Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ငွေကြေး ဖောင်းပွတာကို သဘောကျတယ်လို့ ထရမ့်ပြော

ငွေကြေးဖောင်းပွပြီး ကုန်စျေးနှုန်းတွေ တက်နေတာကို သူတော့ သဘောကျတယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားလိုက်ပါတယ်။

ဓာတ်ပုံ - AFP

ငွေကြေးဖောင်းပွပြီး ကုန်စျေးနှုန်းတွေ တက်နေတာကို သူတော့ သဘောကျတယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားလိုက်ပါတယ်။

အမေရိကန်မှာ ပြီးခဲ့တဲ့လက ကုန်စျေးနှုန်း မြင့်တက်မှုဟာ ၃ နှစ်တာအတွင်း အမြင့်ဆုံးမြန်နှုန်းထိ ရောက်ရှိခဲ့ပါတယ်။ အလုပ်သမား အချက်အလက်ဆိုင်ရာ ဗျူရို (BLS)ရဲ့ ကိန်းဂဏန်းတွေအရ မေလရဲ့ ငွေကြေးဖောင်းပွနှုန်းဟာ မနှစ်က အလားတူ ကာလထက် ၄.၂ ရာခိုင်နှုန်း ပိုများခဲ့ပါတယ်။ ဧပြီလမှာ ၃.၈ ရာခိုင်နှုန်း ရှိခဲ့ရာက အီရန်စစ်ပွဲကြောင့် အခုလို ပိုပြီးမြန်ဆန်တဲ့ ဖောင်းပွနှုန်းမျိုးဆီ တွန်းပို့ခဲ့တာပါ။

ငွေကြေးဖောင်းပွမှုတွေ၊ ကုန်စျေးနှုန်း မြင့်တက်မှုတွေနဲ့ ပတ်သက်ပြီး အိမ်ဖြူတော်မှာတေ့ ထရမ့်က သူသဘောကျကြောင်း၊ ကိန်းဂဏန်းတွေက ကောင်းမွန်နေကြောင်း၊ တကယ်တမ်းဆိုရင် ငွေကြေးဖောင်းပွမှုကို သူသဘောကျနေကြောင်း ထရမ့်က ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ အီရန်စစ်ပွဲ ပြီးဆုံးသွားတဲ့ အချိန်ကျရင်တော့ လက်ရှိ မြင့်တက်နေတဲ့ ကုန်စျေးနှုန်းတွေဟာ လေထဲ မြှောက်ထားတဲ့ ခဲလုံးလို အရှိန်နဲ့ ပြန်ကျလာလိမ့်မယ်လို့လည်း ထရမ့်က ဇွန်လ ၁၀ ရက်နေ့မှာ ကတိပေးခဲ့ပါတယ်။ အဲဒီလို ပြောပြီးတဲ့နောက် ညပိုင်းမှာပဲ အမေရိကန်ဟာ အီရန်က စစ်ရေးပစ်မှတ်တွေကို ဗုံးကြဲ တိုက်ခိုက်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ထရမ့်က အမေရိကန် တပ်တွေဟာ အီရန်ဆီကနေ ရေနံစိမ်း သန်းနဲ့ချီပြီး ထုတ်ယူသယ်ဆောင်တဲ့ ညပိုင်းအချိန် စစ်ဆင်ရေးတွေကို လုပ်ဆောင်ခဲ့ကြောင်း၊ အကျိုးဆက်အဖြစ် လောင်စာဆီစျေးတွေ အထိုက်အလျောက် ကျဆင်းစေခဲ့ကြောင်းလည်း ထရမ့်က ဆိုပါတယ်။

လက်ရှိ စစ်ရေးပဋိပက္ခ အဆုံးသတ်သွားရင်တော့ စစ်ပွဲ မတိုင်ခင်တုန်းကထက်တောင် ဆီစျေးတွေ ပိုကျလာတာကို မြင်ရစေမယ်လို့လည်း ထရမ့်က မှတ်ချက်ပေးခဲ့ပါတယ်။ နှစ်ဆန်းပိုင်းလောက်တုန်းက အိုင်အိုဝါမှာ ဓာတ်ဆီ တစ်ဂါလံကို ၁.၈၅ ဒေါ်လာနဲ့ ရောင်းချနေတာ မြင်ခဲ့ရဖူးပြီး မကြာခင် အဲဒီအနေအထားကို ပြန်ရောက်လာစေမယ်လို့လည်း သူက ဆက်ပြောပါတယ်။

အမေရိကန်ရဲ့ သုံးစွဲသူ စျေးနှုန်းညွှန်ကိန်း (CPI)မှာတော့ သုံးလဆက်တိုက် ကုန်စျေးနှုန်းတွေ မြင့်တက်ကြောင်း ညွှန်ပြနေပြီး အိမ်ထောင်စုပေါင်း မြောက်မြားစွာဟာ စစ်ပွဲရဲ့ နောက်ဆက်တွဲ ရိုက်ခတ်မှု ဂယက်တွေကို သက်ရောက် ခံစားနေရတယ်လို့ သိရပါတယ်။

အရင်ကလည်း ထရမ့်က ကုန်စျေးနှုန်းတွေ တက်နေတာက ကောက်ရိုးမီး ပြဿနာသာဖြစ်ပြီး စစ်ပွဲ ပြီးဆုံးတာနဲ့ ပြန်ပြေလည်သွားမှာပါလို့ ပြောဆိုခဲ့ဖူးပါတယ်။

ငွေကြေးဖောင်းပွမှု နှုန်းတွေက တက်လာနေပေမယ့်လည်း ထရမ့်မတိုင်ခင် သမ္မတ ဂျိုးဘိုင်ဒန် လက်ထက်တုန်းက အမြင့်ဆုံး ကြုံခဲ့ဖူးတဲ့ အဆင့်မျိုးထိတော့ မရောက်သေးပါဘူး။ ၂၀၂၂ နှစ်လယ်လောက်တုန်းက အမေရိကန်ဟာ ငွေကြေးဖောင်းပွနှုန်း ၉.၁ ရာခိုင်နှုန်းထိ ထိုးတက်သွားတဲ့ အခြေအနေနဲ့ ရင်ဆိုင်ခဲ့ရဖူးပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဉာဏ်ရည်တု နည်းပညာ (AI)ကို စူပါဉာဏ်ရည် (SI)လို့ နာမည်ပြောင်းလဲ သတ်မှတ်တဲ့ အမိန့်တစ်ရပ်ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က လက်မှတ်ရေးထိုးခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ထုတ် စစ်လက်နက်တွေ ဝယ်ချင်သလားလို့ တရုတ် သမ္မတ ရှီကျင့်ဖျင်ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က မေးမြန်းခဲ့တယ်လို့ သိရပါတယ်။

နိုင်ငံတကာ

အီရန်ဖက်က ကနဦး ချဉ်းကပ် ကမ်းလှမ်းမှု တစ်ခုကို ပယ်ချထားပေမယ့် နှစ်ဖက်ကြား သဘောတူညီမှု တစ်ခုခု ရယူနိုင်မယ်လို့ ယုံကြည်ထားဆဲဖြစ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်နိုင်ငံ ခရီးစဉ် ပြီးဆုံးတဲ့နောက် တရုတ် သမ္မတ ရှီကျင့်ဖျင်ဟာ စက်တင်ဘာ ၂၅ ရက် ညနေပိုင်းမှာ ပြန်လည် ထွက်ခွာခဲ့ကြောင်း တရုတ် အစိုးရ မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

Facebook