုန်း ၄ စီးကို ကြားဖြတ် ပစ်ချခဲ့တယ်လို့ အမေရိကန် စစ်ရေးကွပ်ကဲမှု ဗဟိုဌာန (CENTCOM)က ပြောပါတယ်။ အဲဒီ ဒရုန်းတွေဟာ ဒေသတွင်း အရပ်ဖက် ရေကြောင်း သွားလာရေးကို အကြီးအကျယ် ခြိမ်းခြောက်ခဲ့တယ်လို့လည်း CENTCOMက စွပ်စွဲခဲ့ပါတယ်။

ဒါ့အပြင် အမေရိကန်ဟာ ဂိုရက်ခ်နဲ့ ကက်ရှမ် ကျွန်းတွေမှာ ရှိနေတဲ့ ရုရှားရဲ့ ကမ်းရိုးတန်း ရေဒါစခန်းတွေကိုလည်း တိုက်ခိုက် ဖျက်ဆီးခဲ့တယ်လို့ CENTCOMက အတည်ပြုပါတယ်။ ရည်ရွယ်ချက်ကတော့ အီရန်ရဲ့ နောက်ထပ် ပုံစံတူ တိုက်ခိုက်မှုတွေ ထပ်ဖြစ်မလာအောင် တားဆီးဖို့လို့ ဆိုပါတယ်။

အီရန်နဲ့ အမေရိကန်တို့ဟာ အပစ်အခတ် ရပ်စဲထားပေမယ့် ပြီးခဲ့တဲ့ ရက်ပိုင်းတွေမှာ အပြန်အလှန် ပစ်မှတ်ထား တိုက်ခိုက်မှုတချို့ ရှိခဲ့ပါတယ်။ အခုနောက်ဆုံး ဖြစ်စဉ်နဲ့ ပတ်သက်လို့ အီရန်ဖက်ကတော့ ဘာမှ မထုတ်ပြန်သေးပါဘူး။

Public Service Announcement

Public Service Announcement

အခုသီတင်းပတ် အစောပိုင်းတုန်းက အီရန်ဟာ အမေရိကန်ရဲ့ ဒေသတွင်း မဟာမိတ် နိုင်ငံတစ်ခုဖြစ်တဲ့ ကူဝိတ်ကို ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့ပြီး နိုင်ငံတကာ လေဆိပ်ကို ထိမှန်ရာက အိန္ဒိယနိုင်ငံသားတစ်ဦး သေဆုံးခဲ့ပါတယ်။ ဒါပေမဲ့ အီရန် အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ်ကတော့ အဲဒီဖြစ်စဉ်ဟာ အီရန်ဒရုန်းကြောင့် မဟုတ်ဘဲ အမေရိကန်ရဲ့ Patriot လေကြောင်းကာကွယ်ရေး ဒုံးကျည်တစ်စင်း ပျက်ကျခဲ့တာသာ ဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။

နှစ်ဖက်ကြားမှာ အခုလို စစ်ရေးတင်းမာမှုတွေ မြင့်တက်လာနေခြင်းကြောင့်လည်း ဧပြီ ၈ ရက်နေ့က ကတည်းက စတင်ခဲ့တဲ့ အပစ်ရပ် သဘောတူညီမှု ဆက်လက် တည်တံ့ရေးက စိုးရိမ်စရာတွေ ဖြစ်လာပါတယ်။

အမေရိကန်နဲ့ အီရန်တို့ဟာ စစ်ပြေငြိမ်းရေးအတွက် ဆက်တိုက် ဆွေးနွေးနေပေမယ့် လက်ရှိ အချိန်ထိတော့ သဘောတူညီမှု တစ်ခုခုရဖို့ အခြေအနေတွေ သိသိသာသာ တိုးတက်လာတာမျိုး မရှိသေးပါဘူး။

ကိုးကား: BBC

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ စစ်တပ်ရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် ခြောက်လသားအရွယ် ကလေးငယ်အပါအ၀င် အရပ်သား ၅ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်‌တချို့က ပြောပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြား ပြန်ဖွင့်နိုင်ရေးအတွက် အီရန်နဲ့ သဘောတူညီမှု တစ်ခုကို ရက်ပိုင်းအတွင်း ရယူနိုင်ဖို့ အမေရိကန်က မျှော်လင့်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

အီရန်ဟာ ဦးခေါင်းပိုင်းကို ဖြတ်တောက်ခံရမယ့် အခြေအနေကို ရှောင်လွှဲဖို့ နောက်ဆုံးတစ်ကြိမ်ပဲ အခွင့်အရေး ရတော့မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သတိပေး ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

လူစည်ကားရာ အပန်း‌ဖြေ ကမ်းခြေတစ်ခုကို ယူကရိန်းက ဒရန်းနဲ့ တိုက်ခိုက်လို့ ကလေးတွေ အပါအဝင် လူ ၇ ဦး သေဆုံးခဲ့ကြောင်း ရုရှားရဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေက စွပ်စွဲ ပြောကြားခဲ့ပါတယ်။